အစေ့ထုတ်ပြောင်းသီးနှံကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စတင်လုပ်ကိုင်သော တောင်သူတစ်ချို့ ဆုံးရှုံးမှုများရှိနေ

16/07/2020 13:30 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကန်ထရိုက်လယ်ယာစနစ်ဖြင့် အစေ့ထုတ်ပြောင်းစိုက်သော တောင်သူများ ရေမြေအနေအထားနှင့် စိုက်ပျိုးနည်းစနစ် သဟဇာတမကျခြင်း၊ ဖျက်ပိုးများဆိုးရွားစွာကျခြင်း၊ သွင်းအားစု အချိန်မီမရရှိခြင်း၊ ကျွမ်းကျင်သောနည်းပညာပေးဝန်ထမ်းများ မရရှိခြင်း၊ အမှန်တကယ် ဈေးကွက်ပေါက်ဈေးမရရှိခြင်း စသောအကြောင်းရင်းများကြောင့် အရှုံးပေါ်၍ အခက်တွေ့နေကြသည်။

ဦးလေးတို့ စာချုပ်နဲ့ ပြောင်းစိုက်လိုက်တာ ပထမဆုံး နည်းပညာအဆင်ပြေမနေဘူး။ သူတို့က ရေ/မြေအနေအထား၊ အပူချိန်နဲ့ အစိုဓာတ်ကို မခန့်မှန်းပဲ စာအုပ်ကြီးတိုင်း ဘယ်ချိန်ရေသွင်း၊ ဘယ်ချိန်ဆေးဖျန်းဆိုပြီး ပြောတာ။ သူတို့ပြောတဲ့အတိုင်း စိုက်လိုက်တာ အပင်လုံးဝမပေါက်လာဘူး။ ဒါနဲ့ အပေါ်က ပိုက်နဲ့ရေဖျန်းပေးဆိုလို့ ဖျန်းလိုက်တာ လုပ်အားခတွေကုန်၊ အချိန်တွေကုန်၊ လူပင်ပန်းနဲ့ အဆင်ကိုပြေမလာဘူး။ နောက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေသွင်းလုပ်ရတာပဲ။ ဒါတောင် အပင်ပေါက်လုံးဝ မညီလာတော့ဘူး။ စစိုက်ကတည်းက အဆင်မပြေတာ။

ဟု ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာမှ တောင်သူဦးစိုးမင်းထွန်းက ပြောသည်။

သူတို့လာတဲ့အချိန်ကလည်း နောက်ကျနေပြီ။ အစပိုင်း ပြောင်းစိုက်ဖို့ လာတိုက်တွန်းတုန်းကတော့ အခေါက်ခေါက်အခါခါလာတယ်။ ဖုန်းလည်း ခဏခဏဆက်တယ်။ အဲ့တုန်းကတော့ အရေးတယူလုပ်ပါသေးတယ်။ စိုက်လည်းပြီးရော စ ခွာ ခွာ သွားတာ..ပြီးရော..။ ဦးလေးတို့မှာ စိုက်ခင်းက ဘာဖြစ်လဲမသိဘူး/လာကြည့်ပေးပါဦး/ဘာဆေးဖျန်းရမလဲ ဆိုပြီး ဖုန်းဆက်ခေါ်ရင်တောင် ရွက်ဖျန်းဆေးတွေ/အားဆေးတွေ ဘယ်နေ့လာပေးမယ် ဘာညာနဲ့.. သွားရော..မလာတော့ဘူး။ ဦးလေးတို့မှာ ဆေးဖျန်းဖို့ နောက်ကျနဲ့လုပ်ရတာ ကမောက်ကမတွေပါကွယ်...။ သူတို့ ပစ္စည်းရောင်းရပြီးရော..ပြန်လှည့်မကြည့်တော့ဘူး

ဟုတောင်သူဦးစိုးမင်းထွန်းက ဆက်လက်ပြောသည်။ 

    ထို့ပြင် ကြွက်များကျရောက်၍ ပြောင်းစိုက်တောင်သူများ စိုက်ခင်းတစ်ဝက်၊ စိုက်ခင်းအားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ထွက်သလောက်သီးနှံကို ကုမ္ပဏီမှ စာချုပ်တွင် ကြမ်းခင်းဈေး ၇၂၀၀ ကျပ်နှင့် ကာလပေါက်ဈေး အတိုင်း ဝယ်ယူမည်ဟု ချုပ်ဆိုထားသော်လည်း ပြောင်းသီးနှံပေါ်ချိန်တွင် ပေါက်ဈေး ၈၅၀၀ ကျပ်ရှိခဲ့သည်။ သို့သော် ၇၅၀၀ ကျပ်ဖြစ်သာ ပြန်လည်ဝယ်ယူပေးကြောင်း သိရသည်။ ထိုဒေသ၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့်မဟုတ်ပဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြောင်းစိုက်သောတောင်သူများ အဆင်ပြေကြသည်။ 

    Contract farming လုပ်ရာ၌ သွင်းအားစုနောက်ကျခြင်း၊ ရာသီဥတုနှင့် စိုက်ပျိုးချိန်ကိုက်မှု ခက်ခဲခြင်း၊ သီးနှံရိတ်သိမ်းချိန် နောက်ကျခြင်းတို့ကြောင့် လုပ်ငန်းရှင်နှင့် တောင်သူများအကြား သဘောတူညီမှု ပျက်ယွင်းလာကြသည်။ ထို့ကြောင့် contract farming လုပ်နိုင်ရန်အတွက် နိုင်ငံတွင်းဥပဒေအရ အားနည်းချက်များ၊ အရေးယူလုပ်ဆောင်ပေးမည့်အစိုးရအဖွဲ့အစည်းများ အားနည်းလျက်ရှိနေသေးသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်