ပူပြင်းချိန်တွင် ရေချိုပုစွန်တုပ်မွေးမြူရေး၌ ဖြစ်တတ်သောရောဂါများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ

19/05/2023 17:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ပူပြင်းသောနွေရာသီတွင် ရေချိုပုစွန်တုပ်ကြီးမွေးမြူရာ၌ အောက်ဖော်ပြပါရောဂါပိုးများ ၀င်ရောက်ပြီး ရောဂါဖြစ်စေနိုင်ပါသည်။

  • ၁။ ဗိုင်းရပ်စ်ပိုးမွှားများ(Viruses)
  • ၂။ ဘက်တီးရီးယားပိုးမွှားများ (Bacteria)
  • ၃။ မှိုပိုးမွှားများ(Fungi)
  • ၄။ ပရိုတိုဇိုအာပိုးမွှားများ(Protozoa)
  • ၅။ ကပ်ပါးအလေ့အထ ပိုးမွှားများ(Parasite)
  • ၆။ သံကောင်အုပ်စု၀င်ပိုးမွှားများ(Worms) တို့ ဖြစ်စေနိုင်ပါသည်။

ဖြစ်ပေါ်စေတတ်သော အနာရောဂါများ

ရေချိုပုစွန်တုပ်ကြီးများတွင် ဖြစ်တတ်သောရောဂါများမှာ Gram-Negative ပိုးမွှားအုပ်စု၀င် Vibrio မျိုးစိတ်များကြောင့် ဖြစ်တတ်ပါသည်။

အများအားဖြင့် ပါးဟပ်မဲသောရောဂါများ၊ တလကြာဟုခေါ်သော ရောဂါများ၊ အရေခွံများတွင် အစက်အပျောက်များဖြစ်ပေါ်ခြင်း(Shell Disease)

အထူးသဖြင့် မှိုပိုးမွှားများနှင့် ဇူသမ်းနီးယမ်း (Zoothamnium) ခေါ်သော ပရိုတိုဇိုးများသည် ပုစွန်များ၊ ပါးဟပ်များ၊ ခန္ဓာကိုယ်၏အဆစ်အပိုင်းများတွင် ကပ်တွယ်နေခြင်းများဖြစ်ပေါ်၍ ပုစွန်များတွင် နီခြင်း၊ မဲခြင်း၊ အရောင်အသွေးများကျဆင်းကာ ပုစွန်များပိုးမွှားကျရောက်ပြီး သေဆုံးနိုင်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ကန်အတွင်းရှိ အပင်ငယ်များ၊ ရေမှော်များသည်လည်း ပုပ်သိုးဆွေးမြည့်ပြီး ကန်ရေများညစ်ညမ်းပျက်စီးခြင်းသို့ ရောက်ရှိတတ်ပါသဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ဖြေရှင်းပေးနိုင်သောနည်းလမ်းများ

  • ၁။ မွေးမြူကန်ရေ လဲလှယ်ပေးခြင်း
  • ၂။ စက်ယန္တရားသုံးစွဲ၍ ရေများလှုပ်ရှားစေရန်ဆောင်ရွက်ခြင်း
  • ၃။ မွေးမြူရေးကန်အတွင်း ရေအသစ်ထည့်ပေးခြင်း 
  • ၄။ အစာကျွေးခြင်းကို ယာယီရပ်ဆိုင်းခြင်း
  • ၅။ ရေအသစ်တွင် အစာများစတင်ကျွေးမွေးခြင်း
  • ၆။ မွေးမြူသောပုစွန်များကို ပြောင်းရွှေ့စေခြင်း
  • ၇။ ဖမ်းဆီးရောင်းချရန်အချိန်တန်ပါက ကန်ဖော်ပြီးရောင်းချရန် တို့ဖြစ်ပါသည်။

အထူးမှတ်ချက်အနေနဲ့သတိထားစေလိုတာကတော့ ပုစွန်ကန်တွင် ပုစွန်တစ်ကောင်ပျက်စီးနေပါက ကျန်ပုစွန်များအားလုံးသို့ ကူးစက်နိုင်ကြောင်း သတိပြုရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်