ဈေးတောက်လျှောက်မြင့်တက်နေတဲ့ ဆန်ဈေးတွေဟာ ဒီတစ်ပတ်ဈေးကွက်အဖွင့်မှာလည်း ထပ်မံမြင့်တက်လာခဲ့ပါတယ်။ အမျိုးအစားအားလုံးနီးပါး ဈေးဆက်တက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဈေးကွက်အဖွင့် တနင်္လာနေ့ (၃၀.၁.၂၀၂၃) မှာပဲ ဈေးတွေဆက်တက်ခဲ့ပြီး တစ်ပတ်လုံးအဲ့ဒီတက်ဈေးနဲ့ ငြိမ်သွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကွက်အဖွင့် ဒီနေ့မှာပဲ ဈေးတွေက ထပ်တက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်အပိတ် (၃.၂.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ သတင်းအရတော့ အခုဖေဖော်ဝါရီ လလယ်လောက်မှာ သင်္ဘောတင်ပို့ဖို့ရှိလို့ ဈေးကွက်အတွင်း ဝယ်ယူမှုများပြားနေတာ၊ ဈေးဆက်တိုက်မြင့်တက်နေလို့ ဆက်တက်မှာကိုစိုးရိမ်ပြီး ဝယ်ယူမှုများနေတာတွေက ဒီလို ဈေးတွေမြင့်တက်စေတာဖြစ်ကြောင်း ကုန်သည်တွေက သုံးသပ်ကြတယ်လို့ ဆိုထားပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။