ဆန်ဈေးတွေတက်နေတယ်...ဆီဈေးတွေတက်နေတယ်..

11/08/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်ထဲမှာတော့ ဆန်ဈေးတွေ၊ ဆီဈေးတွေ၊ ကြက်သွန်နီဈေးတွေဟာ အတက်ပိုင်းမှာပဲ ဆက်ရှိနေပြီး ဆီဈေးတချို့ကတော့ ဒီနေ့မှာ ထပ်တောင် တက်လာပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဒီတနင်္လာဈေးအဖွင့်တုန်းက ဆန်ချောဖြစ်တဲ့ တောင်ပျံမော်ကျွန်း(သစ်) ဟာ ၁ တင်းခွဲတစ်အိတ်ကို ၆၀၀၀၀ - ၆၁၀၀၀ ဈေးရှိရာကနေ ၆၅၀၀၀-၆၈၀၀၀ ဖြစ်သွားတာ ၃ ရက်ရှိသွားပါပြီ။ အလားတူ ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ (သစ်-ရှယ်) ဟာ ဒီတနင်္လာဈေးအဖွင့်တုန်းက ၁ တင်းခွဲတစ်အိတ်ကို ၃၈၅၀၀ - ၄၀၀၀၀ ဈေးရှိရာကနေ ၃၉၀၀၀-၄၁၀၀၀ ဖြစ်သွားတာ ၃ ရက်ရှိသွားပါပြီ ဖြစ်ပါတယ်။

ပြည်တွင်းထုတ်ဆီတွေဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီဈေးတွေကလည်း တက်ပြီးရင်း တက်နေဆဲပါပဲ။ မန္တလေးဈေးကွက်မှာ ဒီတနင်္လာဈေးအဖွင့်တုန်းက တစ်ပိဿာကို ၁၁၀၀၀ - ၁၂၅၀၀ ဈေးရှိခဲ့တဲ့ ပဲဆီဟာ ဒီနေ့မှာတော့ ၁၂၅၀၀-၁၃၀၀၀ ဖြစ်သွားပါပြီ။ ကြားထဲမှာ ဈေးတက်ခဲ့ပြီး ဒီနေ့တော့ ထပ်တက်တာပါ။ နှမ်းဆီကတော့  ဒီတနင်္လာဈေးအဖွင့်တုန်းက ၈၅၀၀-၉၅၀၀ ရှိရာကနေ ၉၀၀၀-၉၅၀၀ ဖြစ်သွားတာ ၃ ရက်ရှိသွားပြီဖြစ်ပါတယ်။

ပုသိမ်ဈေးကွက် လက်ကားဈေးတွေမှာတော့ တစ်ပိဿာဈေးနှုန်းတွေအနေနဲ့ ပဲဆီက ၁၂၀၀၀ ကနေ ၁၂၄၀၀၊ နှမ်းဆီက ၁၁၇၀၀ ကနေ ၁၂၀၀၀၊ စားအုန်းဆီက ၇၈၀၀ ကနေ ၇၉၀၀ အသီးသီးဖြစ်လာပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အမျိုးအစားအလိုက် တစ်ပိဿာကို ၁၃၅၀ ကနေ ၁၉၅၀ ကြား ဈေးရှိခဲ့တဲ့ ကြက်သွန်နီဈေးနှုန်းတွေဟာ အနိမ့်ဆုံးအမျိုးအစား ၁၅၅၀ ကျပ်ကနေ အမြင့်ဆုံးအမျိုးအစား ၂၁၅၀ ကျပ်ထိ ဈေးတွေဖြစ်သွားတာ ၂ ရက် ရှိသွားပြီပဲဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်