ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ လယ်ယာမရှိဘဲ လိမ်လည်ကာ ချေးငွေထုတ်ယူ ထားသူများနှင့် လယ်ယာမြေဧကအား ပိုမိုတင်ပြကာ လိမ်လည်ချေးငွေ ထုတ်ယူထားသူများကို ဥပဒေအရ တရားစွဲဆိုသွားရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
လယ်ယာလုပ်ပိုင်ခွင့် ပုံစံ(၇)များ မထွက်ရှိသေးသည့်အချိန်တွင် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအချို့နှင့် ပူးပေါင်းကာ လယ်ယာမြေ အမှန်တကယ် ပိုင်ဆိုင်လုပ်ကိုင်ခြင်း မရှိဘဲ ချေးငွေများ လိမ်လည်ထုတ်ယူကာ ပြန်လည်ပေးဆပ်ခဲ့ခြင်း မရှိသူများအား နိုင်ငံတော်ငွေကြေး လိမ်လည်ထုတ်ယူသည့် အတွက် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များတွင် အမှန်တကယ် ဖော်ပြထားသည့် မြေဧကများအား ပြင်ဆင်ဖြည့်စွက်ကာ မူလမြေဧကထက် ပိုမိုပြသ၍ စိုက်ပျိုးစရိတ် ချေးငွေများကို လိမ်လည်ထုတ်ယူပြီး ပြန်လည်ပေးဆပ်ခြင်းမရှိသူများအား နိုင်ငံ တော် ငွေကြေးလိမ်လည် ထုတ်ယူခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၄၀၉ အပြင် ဌာနဆိုင်ရာများမှ ထုတ်ပြန်ထားသည့် ပုံစံများကို လိမ်လည်ပြင်ဆင် ရေးသားသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့်ပါ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အသေးစိတ်ဖတ်ရန် နှိပ်ပါ
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more