နိုင်ငံတကာလက်ဖက်ပွဲတော်မှာ ပါဝင်ပြသနိုင်ရန် တအောင်းနဲ့ပလောင်လက်ဖက်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

24/01/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နောက်လမှာကျင်းပသွားမယ် နိုင်ငံတကာလက်ဖက်ပွဲတော်မှာ ပါဝင်ပြသနိုင်ဖို့အတွက် တအောင်းနဲ့ ပလောင်လက်ဖက်လုပ်ငန်းရှင်များကို ဖိတ်ခေါ်နေကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

အဆိုပါပြပွဲမှာ ပါဝင်ပြသနိုင်ဖို့အတွက် မန္တလေး အခြေစိုက်ပလောင်လက်ဖက်အသင်းမှ တအောင်းနဲ့ ပလောင်လက်ဖက်လုပ်ငန်းရှင်များ လက်ဖက်ကုန်ချောများကို ပြသနိုင်ဖို့အတွက် ဖိတ်ခေါ်တာဖြစ် ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦး ဇော်ညွှန့်ကပြောပါတယ်။

တအောင်းနဲ့ပလောင်ကလက်ဖက်လုပ်ငန်းရှင်တွေ လုပ်ငန်းအကြီးအသေးမရွေး စိတ်ဝင်စားလိုလာ ရောက်ပြသချင်တယ်ဆိုဆက်သွယ်နိုင်ပါတယ်။ လက်ဖက်ကုန်သည်ကြီးများနဲ့အဆက်အသွယ်ရရှိပြီးတော့ အတွေ့အကြုံများရရှိစေဖို့အတွက်ရည်ရွယ်တာပါ

မြန်မာနိုင်ငံလက်ဖက်အသင်းမှ ဦးစီးကာ နိုင်ငံတကာလက်ဖက်ပြပွဲကို ဖေဖေါ်ဝါရီလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

တအောင်းဒေသမှ ထွက်ရှိတဲ့လက်ဖက်များကိုလည်း အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန် အခုနှစ်အတွင်း မှာ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်