အယ်နီညိုရှိတာကြောင့် အိန္ဒိယမိုးရေချိန် ပုံမှန်ထက်လျော့နည်းနိုင်

20/04/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အာရှတိုက်ကို ခြောက်သွေ့ရာသီ ဖြစ်ပေါ်စေတတ်တဲ့ အယ်နီညိုရာသီဥတုပုံစံ ဒီနှစ်ထဲမှာ ပေါ်ပေါက်နိုင်တာကြောင့် အိန္ဒိယနိုင်ငံရဲ့  ၂၀၂၃ ခုနှစ် မုတ်သုံမိုးရေချိန်ဟာ ပုံမှန်ထက် လျော့နည်းနိုင်ခြေရှိတယ်လို့ အိန္ဒိယပုဂ္ဂလိက မိုးလေဝသခန့်မှန်းရေးအဖွဲ့ Skymet က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

"အယ်နီညိုရာသီဥတု ဖြစ်နိုင်ခြေက မြင့်တက်လာနေတယ်။ မုတ်သုံကာလအတွင်း အယ်နီညို အားကောင်းတဲ့အဆင့် ဖြစ်လာနိုင်ခြေကလည်း ကြီးမားနေတယ်။ ခုလိုမျိုး အယ်နီညိုရာသီဥတု ပြန်လာခြင်းဟာ မုတ်သုံအားပျော့မယ့်နိမိတ် ဖြစ်ပါတယ်" လို့ Skymet ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး Jatin Singh က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အိန္ဒိယနိုင်ငံ ယခုနှစ် မုတ်သုံမိုးရွာသွန်းမှုဟာ ကာလရှည်ပျမ်းမျှရဲ့ ၉၄ ရာခိုင်နှုန်းသာရှိမယ်လို့ Skymet က ထုတ်ပြန်ပြီး မုတ်သုံမိုးရေချိန်လျော့နည်းမယ်ဆိုတဲ့ အစောပိုင်းခန့်မှန်းချက်ကို ဆက်လက်စွဲကိုင်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ နှစ်တစ်နှစ်ရဲ့ ပုံမှန်မိုးရေချိန် သတ်မှတ်တဲ့အခါ ဇွန်လက အစပြုတဲ့ မုတ်သုံလေးလအတွင်း ရွာသွန်းမိုးရေချိန်ကို ဆန်းစစ်ပါတယ်။ လေးလတာ မိုးရွာသွန်းမှုဟာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ပျမ်းမျှမိုးရေချိန် (၃၅ လက်မ) ရဲ့ ၉၆ ရာခိုင်နှုန်းကနေ ၁၀၄ ရာခိုင်နှုန်းကြား ရှိမယ်ဆိုရင် ပုံမှန်မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။

အစိုးရလက်အောက်ခံ အိန္ဒိယမိုးလေဝသဌာန (IMD) ကလည်း တစ်နှစ်တာ မုတ်သုံမိုးရေချိန်ခန့်မှန်းချက်ကို မကြာခင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။

အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးမြေအားလုံးအနက် သွင်းရေ မရရှိတဲ့ မြေယာ ထက်ဝက်နီးပါးဟာ ဇွန်-စက်တင်ဘာ မိုးကာလအတွင်း ရွာသွန်းမှုကို မှီခိုရပြီး စပါး၊ ဂျုံ၊ ကြံ၊ ဝါ၊ ပဲပုပ် စတဲ့ သီးနှံတွေကို စိုက်ပျိုးကြရပါတယ်။

Skymet အဖွဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ မိုးရေချိန်နိမ့်ကျမှု ပိုကြုံရနိုင်ခြေရှိကြောင်း ခန့်မှန်းထားပါတယ်။

အိန္ဒိယမြောက်ပိုင်း စိုက်ပျိုးရေးဒေသကြီးတွေ ဖြစ်တဲ့ ပန်ဂျက်၊ ဟာယာနာ၊ ရာဂျာစသန်နဲ့ ဥတ္တရဒေသပြည်နယ်တွေဟာ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပုံမှန်ထက်လျော့နည်းတဲ့ မိုးရေချိန်ကို ရရှိနိုင်တယ်လို့ Skymet က ထုတ်ပြန်ပါတယ်။

ခုတလော အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ မိုးသီးကြွေတာတွေကြောင့် အိန္ဒိယမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်းလွင်ပြင်ဒေသတွေမှာ ဂျုံလို ဆောင်းစိုက်သီးနှံတွေ ရင့်မှည့်ဆဲဆဲ ထိခိုက်ပျက်စီးခဲ့ရပြီး တောင်သူ‌ထောင်ပေါင်းများစွာ အရှုံးနဲ့ ရင်ဆိုင်ရကာ စားသောက်ကုန်ဈေးတွေ ထပ်မံမြင့်တက်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့ရာသီဥတုဟာ လာနီညာကနေ ကြားအခြေအနေ(Neutral) ကို ပြောင်းနေချိန်ဖြစ်ပြီး အိန္ဒိယ ဒေသတစ်ခုလုံးနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး တစ်ခုလုံးမှာ အပူချိန်မြင့်တက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒီ Neutral ကာလတိုအပြီးမှာ အယ်နီညိုရာသီဥတု ဖြစ်ဖို့ရှိနေတာ လို့လည်း သိရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India likely to get "below normal" monsoon rains in 2023 - Skymet - Reuters


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်