မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) အကြောင်း သိကောင်းစရာ

01/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူတွေအားလုံး မင်္ဂလာပါ ခင်ဗျ။ အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။

 ယခင်တစ်ပတ်မှာ ဖေ့စ်ဘုတ်က သတင်းတုတွေကို ဘယ်လို စစ်ဆေးနိုင်မလဲဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးကြီးတွေ ဖေ့စ်ဘုတ်၊  အင်တာနက်သုံးရင်း  ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits)  ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။  မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။ ပိုနားလည်သွားအောင် ဥပမာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများ

1024 bits  = 1 Kilo byte (KB)

1024 KB = 1 Mega Byte (MB)

1024 MB = 1 Giga Byte (GB)

မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှု

1 byte = 8 bits

1 MB = 8 Mb 

12.5 MB = 100 Mb 

1 GB = 8 Gb 

ဒါကြောင့် ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေတယ်ဆိုတာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ မိမိအသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းလေးကို တောင်သူဦးကြီးတွေ အနေနဲ့ အခြေခံအားဖြင့် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

ယခင်တစ်ပတ်က ဖေ့စ်ဘုတ် သတင်းမှန်/ မမှန် စစ်ဆေးနိုင်မယ့် ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

တစ်ချက်လေး စောင်းငဲ့ကြည့်အုံး

ကိုးကားချက်- Technoland Computer Trading Co.,Ltd


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်