ပြည်ပနိုင်ငံအချို့ကို တင်ပို့နေတဲ့ မြန်မာ့ငရုတ်သီးစျေးနှုန်းများမှာ ကျဆင်းနေကြောင်းမြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
ငရုတ်သီးများမှာ အရည်အသွေးနဲ့တင်ပို့မှုများနေတဲ့အတွက် စျေးနှုန်းကျဆင်းတာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးးအသင်းမှ ဥက္ကဠ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။
စျေးနှုန်းကတော်တော်ကျနေတယ်။အဓိကကငရုတ်သီး အရည်အသွေးမကောင်းတာရယ် အဝင်များနေတာကြောင့်စျေးကျတာပါ
မြန်မာ့ငရုတ်သီးကို ထိုင်းနိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသများနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်းမြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator