ဆန်ဈေးအတက်မရပ်...မတ်ပဲလည်းဈေးဆက်တိုက်ပြန်တက်

31/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆန်ဈေးတွေဟာ ဇန်နဝါရီ ၁၆ ရက်တုန်းက တစ်ကြိမ်တက်လာခဲ့သလို တစ်ပတ်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ နောက်ထပ်တစ်ကြိမ် ဈေးတွေထပ်တက်ခဲ့ပြီး ဒီတစ်ပတ်မှာလည်း အတက်မရပ်ဘဲ မနေ့က (ဇန်နဝါရီ ၃၀ ရက်) ဈေးအဖွင့်မှာတင် ဈေးက ထပ်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဈေးအပြောင်းအလဲမရှိဘဲ မနေ့ကဈေးတွေအတိုင်းသာ ဆက်ရှိနေပါတယ်။

ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတွေထပ်တက်လာတာပါ။ ဆန်အနေအထားတွေကြောင့်ရော၊ ပြည်ပဆန် အဝယ်ရှိနေပြီး ပြည်တွင်းဆန်အထွက်နှုန်း လျော့နည်းမယ်လို့ ခန့်မှန်းမှုတွေကြောင့်ရော အဝယ်လိုက်ပြီး ဈေးတွေဆက်တိုက်မြင့်တက်နေတာဖြစ်သလို  ဆန်ဈေးထပ်တက်မှာကို စိုးရိမ်ပြီး ပြည်တွင်းဝယ်ယူ သို လှောင်မှုတွေကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့  ပြီးခဲ့တဲ့တစ်ပတ်ဈေးကွက်သုံးသပ်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အပိတ်(၂၇.၁.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (ဆန်က တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

အကျဘက်ကိုဆက်တိုက်ရောက်သွားပြီး ယခုဇန်နဝါရီ ၂၄ ရက်ကျမှ ဈေးပြန်မော့လာတဲ့ မတ်ပဲဈေးဟာလည်း ဆက်တိုက်တက်နေဆဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်တုန်းက တစ်တန် (၃၁.၁ တင်းခန့်)ကို ၁၆၅၇၀၀၀ ကျပ်ထိ ရောက်သွားတဲ့ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဟာ နေ့စဉ်အတက်ပြန်ပြလာပြီး ဒီနေ့မှာတော့ ၁၇၅၂၅၀၀ ကျပ်ထိ ပြန်ရောက်လာပြီဖြစ်သလို တစ်တန်ကို ၁၈၈၇၀၀၀ ကျပ်ထိ ဖြစ်သွားခဲ့တဲ့ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးဟာလည်း ဒီနေ့မှာ ၁၉၇၇၅၀၀ ကျပ်ထိ ပြန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဆိုတော့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၉ သောင်းကျော် ၁ သိန်းနီးပါး ဈေးတွေပြန်တက်လာတာဖြစ်ပါတယ်။

အခုလို မတ်ပဲဈေးတွေပြန်တက်နေတာဟာ အသစ်ဝင်လာတဲ့ပဲတွေ အဝယ်သွက်နေတာ၊ လက်ရှိငွေလဲလှယ် နှုန်းဈေး အနည်းငယ်ပြန်မြင့်တက်လာတာ၊ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းဝယ်ယူမှုတွေ ရှိနေ တာ၊ ဈေးတွေ အများကြီး မကျဆင်းဖို့ ဈေးထိန်းနေတဲ့အခြေအနေတွေရှိနေတာ စတာတွေကြောင့် ဖြစ်တယ်လို့ ကုန်သည်ကြီးအချို့က သုံးသပ်ကြကြောင်း AMIA ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ 

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်