ဆန်ဈေးအတက်မရပ်...မတ်ပဲလည်းဈေးဆက်တိုက်ပြန်တက်

31/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆန်ဈေးတွေဟာ ဇန်နဝါရီ ၁၆ ရက်တုန်းက တစ်ကြိမ်တက်လာခဲ့သလို တစ်ပတ်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ နောက်ထပ်တစ်ကြိမ် ဈေးတွေထပ်တက်ခဲ့ပြီး ဒီတစ်ပတ်မှာလည်း အတက်မရပ်ဘဲ မနေ့က (ဇန်နဝါရီ ၃၀ ရက်) ဈေးအဖွင့်မှာတင် ဈေးက ထပ်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဈေးအပြောင်းအလဲမရှိဘဲ မနေ့ကဈေးတွေအတိုင်းသာ ဆက်ရှိနေပါတယ်။

ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတွေထပ်တက်လာတာပါ။ ဆန်အနေအထားတွေကြောင့်ရော၊ ပြည်ပဆန် အဝယ်ရှိနေပြီး ပြည်တွင်းဆန်အထွက်နှုန်း လျော့နည်းမယ်လို့ ခန့်မှန်းမှုတွေကြောင့်ရော အဝယ်လိုက်ပြီး ဈေးတွေဆက်တိုက်မြင့်တက်နေတာဖြစ်သလို  ဆန်ဈေးထပ်တက်မှာကို စိုးရိမ်ပြီး ပြည်တွင်းဝယ်ယူ သို လှောင်မှုတွေကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့  ပြီးခဲ့တဲ့တစ်ပတ်ဈေးကွက်သုံးသပ်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အပိတ်(၂၇.၁.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (ဆန်က တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

အကျဘက်ကိုဆက်တိုက်ရောက်သွားပြီး ယခုဇန်နဝါရီ ၂၄ ရက်ကျမှ ဈေးပြန်မော့လာတဲ့ မတ်ပဲဈေးဟာလည်း ဆက်တိုက်တက်နေဆဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်တုန်းက တစ်တန် (၃၁.၁ တင်းခန့်)ကို ၁၆၅၇၀၀၀ ကျပ်ထိ ရောက်သွားတဲ့ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဟာ နေ့စဉ်အတက်ပြန်ပြလာပြီး ဒီနေ့မှာတော့ ၁၇၅၂၅၀၀ ကျပ်ထိ ပြန်ရောက်လာပြီဖြစ်သလို တစ်တန်ကို ၁၈၈၇၀၀၀ ကျပ်ထိ ဖြစ်သွားခဲ့တဲ့ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးဟာလည်း ဒီနေ့မှာ ၁၉၇၇၅၀၀ ကျပ်ထိ ပြန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဆိုတော့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၉ သောင်းကျော် ၁ သိန်းနီးပါး ဈေးတွေပြန်တက်လာတာဖြစ်ပါတယ်။

အခုလို မတ်ပဲဈေးတွေပြန်တက်နေတာဟာ အသစ်ဝင်လာတဲ့ပဲတွေ အဝယ်သွက်နေတာ၊ လက်ရှိငွေလဲလှယ် နှုန်းဈေး အနည်းငယ်ပြန်မြင့်တက်လာတာ၊ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းဝယ်ယူမှုတွေ ရှိနေ တာ၊ ဈေးတွေ အများကြီး မကျဆင်းဖို့ ဈေးထိန်းနေတဲ့အခြေအနေတွေရှိနေတာ စတာတွေကြောင့် ဖြစ်တယ်လို့ ကုန်သည်ကြီးအချို့က သုံးသပ်ကြကြောင်း AMIA ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ 

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်