အိန္ဒိယတွင် မိုးခေါင်မှုကြောင့် ဧက ၉၈ သိန်းကျော် စပါးမစိုက်နိုင်

11/08/2022 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိန္ဒိယမှာ အခုမုတ်သုံရာသီအတွင်း မိုးခေါင်နေတာကြောင့် ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် မိုးစပါးစိုက်ဧရိယာ ၁၃ ရာခိုင်နှုန်း (ဧက ၉၈ သိန်းကျော်) မှာ စပါး မစိုက်ပျိုးနိုင်သေးဘူးလို့  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခု ဩဂုတ်လ ၅ ရက်အထိ စပါးမစိုက်ပျိုးနိုင်သေးတဲ့ လယ်ယာမြေတွေနဲ့ပတ်သက်လို့ ယခင်နှစ်ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ပြောကြားတာပါ။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဩဂုတ် ၅ ရက်အထိ အခြေအနေမှာ မိုးစပါးစိုက်ဧရိယာအနေနဲ့ ၃၁၄.၁၄ သိန်းဟက်တာ (ဧက ၇၇၅.၉ သိန်းကျော်) ရှိခဲ့ပေမယ့် အခုနှစ် ကာလတူအခြေအနေမှာတော့ ၂၇၄.၃ သိန်းဟက်တာ (ဧက ၆၇၇.၅ သိန်းကျော်) သာ စိုက်ပျိုးပြီးစီးသေးတာပါ။ ဒီတော့ စိုက်ဧက ၉၈ သိန်းကျော် စပါးမစိုက်နိုင်သေးတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့စပါးစိုက်ပျိုးမှုအများဆုံးပြည်နယ်တွေဖြစ်တဲ့ အနောက်ဘင်ဂေါ၊ ဂျာခန်း၊ ဘီဟာ၊ ချဟတ်တစ်ဂါ့ရှ်၊ အူတာပရာဒက်ရှ်၊ မက်ဟာမရာဒက်ရှ်၊ အိုဒီရှာနဲ့ တေလန်ဂါနာ ပြည်နယ်တွေရဲ့ စပါးစိုက်ပျိုးမှုလျော့ကျသွားတဲ့ ပမာဏကို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အိန္ဒိယမှာ မိုးခေါင်မှုဟာ ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ဩဂုတ် ၈ ရက်ထိ မိုးလေဝသအချက်အလက်တွေအရ အနောက်အူတာပရာဒက်ရှ်မှာ ၃၆ ရာခိုင်နှုန်း၊ အရှေ့အူတာပရာဒက်ရှ်မှာ ၄၃ ရာခိုင်နှုန်း၊ ဘီဟာနဲ့ ဂျာခန်းမှာ ၃၈ ရာခိုင်နှုန်းနဲ့ ၄၅ ရာခိုင်နှုန်း၊ အနောက်ဘင်ဂေါမှာ ၄၆ ရာခိုင်နှုန်း စသဖြင့် ပုံမှန်မိုးရွာသွန်းမှုအောက် အသီးသီးလျော့ကျနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ဆန်တင်ပို့မှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းထိ ရရှိထားတာပါ။ ဒါကြောင့် အခုလို အိန္ဒိယမှာ စပါးစိုက်ဧရိယာတွေ လျော့ကျသွားတာပါ ကမ္ဘာ့ဆန်ကုန်သွယ်ရေးကိုပါ ထိခိုက်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဆန်အထွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ အာရှဆန်တင်ပို့နိုင်ငံတွေမှာ ထူးထူးခြားခြား ဆိုးရွားတဲ့ ရာသီဥတုကို ကြုံနေရတာကြောင့် ဆန်ဈေးအပြောင်းအလဲတွေ ဖြစ်လာဖို့ရှိတယ်လို့ ဆန်ကုန်သည်နဲ့ ဈေးကွက်စောင့်ကြည့်သူတွေကလည်း ပြောထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်