ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတက်

17/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတက်လာပါတယ်။ 

ဒီတစ်ပတ်ဈေးအဖွင့်(၁၆.၁.၂၀၂၃ တနင်္လာနေ့) ကတည်းက အမြင့်ဈေးနဲ့ဖွင့်လာတာဖြစ်ပြီး ဒီနေ့လည်း မနေ့က (၁၆.၁.၂၀၂၂) ဈေးတွေအတိုင်းပဲ ဆက်ရှိနေတာဖြစ်ပါတယ်။

ဧည့်မထဆန်(သစ်)နဲ့ ငစိန်ဆန်(သစ်) တွေကတော့ ပြီးခဲ့တဲ့အပတ်ဈေးတွေအတိုင်းပဲ ဆက်ရှိနေပြီး ကျန်ဆန်တွေ ထဲမှာတော့ ဖျာပုံဆန်တွေကလွဲရင် အားလုံးဈေးတွေ တက်လာတာဖြစ်ပါတယ်။

တောင်ပျံ(ဖျာပုံ - သစ်) နဲ့ ပေါ်ကျွဲ (ဖျာပုံ - သစ်)တွေကတော့ ဈေးအနည်းငယ်စီ ကျဆင်းသွားတာတွေ့ရပါတယ်။

ဘယ်လောက်အထိ ဈေးတွေအတက်အကျဖြစ်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင် ပါတယ်။ (တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

နယ်စပ်စခန်းတွေပြန်ဖွင့်လာတာကြောင့် ဆန်တင်ပို့မှုတွေ ပိုမြင့်တက်လာနိုင်ပြီး ဈေးထပ်တက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းထားကြောင်း ပြီးခဲ့တဲ့အပတ် ဈေးကွက်သုံးသပ်ချက်မှာ AMIA က ပြောထားတာ ရှိပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်