အရည်ရွှမ်းပြီး ဆေးဖက်ဝင်တဲ့ သလဲသီး

22/05/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သလဲသီးသည် အရည်ရွှမ်းပြီး နှစ်သက်ဖွယ်ကောင်းသော ချဥ်ဖြုံဖြုံအရသာနှင့် ပြည့်စုံသော အသီးတစ်မျိုးဖြစ်သည်။ သလဲပင်ကို ချုံပင်အနေနှင့် လည်းကောင်း၊ အပင်အနေနှင့်လည်းကောင်း တွေ့ရသည်။ သလဲပင်သည် ရာသီအလိုက်အရွက်ကြွေသော အပင်(သို့)ချုံပင် ဖြစ်သည်။ အမြင့် (၁၅-၂၅)ပေ ထိရှိကြသည်။ အလျား()လက်မခန့်ရှိသည်။

သလဲသီးသည် အရွယ်အားဖြင့် လိမ္မော်သီးမျှသာရှိသည်။ သို့သော် လိမ္မော်သီးထက် အလုံးထွားသည်ကိုသာ အများအားဖြင့် တွေ့ရသည်။ အချင်း(-)လက်မထိရှိ၍ ထင်ရှားသော အမြှောင်း()မြှောင်း ပါရှိသည်။ အခွံသည် မာ၍ ချောမွတ်သည့်အပြင် အဝါ၊ အနီနှင့် ရွှေဖလားရောင်ဟူ၍ အရောင်အမျိုးမျိုးရှိကြသည်။ သလဲသီးအတွင်း၌ အခန်းအများအပြားရှိသည်။ ထိုအခန်းများ၌ အနားများရှိသည့် ရှည်လျားလျားအစေ့များစွာ ပါရှိသည်။ ထိုအစေ့များကို အနီရောင်ရှိသည့် အပေါ်ယံအသားများက ဖုံးနေသည်။ ထိုအပေါ်ယံ အသား၏ အရောင်မှာ အဖြူရောင်လည်း ဖြစ်နိုင်ပါသည်။

သလဲပင်သည် မူလက ချုံပင်မျှသာ ဖြစ်သော်လည်း လူတို့ပြုပြင်စိုက်ပျိုးသဖြင့် (၁၅-၂၅)ပေအထိ မြင့်သော အပင်ဖြစ်လာသည်။ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ နိုင်ငံများတွင်လည်း သလဲပင်ကို စိုက်ပျိုးကြသည်။ နုန်းမြေထူထပ်သည့် မြေဆီလွှာတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယမှတစ်ဆင့် ပျံ့ပွားလာရာ ရှမ်းကုန်းပြင်မြင့်၊ မိုးခေါင်ရေရှားရပ်ဝန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ အချို့ဒေသများတွင်လည်း ခြံဥယျာဥ်၌ စိုက်ပျိုးကြသည်။ သလဲသီးတွင် ပါရှိသည့် အစေ့များကို ဖုံးအုပ်နေသော အပေါ်ယံအသားသည် အရသာရှိသော်လည်း ပါးလွှာသောကြောင့် ယခုအခါသလဲသီးကို အသီးမှည့်အတိုင်းစားသုံးခြင်းနည်းပါးလာပြီး သလဲသီးမှ အရည်ကို ညှစ်ယူ၍ ဖျော်ရည်ပြုလုပ်ကြပါသည်။ သလဲသီးမှာ အရည်ရွှမ်းပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါသည်။

အီရန်နိုင်ငံတွင် သလဲသီး၏ အပေါ်ယံအသားကို ဝိုင်အရက်ချက်လုပ်ရာတွင် အသုံးပြုကြသည်။ သလဲသီးအခွံ၊ အပင်၏ အခေါက်နှင့် အမြစ်တို့မှ သားရေနယ်ရာ၌ အသုံးချနိုင်သော ဖန်ရည်ကို ထုတ်ယူကြသည်။ ထိုဖန်ရည်ကို ဘယဆေးဖေါ်စပ်ရာ၌လည်း အသုံးချသည်။

ကျန်းမာရေး၏ သလဲသီးအသုံးဝင်ပုံ

သလဲသီးမှာ သဘာဝအလျောက် ဆေးဖက်ဝင်နေသော အသီးဖြစ်ပါသည်။ Vitamic- C, Vitamic- K, Thiamin, Folate, Antioxidants, Dietary Fiber အစရှိသည့် ဆေးဖက်ဝင် အာဟာရဓါတ်များစွာ ပါဝင်ပါသည်။

။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

သလဲသီးတွင် Antioxidantsနှင့် Polyphenols များ တွေ့ရှိရပြီး ကင်ဆာဖြစ်စေခြင်းကို ကာကွယ်ပေးပါသည်။ ထိုအသီး၏ အားသာချက်မှာ ကင်ဆာဖြစ်စေမည့် ဆဲလ်များကို သေစေနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အမျိုးသားဆီးလမ်းကြောင်းပိတ် အကျိတ်ကင်ဆာတို့ကို ကာကွယ်ပေးပါသည်။

၂။ သွေးလည်ပတ်မှုကို ထိန်းပေးခြင်း

သလဲသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးပါက သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး သောက်ပါက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ကျစေပါသည်။

၃။ သွားကျန်းမာရေးကို အထောက်အကူပြုခြင်း

သလဲသီးမှာ သွားကျန်းမာရေးအတွက် အကျိုးပြုစေမည့် သတ္တုဓါတ်များပါရှိပြီး သွားပိုးစားခြင်းနှင့် ခံတွင်းအတွင်း မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ပေးပါသည်။

၄။ အသားအရေအတွက် ကောင်းမွန်ခြင်း

သလဲသီးသည် အသားအရေအတွက် ကောင်းမွန်စေပြီး ကြည်လင်သော အသားအရေဖြစ်စေဖို့ရန် ထောက်ပံ့ပေးပါသည်။ အမဲစက်များကို လျော့ကျစေပြီး အရွယ်တင် နုပျိုစေပါသည်။ အစွမ်းထက် Antioxidantsများ ပါဝင်နေသောကြောင့်ဖြစ်သည်။

၅။ အိမ်ထောင်ရေးသုခပြည့်စုံနိုင်ခြင်း

သလဲသီးကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် အိမ်ထောင်ရှင် စုံတွဲများ ပို၍ အိမ်ထောင်ရေးသုခနှင့် ပြည့်စုံစေနိုင်သည်ဟု ဆိုကြပါသည်။ သလဲသီးတွင် ပါဝင်သော AntioxidantsVitamic- C, Vitamic- B3, ပိုတက်စီယမ်နှင့် သဘာဝီနေတို့ကြောင့် ဖြစ်ပါသည်။ သလဲသီး၏ ရနံ့မှာလည်း ဆွဲဆောင်မှုကို ပေးနိုင်ပါသည်။

၆။ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း

သလဲသီးမှာ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်နှင့် သက်ဆိုင်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

၇။ အဆစ်နာရောဂါကို သက်သာစေခြင်း

သလဲသီးမှာ အရိုးအဆစ်ရောင်နာရောဂါရှိသူများအတွက်လည်း ဝေဒနာကိုသက်သာစေပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်