အခု ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပဲတီစိမ်းဈေးတွေ မြင့်တက်ခဲ့တယ်ဆိုပေမဲ့ တရုတ်နယ်စပ် ပိတ်ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ဈေးကောင်းရရှိခဲ့တယ်လို့ သတ်မှတ်လို့ မရခဲ့ပါဘူး။

စီးပွားကူးသန်းစာရင်းအရတော့ ပဲတီစိမ်းပြည်ပတင်ပို့မှုဟာ တန်ချိန် ၄ သိန်းနီးပါးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ပဲတီစိမ်းကို ဥရောပနိုင်ငံတွေဆီလည်း သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့အညီ တင်ပို့မှုတွေ ရှိခဲ့ပြီး လာမဲ့ ၂၀၂၃ မှာလည်း ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်ကို ဥရောပကို တင်ပို့သွားဖို့ ရှိတယ်လို့ သိရပါတယ်။
နယ်စပ်ကနေတဆင့်ဝယ်ယူမှုတွေမှာတော့ တရုတ်နိုင်ငံက အများဆုံးဖြစ်ခဲ့ပြီး ပဲတွေထဲမှာ ဈေးအမြင့်ဆုံးရရှိခဲ့တဲ့ပဲလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ တရုတ်နယ်စပ်တွေ ပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် ပဲတီစိမ်းဈေးကွက်ဟာ ကောင်းမွန်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ အခုဆောင်းသီးနှံစစိုက်ချိန် အောက်ပိုင်းဒေသတွေမှာ နေရာကွက်မိုးကြီးသွားမှုတချို့ကြောင့် ပဲတီစိမ်းစိုက်ခင်းအချို့ ပျက်စီးထားတာကလည်း အထွက်နှုန်းကို လျော့ကျစေနိုင်ချေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ပဲတီစိမ်းက တစ်တင်းကို အမြင့်ဆုံးဈေး ကျပ် ၅၀၀၀၀ လောက်ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်မှာတော့ပဲတီစိမ်းက တစ်တင်းကို အမြင့်ဆုံး ၆၀၀၀၀ လောက်ထိပေါက်ဈေးရှိနေပါတယ်။
ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် အထွေထွေထုတ်လုပ်ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ယှဉ်ရင်တော့ ဒီလောက်ဈေးမြင့်တက်ခြင်းဟာ တောင်သူတွေအတွက် အကျိုးပိုများလာတယ်လို့တော့ မဆိုနိုင်ပါဘူး။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်နှစ်တာ အတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်