ဆန်ဈေးများဆက်တက်နိုင်ချေရှိဟု ဆန်ကုန်သည်များ သုံးသပ်

18/09/2022 09:00 AM တွင် AMIA AMIA မှ ရေးသား

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆန်ဈေးတစ်ချို့ထပ်တက်လာပြီး ဆက်တက်နိုင်ချေလည်းရှိနေတယ်လို့ ဆန်ကုန်သည် တွေက သုံးသပ်ပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပေါ်ဆန်းဆန်က တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ ကြားပျံရှယ်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၄၇၀၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ သီးထပ်ရှယ်ကတော့ တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၄၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ် အသီးသီး ဈေးတွေမြင့်တက်လာတာ ဖြစ်ပါတယ်။

နယ်ဈေးကွက်တွေမှာတော့ စပါးဈေးက ၁၂ သိန်း ကနေ ၁၅ သိန်းကြားရှိနေတယ်လို့သိရပါတယ်။

ဆန်စပါးကုန်စည်ဒိုင်ကနေ ပေါ်ဆန်းဆန်တွေကို တစ်အိတ်ကို ၅၂၀၀၀ ကနေ ၇၇၀၀၀ ကြားနဲ့ ရောင်းချပေးမှုတွေ ပြုလုပ်ပေးနေပေမယ့် လက်လီဈေးကွက်မှာတော့ ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ၁ သိန်းကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီး ကန့်သတ်လိုက်တဲ့ သတင်းတွေကြောင့် အာရှ ဆန်အရောင်းအဝယ် ဈေးကွက်မှာ လှုပ်ခတ်သွားခဲ့ပြီး ပြည်တွင်းမှာလည်း အခုလိုဆန်ဈေးတွေ ထပ်တက်လာသလို ဆက်ပြီး တက်နိုင်ချေလည်း ရှိတယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ဆန်ရောင်းအား ပြည့်စုံစေဖို့နဲ့ ပြည်တွင်းဆန်ဈေး ကျစေဖို့ဆိုပြီး ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုပိတ်ပင်မှုကြောင့် ကမ္ဘာ့အခြေခံအစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းတွေ မြှင့်တက်လာနိုင်တယ်လို့ ခန့်မှန်းမှု တွေရှိနေသလို အာရှတစ်ဝန်းဆန်အရောင်းအဝယ်လည်း ရပ်ဆိုင်းသွားခဲ့ပြီး ဝယ်လက်တွေဟာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ ဘက်က ဆန်တွေကို ပြောင်းလဲဝယ်ယူဖို့ လုပ်လာကြပေမဲ့ ရောင်းလက်တွေဘက်ကလည်း ဈေးတွေ တက်နေတော့ စာချုပ်မချုပ်ဘဲ ဆိုင်းငံ့ထားကြသေးတယ်လို့ ဆန်လုပ်ငန်းထဲမှာ လုပ်ကိုင်နေသူတွေက ပြောထားပါတယ်။

Photos Crd- မေမေ့သားဆန်စက် FB page

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်