ကြက်သွန်နီဈေး ပုံမှန်တက်နေကျနှုန်းထက် ပိုတက်

02/09/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဈေးတက်မယ်ဆိုရင်တောင် ပုံမှန်အားဖြင့် တစ်ရက်ကို တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်လောက်သာတက်တတ်တဲ့ ကြက်သွန်နီဈေးဟာ ဒီနေ့မှာတော့ နည်းနည်းအတက်ကြမ်းသွားပါတယ်။

ကြက်သွန်နီ ဆိပ်ဖြူရှယ်(သစ်) ဟာ ဒီနေ့မှာ မနေ့ကထက် တစ်ပိဿာ ကျပ် ၃၅၀ ပိုတက်လာပြီး ၃၆၀၀ ကျပ် ဖြစ်သွားပါတယ်။ ကြက်သွန်နီ ဆိပ်ဖြူလတ်ကြီးဟာလည်း တစ်ပိဿာ ကျပ် ၂၅၀ ထပ်တက်လာပြီး တစ်ပိဿာကို ၃၅၀၀ ကျပ်ဖြစ်သွားပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ကြက်သွန်နီဟာ အဝင်များပေမဲ့ အဝယ်သွက်နေပြီး ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာလည်း ပြတ်လပ်တဲ့အထိ အရောင်းအဝယ်ရှိနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းပေးပို့လာမှုအရ သိရပါတယ်။ 

လက်ရှိမှာ နွေကြက်သွန် ပစ္စည်းလက်ကျန်လျော့နည်းလာပြီဖြစ်ပြီး မကြာခင်မိုးကြက်သွန်နီတွေဈေးကွက်ထဲ ဝင်ရောက်လာတော့မှာဖြစ်လို့ ကြက်သွန်နီဈေးက စောင့်ကြည့်ရမယ့်အခြေအနေတော့ ဖြစ်နေပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာ့ငွေကြေး ဈေးကျဆင်းနေမှုနဲ့အတူ အထွေထွေစရိတ်မြင့်တက်နေမှုကြောင့် ကြက်သွန်အသစ်ဈေးကွက်က လက်ရှိပေါက်ဈေးထက်တော့ လျော့နည်းနိုင်မှာမဟုတ်ကြောင်း ကြက်သွန်ကုန်သည်တွေက သုံးသပ်မှုတွေရှိနေတယ်လို့ AMIA က ဆိုထားပါတယ်။

ကြက်သွန်ဖြူဈေးနှုန်းတွေကတော့ ထပ်တက်မလာဘဲ မနေ့က ဈေးနှုန်းတွေအတိုင်းသာ ဆက်ရှိနေပါ တယ်။

တောက်လျှောက်နီးပါး အတက်မှာရှိနေခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေကတော့ လက်ရှိ ငွေလဲနှုန်း အနည်းငယ်ပြန်လည်ကျဆင်းသွားမှုနဲ့ ဈေးတွေ ပြန်ကျသွားပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးနှုန်းများ (စက်တင်ဘာ ၂ ရက်)

  • ကြက်သွန်နီ - ဆိပ်ဖြူရှယ်(သစ်) ( ၁ ပိဿာ) - ၃၆၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်ကြီး ( ၁ ပိဿာ) - ၃၅၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်သန့် ( ၁ ပိဿာ) - ၃၃၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်ချော ( ၁ ပိဿာ) - ၂၇၅၀ ကျပ်

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းများ (စက်တင်ဘာ ၂ ရက်)

  • မတ်ပဲ (FAQ/RC - 2022) - ၁၉၈၀၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၆၃၆၆၅)
  • မတ်ပဲ (SQ/RC - 2021) - ၂၂၉၀၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၇၃၆၃၅)
  • ပဲစင်းငုံနီ (RC - 2022) - ၂၁၁၅၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၆၈၀၀၀)

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်