အိန္ဒိယ ပြည်ပတင်ပို့ဆန်ဈေး မြင့်တက်

02/09/2022 15:18 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဆန်တင်ပို့မှုထိပ်သီးနိုင်ငံ အိန္ဒိယရဲ့ ယခုအပတ် ဆန်ဈေးနှုန်းတွေဟာ တစ်နှစ်ကျော်အတွင်း အမြင့်ဆုံးထိ ‌ရောက်ရှိသွားခဲ့ပါတယ်။

အိန္ဒိယက ဆန်အမျိုးအစားတစ်ချို့အပေါ် တင်ပို့မှု ကန့်သတ်လာမလား စိုးရိမ်ချက်ကြောင့် အိန္ဒိယဆန် ဝယ်လိုအား ကောင်းခဲ့ပြီး ဈေးတက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ငါးမှတ်ပေါင်းဆန်ဈေးဟာ အရင်အပတ်က တစ်တန်ကို ၃၆၆-၃၇၂ ဒေါ်လာကြား ရပ်တည်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၀၂၁ ဇွန်လနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ တစ်တန်ကို ၃၇၉-၃၈၉ ဒေါ်လာကြားထိ ရောက်ရှိလာပါတယ်။ အိန္ဒိယဆန်ဈေး မြင့်တက်မှုဟာ သုံးပတ်ဆက် ရှိလာပါပြီ။

အိန္ဒိယပေါင်းဆန်ဈေးဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်ဝယ်ယူရေးတင်ဒါတစ်ခုကြောင့် မြင့်တက်လာတာလို့ အိန္ဒိယရဲ့ အကြီးဆုံးဆန်တင်ပို့လုပ်ငန်း Satyam Balajee ရဲ့ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ သီးနှံပျက်စီးမှုကြောင့် ယခုနှစ်အတွင်း ဆန်ပမာဏအများအပြား တင်သွင်းဖို့ လိုအပ်နေတာပါ။

တစ်ချိန်တည်းမှာပဲ အိန္ဒိယမှာလည်း မိုးနည်းကာ စပါးစိုက်ဧရိယာ ကျဆင်းခဲ့တာကြောင့် ဆန်ကွဲတင်ပို့မှုအပေါ် ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ အစိုးရတာဝန်ရှိသူနဲ့ ဆန်လုပ်ငန်းလုပ်ကိုင်နေသူတွေက ရိုက်တာသတင်းဌာနကို သောကြာနေ့က ပြောပါတယ်။

ဆန်ဖြူကတော့ ရောင်းကုန် ပေါများနေတာကြောင့် ဈေးနှုန်းတည်ငြိမ်နေတယ်လို့ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသပြည်နယ် ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အရန်ဆန်ဖြည့်တင်းပြီး ပြည်တွင်းဆန်ဈေး ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေရချိန် ဆန်တန်ချိန် ၃၃၀၀၀၀ တင်သွင်းရေးအတွက် ဗီယက်နမ်၊ အိန္ဒိယတို့နဲ့ အရောင်းအဝယ်စာချုပ်တွေ အပြီးသတ် ချုပ်ဆိုနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ ငါးမှတ်ဆန်ဈေးဟာ အရင်အပတ်က တစ်တန်ကို ၄၁၆-၄၂၀ ဒေါ်လာကြား ရှိခဲ့ရာကနေ အနည်းငယ် ကျဆင်းကာ ၄၁၅-၄၁၆ ဒေါ်လာကြား ရောက်ရှိလာပါတယ်။

ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ယောက်တော့ ငွေလဲနှုန်း ပြောင်းလဲလာလို့ ဆန်ဈေးကျလာတာလို့ ပြောပါတယ်။

"မိုးတွင်းဆိုတော့ ဝယ်လက်တွေကတော့ သိပ်ပြီး သွက်သွက်လက်လက် မရှိပါဘူး။ သီးနှံထုတ်လုပ်ရေးပိုင်းပဲ များနေတာကြောင့်ပါ" လို့ ထိုင်းကုန်သည်က ပြောပါတယ်။ တက်လာတဲ့ ဆန်မှာယူမှုတစ်ချို့ဟာ အရှေ့အလယ်ပိုင်းဒေသဘက်က ဖြစ်ပြီး ပမာဏမများဘူးလို့ ၎င်းက ပြောပါတယ်။

တခြားကုန်သည်တစ်ယောက်ကတော့ ပေါင်းဆန်အတွက် အာဖရိကဘက်ကနေ အော်ဒါတွေ တက်နေကြောင်းနဲ့ ဆန်ဖြူဝယ်လိုအားက ပုံမှန်သာ ရှိကြောင်း ပြောပါတယ်။

ဘတ်ငွေဈေးကျတာ၊ သင်္ဘောတင်ကုန်ပို့‌စရိတ် သက်သာလာတာနဲ့ မိုးကောင်းလို့ စပါးအထွက်ကောင်းတာတွေကြောင့် ထိုင်းဆန်တင်ပို့မှုဟာ မျှော်မှန်းချက်ဖြစ်တဲ့ တန်ချိန် ခုနစ်သန်းနဲ့ ခုနစ်သန်းခွဲကြား ပြည့်မီနိုင်တယ်လို့ သူက ပြောပါတယ်။

ဗီယက်နမ်မှာတော့ အမျိုးသားနေ့အားလပ်ရက်ကြောင့် ဈေးတွေ ပိတ်ထားဆဲဖြစ်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: INDIAN RATES JUMP ON SOUND DEMAND AMID CONCERN OVER POSSIBLE EXPORT CURBS - 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်