ကျေးလက်ဒေသများရှိ ဝါးတောများအဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ကြိုးပမ်းဆောင်ရွက်နေ

10/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ကျေးလက်ဒေသများရှိ သဘာဝဝါးတောများ အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

"ရွာသားတွေကို ဝါးခုတ်နည်းသင်တန်းပေးပြီး၊ ခုတ်ထားတဲ့ဝါးတွေကို ပြန်ဝယ်ပေးနေပါတယ်။ သဘာဝအတိုင်း ပစ်ထားလို့ရှိရင် ဝါးတောတွေအရည်အသွေးကျသွားနိုင်ပါတယ်။ သက်တမ်းရင့် ဝါးပင်တွေကို အခုလိုမျိုး စနစ်တကျခုတ်ပစ်လိုက်တဲ့အခါ မျှစ်ပေါက်နှုန်းတွေလည်း ပိုကောင်းလာမယ်။ ဝါးလုံးတွေလည်း ပိုဖွံ့ဖြိုးလာမယ်။ အဲ့ဒီလိုမှမလုပ်ဘူးဆိုရင် မျှစ်ထွက်နှုန်းကျမယ်၊ ဝါးလုံးတွေလည်း တဖြည်းဖြည်း သေးကုန်လိမ့်မယ်။ ဒါ့ကြောင့် ဒေသခံတွေကို ဝါးတော စနစ်တကျထိန်းသိမ်းနည်း သင်တန်းတွေပေးပြီး၊ သူတို့ခုတ်ရောင်းတဲ့ဝါးတွေကို ပြန်ဝယ်ပေးနေတာပါ။ ဝယ်ယူတဲ့ ဝါးတွေကိုတော့ ဝါးပရိဘောဂတို့ ဝါးအဆောက်အဦးတို့ ပြန်လည်ပြုလုပ်ပါတယ်။"

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

သဘာဝဝါးတောများ အရည်အသွေးမြှင့်တင်ရန်အတွက် သက်တမ်း (၃) နှစ်နှင့်အထက် ဝါးပင်အရင့်များကို စနစ်တကျ ခုတ်ဖြတ်ပေးရန် လိုအပ်ကြောင်း သိရသည်။ 

"ပုံမှန်အားဖြင့်ဆိုရင် ဒေသခံအများစုက နားမလည်ကြဘူး။ ဝါးပင်အရင်းပိုင်းတွေကို မခုတ်ပစ်ကြဘဲ အနုတွေကို ခုတ်ကြတာများတယ်။ ဒါ့ကြောင့်မို့ ဝါးနုတွေကို ချန်ထားတတ်အောင်၊ ဝါးအရင့်တွေကို အရင်းကနေ ခုတ်တတ်အောင်၊ သီးဆုံး ပင်ဆုံး ယူတတ်အောင် သင်ပေးရပါတယ်။ စည်းကမ်းနဲ့ခုတ်တတ်လာအောင် သင်ပေးတာပါ။ ဝါးအနုတွေကို ခုတ်ပစ်လို့ရှိရင် ဝါးတောသုဉ်းသွားတတ်တယ်။ ဖွေးနေတဲ့ဝါးက ဝါးနုတွေပါ၊ မခုတ်ပစ်ရပါဘူး။ အစက်အပြောက်တွေနဲ့ ဝါးကမှ ဝါးအရင့်ပါ။ သက်တမ်းတအားရင့်လွန်းတဲ့ ဝါးတွေကိုတော့ မီးသွေးဖုတ်ဖို့အတွက် ဝယ်ယူပေးနေပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဂမုန်းတောင်ကျေးရွာအတွင်း ဝါးတောများအဆင့်မြှင့်တင်နေပြီး၊ အဆိုပါဒေသ၌ ကြသောင်းဝါးနှင့် ဝါးပိုးဝါးများ အဓိကပေါက်ရောက်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်