တောက်လျှောက်ကျဆင်းသွားသည့် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု ပြန်မြင့်တက်လာ

05/06/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကစလို့ တောက်လျှောက်ကျဆင်းသွားတဲ့ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ပြီးခဲ့ တဲ့မေလအတွင်းမှာတော့ ပြန်လည်မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံဘက်က ဆန်ဝယ်ယူမှုအများအပြားရှိခဲ့တဲ့ ယခုနှစ်အစ ဇန်နဝါရီလအတွင်းမှာ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၈၈၃၅ မက်ထရစ်တန်အထိ ရောက်သွားခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားတာဟာ ဧပြီလအတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၈၇၆၄၈ မက်ထရစ်တန်သာ တင်ပို့ရတော့တဲ့အထိ ကျဆင်းသွားတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရမှု သိသိသာသာ လျော့ကျသွားခဲ့ပြီး နောက်ဆုံး ဧပြီ၊ မေလတွေမှာဆိုရင် ဆန်တင်ပို့မှုထိပ်ဆုံး ၅ နိုင်ငံစာရင်းတွေထဲမှာတောင် ပါဝင်လာတော့ခြင်း မရှိတော့ပါဘူး။ 

မေလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုစုစုပေါင်းအနေနဲ့ ၁၁၀၇၀၆ မက်ထရစ်တန်ရှိခဲ့ပြီး ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၄၈ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့ရတဲ့နိုင်ငံက တူရကီနိုင်ငံသို့ဖြစ်ပြီး ၁၁၃၇၆ မက်ထရစ်တန် တင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ရတာကတော့ ဘယ်လ်ဂျီယံနိုင်ငံဖြစ်ပြီး စုစုပေါင်း ၂၅၉၂၅ မက်ထရစ်တန် တင်ပို့ ခဲ့ရတာဖြစ်ပါတယ်။

ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုအနေနဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၁ ဧပြီမှ ၂၀၂၂ မတ်လထိ)မှာ တန်ချိန် ၂၁၆၈၆၈၁ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၀၉.၁၃၅ သန်း) ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လထိ) မှာတော့ တန်ချိန် ၂၂၆၁၂၀၃ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း) ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက်တော့ ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်လအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုကတော့ ၁၉၈၃၅၄ မက်ထရစ်တန်သာရှိခဲ့ပြီး ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၈၄ သန်းပဲ ရှိထားသေးတာဖြစ်ပါတယ်။

Photo Crd_MRF

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်