တရုတ်အပြင် ထိုင်းနှင့်ဖိလစ်ပိုင်ဘက်ကပါ ဝယ်နေ၍ ပြောင်းဆန်ဈေးဆက်တိုက်တက်

26/11/2022 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တရုတ်ဝယ်ယူမှုအပြင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဘက်ကလည်း ဝယ်ယူမှုတွေရှိနေလို့ ပြောင်းဆန်ဈေးက ဆက်တိုက်ဈေးမြင့်တက်နေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ သတင်းအရ သိရပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် ဝယ်လက်တွေဘက်ကလည်း လက်ရှိမှာ အဝယ်သွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်ဈေးဟာ တစ်ပိဿာကို ၁၁၆၀ ကနေ ၁၁၈၀ ကြား ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၀၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အခြားပြောင်းတွေအနေနဲ့ ပြောင်း(ဗမာ)က တစ်အိတ်ကို ၅၉၀၀၀ ကျပ်၊ ရှမ်းက တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၀၅၀၀ ကျပ်၊ အထွက်တိုးပြောင်းနီက တစ်အိတ်ကို ၅၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကနေ ၁၅၀၀ ကြား ဈေးတွေ တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ပဲတီစိမ်းတင်ပို့မှုအနေနဲ့ကတော့ တရုတ်နယ်စပ်က ခဏခဏပိတ်နေတဲ့အတွက် တင်ပို့မှုလျော့နည်းနေပြီး ဈေး ကောင်းလည်း မရဘူးလို့ သိရကြောင်း AMIA က ပေးပို့လာတဲ့သတင်းအရ သိရပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်အရ ပဲတီစိမ်းကို လာမယ့် ၂၀၂၃ မှာ ဥရောပ ကို တင်ပို့မယ်လို့ သိရကြောင်းနဲ့ ယခင်နှစ်တွေကလည်း တင်ပို့မှုတွေ ပြုလုပ်ပေမယ့် အရည်အသွေးပိုင်း ဆိုင်ရာ အဓိကထားတဲ့အတွက် အများကြီးတင်ပို့နိုင်မှုတော့ မပြုလုပ်နိုင်ခဲ့ဘူးလို့ AMIA က ဆိုထားပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်