ထပ်တက်ပြန်ပေါ့ ဆန်ဈေးအားလုံး

31/07/2023 14:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက်မယ်ဆိုတဲ့ ဗဟိုဘဏ်ကြေညာချက်ထွက်အပြီး နောက်တစ်နေ့ ဇူလိုင် ၂၄ မှာ ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတက်ခဲ့သလို ထွက်ဖို့ကြေညာထားတဲ့ရက် ဒီနေ့ ဇူလိုင် ၃၁ ရက်မှာလည်း ဆန်ဈေးတွေ ထပ်မံမြင့်တက်လာပါတယ်။

ဇူလိုင် ၂၄ ရက်မှာ ဆန်ဈေးအားလုံးနီးပါးဈေးတွေတက်ခဲ့ပြီး တစ်ပတ်လုံး အဲ့ဒီဈေးအတိုင်း ငြိမ်နေခဲ့ရာကနေ ဒီနေ့မှာတော့ ဆန် (ဧည့်မထ ၂၅ %) (သစ်) ကလွဲလို့ ကျန်ဆန်အမျိုးအစားအားလုံး ဈေးတွေထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ 

ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ (အပြောင်းအလဲဖြစ်သွားတဲ့ဈေးနှုန်းတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နဲ့ ဆင်ဖြူတော်ရတနာ ‘ရဋ္ဌနန္ဒက’ ၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဇူလိုင် ၃၁ ရက်မှာ ‘ နှစ်သောင်းကျပ် တန်’ ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၂၃ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

‘ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန်မသင့်သော ငွေ စက္ကူအမျိုးအစားအသီးသီးတို့နှင့် ‘တန်ဖိုးတူ’ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ပါ သည်’ လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို ပြည်သူတွေက စိုးရိမ်မှုတွေ ရှိခဲ့ပြီး ဝယ်လိုအားတွေမြင့်တက်ခဲ့တာကြောင့် ဆန်ဈေးကွက်အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ဈေးကွက်သတင်းသုံးသပ်ချက်အရ သိရပါတယ်။ 

ဗဟိုဘဏ်ဘက်ကတော့ အခုလို ‘ နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေခြင်းဟာ အမှတ်တရ အနေ ဖြင့် လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ် ပေးခြင်း ဖြစ်၍ လည်းကောင်း ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ဖော်ပြအပ်ပါသည်’ လို့ သတင်း ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ကလည်း ပြီးခဲ့တဲ့သောကြာနေ့ ဇူလိုင် ၂၈ ရက်မှာ ‘ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များထုတ်ရောင်းရန် စီစဉ်သွားမည်’ ဆိုတဲ့ သတင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ ‘ ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပ ဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသောအရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ် ထားသောအရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည် ဖြစ်ပါသည်’ ‘ ကနဦးအနေဖြင့် (၂၅% အဆင့် - Single polished and Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ ၅၀၀၀၀ ကို ဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ပါသည်’ ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာတော့ ဆန်ဈေးအားလုံး ထပ်မံမြင့်တက် နေဆဲဖြစ်ပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်