ဆောင်းကြိုဧကရာဇ်ပန်း

05/11/2020 11:45 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    မြန်မာနိုင်ငံတွင် လအလိုက်ပွင့်သော ရာသီပန်းများရှိပါသည်။ ထိုရာသီပန်းများပွင့်ချိန်ကိုကြည့်၍ အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ကိုခွဲခြားနိုင်ပါသည်။ ယခုအခါ မိုးလရာသီကုန်ဆုံး၍ သီတင်းကျွတ်သို့ပင်ရောက်ကာ တောင်ပေါ် ဒေသများတွင် ​ဟေမာန်ဆောင်းသည် တဖြည်းဖြည်း ချဥ်းကပ်လာပြီဖြစ်ပါသည်။  

    ဆောင်းရာသီ၏ ရာသီပန်းကို ခဝဲပန်းများ သဇင်ပန်းများနှင့် ခွာညိုပန်းများဟုသာ လူသိများကြပါသည်။ သို့ရာတွင် ဆောင်းကြိုပန်းစင်စစ်သည်ကား ဧကရာဇ်ပန်းပင်ဖြစ်ပါသည်။

    ဧကရာဇ်ပန်း၏ သိပ္ပံအမည်မှာ Millingtonia hortensis ဖြစ်ပြီး Bignoniaceae မျိုးရင်းဖြစ်ပါသည်။ ဧကရာဇ်ပင်မှာ ပင်စည်ဖြောင့်အပင်ကြီးမျိုးဖြစ်ပြီး အမြင့်သည် ပေ ၄၀ မှ ၅၀ အထိရှိပါသည်။ ပန်းပွင့်လေးများသည် ခေါင်းလောင်းပုံ ပွင့်ချပ်အဖြူလေးတွင် သေးသွယ်ရှည်လျားသည့်ရိုးတံ ပါရှိပါသည်။ များသောအားဖြင့် ကိုင်းထိပ်တွင်တွဲလောင်းပွင့်တတ်ပြီး မြေသို့သက်ဆင်းကြွေကြသည်ကများပါသည်။ သီတင်းကျွတ်လ အအေးဓာတ်အစပြုချိန်မှစကာ တန်ဆောင်းမုန်းလကုန်သည်အထိပွင့်တတ်ပြီး လွန်စွာသင်းပျံ့သောရနံံ့ ရှိပါသည်။ ဧကရာဇ်ပန်းရနံ့ကို လေသင့်ရာမှရနိုင်သည်အထိ သင်းပျံ့ပါသည်။ အရွက်မှာ ရွက်ပေါင်းအမျိုးအစားဖြစ်ကာ အရွက်ထိပ်ချွန်ပါသည်။ အသီးမှာသီးတောင့်ရှည်အမျိုးအစား ဖြစ်ပါသည်။ 

    ဧကရာဇ်ပင်မှာ တစ်ပင်လုံးအသုံးဝင်ပါသည်။ များသောအားဖြင့် အပွင့်သည် သင်းပျံ့သောရနံ့ရှိသဖြင့် စိုက်ပျိုးကြပါသည်။ အရွက်ကိုသုပ်စားလျှင် အမျိုးသမီးများတွင်ဖြစ်တတ်သော မီးယပ်ရောဂါကို သက်သာစေပါသည်။ ပန်းပွင့်ကို ပြုတ်စားခြင်း သုပ်စားခြင်းပြုလုပ်လျှင် နှလုံးတုန်ခြင်းနှင့် မူးဝေခြင်းကို သက်သာ​စေပါသည်။ အခေါက်ကို ဆန်ဆေးရည်နှင့်သွေးကာ လျှာပွတ်ခြင်းဖြင့် အမူးလွန်ခြင်းကို ပျောက်ကင်းစေပါသည်။ ပင်စည်ကိုမူ ပရိဘောဂများပြုလုပ်ရာတွင် သစ်သားအဖြစ် သုံးနိုင်ပါသည်။  အရွက်ခြောက်များကို အချို့က စီးကရက်တွင် ဆေးရွက်ကြီးအမှုန့်အစားထိုးအဖြစ် သုံးကြပါသည်။ 

    ဧကရာဇ်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ကာ စိုက်ပျိုးရလွယ်ပြီး မျိုးစေ့မှလည်း မျိုးပွားနိုင်ပါသည်။ အလွန်အေးသောဒေသနှင့် ပင်လယ်ရေငန်လွှမ်းသောဒေသမှလွဲ၍ ဒေသမျိုးစုံ စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် သင်းပျံ့သောရနံ့ ရှိသည့် ဆောင်းရာသီ၏အကြိုပန်းဖြစ်သော ဧကရာဇ်ပန်းများအား မြန်မာလူမျိုးတို့ သတိထားမိစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်