ကျေးလက်ဒေသများရှိ ဝါးတောများအဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ကြိုးပမ်းဆောင်ရွက်နေ

10/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ကျေးလက်ဒေသများရှိ သဘာဝဝါးတောများ အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

"ရွာသားတွေကို ဝါးခုတ်နည်းသင်တန်းပေးပြီး၊ ခုတ်ထားတဲ့ဝါးတွေကို ပြန်ဝယ်ပေးနေပါတယ်။ သဘာဝအတိုင်း ပစ်ထားလို့ရှိရင် ဝါးတောတွေအရည်အသွေးကျသွားနိုင်ပါတယ်။ သက်တမ်းရင့် ဝါးပင်တွေကို အခုလိုမျိုး စနစ်တကျခုတ်ပစ်လိုက်တဲ့အခါ မျှစ်ပေါက်နှုန်းတွေလည်း ပိုကောင်းလာမယ်။ ဝါးလုံးတွေလည်း ပိုဖွံ့ဖြိုးလာမယ်။ အဲ့ဒီလိုမှမလုပ်ဘူးဆိုရင် မျှစ်ထွက်နှုန်းကျမယ်၊ ဝါးလုံးတွေလည်း တဖြည်းဖြည်း သေးကုန်လိမ့်မယ်။ ဒါ့ကြောင့် ဒေသခံတွေကို ဝါးတော စနစ်တကျထိန်းသိမ်းနည်း သင်တန်းတွေပေးပြီး၊ သူတို့ခုတ်ရောင်းတဲ့ဝါးတွေကို ပြန်ဝယ်ပေးနေတာပါ။ ဝယ်ယူတဲ့ ဝါးတွေကိုတော့ ဝါးပရိဘောဂတို့ ဝါးအဆောက်အဦးတို့ ပြန်လည်ပြုလုပ်ပါတယ်။"

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

သဘာဝဝါးတောများ အရည်အသွေးမြှင့်တင်ရန်အတွက် သက်တမ်း (၃) နှစ်နှင့်အထက် ဝါးပင်အရင့်များကို စနစ်တကျ ခုတ်ဖြတ်ပေးရန် လိုအပ်ကြောင်း သိရသည်။ 

"ပုံမှန်အားဖြင့်ဆိုရင် ဒေသခံအများစုက နားမလည်ကြဘူး။ ဝါးပင်အရင်းပိုင်းတွေကို မခုတ်ပစ်ကြဘဲ အနုတွေကို ခုတ်ကြတာများတယ်။ ဒါ့ကြောင့်မို့ ဝါးနုတွေကို ချန်ထားတတ်အောင်၊ ဝါးအရင့်တွေကို အရင်းကနေ ခုတ်တတ်အောင်၊ သီးဆုံး ပင်ဆုံး ယူတတ်အောင် သင်ပေးရပါတယ်။ စည်းကမ်းနဲ့ခုတ်တတ်လာအောင် သင်ပေးတာပါ။ ဝါးအနုတွေကို ခုတ်ပစ်လို့ရှိရင် ဝါးတောသုဉ်းသွားတတ်တယ်။ ဖွေးနေတဲ့ဝါးက ဝါးနုတွေပါ၊ မခုတ်ပစ်ရပါဘူး။ အစက်အပြောက်တွေနဲ့ ဝါးကမှ ဝါးအရင့်ပါ။ သက်တမ်းတအားရင့်လွန်းတဲ့ ဝါးတွေကိုတော့ မီးသွေးဖုတ်ဖို့အတွက် ဝယ်ယူပေးနေပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဂမုန်းတောင်ကျေးရွာအတွင်း ဝါးတောများအဆင့်မြှင့်တင်နေပြီး၊ အဆိုပါဒေသ၌ ကြသောင်းဝါးနှင့် ဝါးပိုးဝါးများ အဓိကပေါက်ရောက်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်