ဘုရင့်နောင် ကြက်သွန်ဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ထိ ရောက်လာ

27/07/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တရိပ်ရိပ် ပြန်တက်လာတဲ့ ကြက်သွန်ဈေးဟာ ဒီနေ့ ဇူလိုင် ၂၇ ရက်မှာလည်း ဆက်တက်လာပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တစ်ပိဿာ ၂၀၀၀ ကျပ်ထိ ပေါက်ဈေးရှိလာပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်တုန်းမှာ တစ်ပိဿာ ကျပ် ၁၉၀၀ ထိ ပေါက်ဈေးရောက်ရှိပြီးနောက် ဆက်တိုက်ဈေးပြန် ကျလာတဲ့ ကြက်သွန်နီ (ဆိပ်ဖြူရှယ်(သစ်)) ဟာ ဇူလိုင် တတိယပတ်အတွင်း တဖြည်းဖြည်း ဈေးပြန်တက်လာရာကနေ ဒီနေ့မှာတော့ တစ်ပိဿာ ကျပ် ၂၀၀၀ ထိ မြင့်လာတာဖြစ်ပါတယ်။ 

အမျိုးအစားအားလုံး နေ့စဉ် ဈေးတွေတက်နေတာဖြစ်ပါတယ်။

*ယနေ့ ကြက်သွန်နီဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)

  • ကြက်သွန်နီ (ဆိပ်ဖြူရှယ် - သစ်) - ၂၀၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး)   - ၁၉၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်)   - ၁၇၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော)  - ၁၄၀၀ ကျပ်

ဆန်ချောဈေးတွေကတော့ ဆက်တက်တာမျိုးမရှိဘဲ မနေ့က အတက်ဈေးတွေအတိုင်းပဲ ဈေးတွေငြိမ်နေပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်