ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု နိုဝင်ဘာလထက် တန်ချိန် ၃၅၀၀၀ ကျော်လျော့

04/01/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုအနေနဲ့ ၂၂၈၄၄၅ တန်ရှိခဲ့ပြီး နိုဝင်ဘာ တင်ပို့မှု ထက်စာရင် တန်ချိန် ၃၅၀၀၀ ကျော်လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာလအတွင်းကတော့ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၄၀၃၇.၆ မက်ထရစ်တန်ထိရှိခဲ့တာ ဖြစ်လို့ ဒီဇင်ဘာမှာတင်ပို့မှုဟာ ၃၅၅၉၂.၆ တန် လျော့ကျသွားတာပါ။ 

ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ကုမ္ပဏီ စုစုပေါင်း ၄၂ ခုရှိခဲ့ပြီး နိုဝင်ဘာလထက် ၁ ခုပိုတိုးခဲ့တယ်လို့ သိရပါတယ်။ ဆန်တင်ပို့မှု ၁၄၈၁၂၇ မက်ထရစ်တန်၊ ဆန်ကွဲတင်ပို့မှု ၈၀၃၁၈ မက်ထရစ်တန်ဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကနေတင်ပို့မှုအနေနဲ့ ၅၃၄၈၅ မက်ထရစ်တန်သာ ရှိခဲ့ပြီး နိုဝင်ဘာလနဲ့ယှဉ်ရင် နယ်စပ်တင်ပို့မှု တန်ချိန် ၃၀၀၀၀ ကျော် လျော့ကျသွားတာပါ။ ကျန်တဲ့ ၁၇၄၉၆၀ မက်ထရစ်တန်ကိုတော့ သင်္ဘောနဲ့ပင်လယ်ဖြတ်ကျော်တင်ပို့ခဲ့တာပါ။

ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုကနေ ပြည်ပဝင်ငွေအနေနဲ့တော့ စုစုပေါင်း အမေ ရိကန်ဒေါ်လာ သန်း ၉၀ ရခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာနဲ့ယှဉ်ရင်တော့ ၁၆ သန်းလျော့သွားတာ ဖြစ်ပါတယ်။

ဆန်တင်ပို့မှုအနေနဲ့ အရင်လအတိုင်းပဲ စုစုပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ၅၄၅၅၀ မက်ထရစ်တန်သာ တင်ပို့ခဲ့ တာဖြစ်လို့ စုစုပေါင်းတန်ချိန် ၃၃၁၆၀ တန် လျော့သွားပါတယ်။ ဒါကြောင့် နိုဝင်ဘာလနဲ့ယှဉ်ရင် ဒီဇင်ဘာလမှာ ဆန်တင်ပို့မှု လျော့သွားတဲ့အဓိကအကြောင်းက ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်မှု လျော့ ခဲ့တာကြောင့်ဖြစ်တာ တွေ့ရပါတယ်။

နိုဝင်ဘာလအတွင်း စုစုပေါင်း ၄၉၆၈၅ မက်ထရစ်တန် တင်ပို့ခဲ့ရတဲ့ တရုတ်နိုင်ငံကိုလည်း ဒီဇင်ဘာလအတွင်း ၉၆၉၂ တန်လျော့ပြီး ၃၉၉၉၃ တန်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်သို့ ဆန်ကွဲတင်ပို့မှုကတော့ ၄၀၄၆၂ တန်ရှိခဲ့ပြီး နိုဝင်ဘာလနဲ့ယှဉ်ရင် ၁၆၇၁၂ တန် ပိုများခဲ့တာ ဖြစ်ပါတယ်။ 

ဥရောပတိုက်က ဘယ်လ်ဂျီယံကတော့ ဆန်ကွဲဝယ်ယူမှုလျော့ကျခဲ့ပြီး ၃၁၇၅၀ တန်သာရှိတော့ကာ နိုဝင်ဘာလနဲ့ယှဉ်ရင် ၂၄၅၉၅ တန် လျော့သွားတာဖြစ်ပါတယ်။ တင်ပို့ရတဲ့နိုင်ငံကတော့ ၁၁ နိုင်ငံဖြစ်လာပြီး နိုဝင်ဘာနဲ့ယှဉ်ရင် ၁ နိုင်ငံတိုးလာတာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလကစလို့ ဒီဇင်ဘာလအထိ ဆန်နဲ့ဆန်ကွဲပြည်ပတင်ပို့မှုမှာ နိုဝင်ဘာလအတွင်း အမြင့် ဆုံးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုင်ငံတကာသတင်းတွေအရတော့ ကမ္ဘာ့ဆန်ဈေးကွက်မှာ အဓိကကျတဲ့ အိန္ဒိယနိုင်ငံက ပြည်ပ ဆန် တင်ပို့မှုအပေါ် တားဆီးကန့်သတ်မှုတွေပြုလုပ်လိုက်တဲ့အတွက် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်နေ သေးပြီး မြန်မာနိုင်ငံကနေ ဆန် တတိယအများဆုံးတင်ပို့နေရတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၃ အတွင်း ဆန်တန်ချိန် ၃ ဒသမ ၄ သန်းလောက် တင်သွင်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်