မြန်မာ့အစေ့ထုတ်ပြောင်း ထိုင်းနိုင်ငံကို ပုံမှန်တင်ပို့လျက်ရှိ

14/05/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံကို ယခုလက်ရှိအချိန်ထိ ပုံမှန်တင်ပို့နေလျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။

ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်းကို ဖေဖော်ဝါရီလမှ စတင်တင်ပို့ခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်ထိ တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်က ပြောပါတယ်။

ထိုင်းဈေးကွက်ကိုတော့ လိုအပ်ချက်အတိုင်းတင်ပို့နေပါတယ်။ ဒါပေမယ့် အခုလက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကုန်တင်ပို့မှုတွေမှာ အခက်အခဲတော့ရှိနေပါတယ်။ တင်ပို့မှုကတေ့ာ ပုံမှန်သွားနေပါတယ်

မြန်မာ့အစေ့ထုတ်ပြောင်းကိုတရုတ်ပြည်ဈေးကွက်သို့အဓိကထားတင်ပို့နေပေမယ့်လည်း အရင်နှစ်မှစတင်ကာအခုလက်ရှိအချိန်ထိ တင်ပို့ခွင့်ရပ်တန့်သွားခဲ့ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့အစေ့ထုတ်ပြောင်းကိုရှမ်းပြည်နယ် မြောက်ပိုင်းမှာအဓိကစိုက်ပျိုးတာဖြစ်ကြောင်းလည်းမြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်