အခြေခံရည်ညွှန်းစပါးဈေး ပြင်ပဈေးကွက်ကို သက်ရောက်မှုမရှိဘဲ ဆန်အချို့ ဈေးတက်

18/11/2022 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အခြေခံရည်ညွှန်းစပါးဈေးအဖြစ် တင်း ၁၀၀ ကို ၆၃၀၀၀၀ ကျပ် သတ်မှတ်လိုက်ပေမဲ့ ပြင်ပဈေးကွက်ကို တော့ သက်ရောက်မှုမရှိဘဲ စပါးဈေးတွေဟာ အမြင့်ဈေးနဲ့သာဆက်ရှိနေသလို ဆက်တက်ဖို့ အလားအလာလည်းရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ကြကြောင်း စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်မှာ ဖော်ပြလာပါတယ်။

အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်းစပါးဈေးအဖြစ် ၆၃၀၀၀၀ ကျပ် သတ်မှတ်တယ်ဆို ပြီး နိုဝင်ဘာ ၁၁ ရက် ရက်စွဲနဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင် ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

လက်ရှိ သွင်းအားစုကုန်ကျစရိတ်တွေအရ ဒီရည်ညွှန်းစပါးဈေးဟာ တောင်သူတွေအတွက် မဖြစ်နိုင်ဘူး လို့ တုန့်ပြန်မှုအချို့လည်း ရှိခဲ့ပါတယ်။ အဲ့ဒီလို တောင်သူ ကုန်သည်များအကြား လှုပ်ခတ်မှုတွေ ရှိပေမဲ့ လက်ရှိငွေကြေးဈေး၊ ကုန်ကျစရိတ်တွေကြောင့် အခုသတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးကို စိုးရိမ်မှုတော့ မရှိကြဖို့ ကုန်သည်ကြီးများက ဆိုတယ်လို့ AMIA က ပေးပို့လာတဲ့ သတင်းမှာ ထည့်သွင်း ပြော ကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အခြေခံရည်ညွှန်းဈေးကို ၅ သိန်း ခွဲ ထုတ်ပြန်ခဲ့ပေမယ့် ပြင်ပ ပေါက်ဈေးကတော့ ၁၀ သိန်းအထက်ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပဝယ်ယူမှုရှိနေသလို ပြည်တွင်းစပါးထွက်ရှိနှုန်းလည်း နည်းတဲ့အတွက် စပါးဈေးတွေ ကတော့ အမြင့်ဈေးနဲ့သာ ရှိနေတာဖြစ်ပြီး ဈေးဆက်ပြီး တက်နိုင်တဲ့အခြေအနေ ရှိနေတယ်လို့ ကုန်သည်တွေက ဆိုကြောင်းလည်း AMIA က ပေးပို့လာတဲ့သတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အခုတစ်ပတ်အတွင်း ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၈၇၀၀၀ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၄၃၅၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၄၁၅၀၀ ကနေ ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ မြီးဒုံဆန်က တစ်အိတ်ကို ၄၉၀၀၀ ကနေ ၅၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ပေါင်းတည်ဈေးကွက်မှာလည်း အင်းလယ်စပါးများထွက်ရှိလာပြီးတင်း ၁၀၀ ကို ၁၂ သိန်းနဲ့ ဝယ်ယူမှုတွေရှိတယ်လို့ သိရပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်