လာမည့်စက်တင်ဘာလအတွင်း ရော်ဘာဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ခြေရှိ

20/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း ရော်ဘာဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ခြေရှိကြောင်း ရော်ဘာဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။

ရော်ဘာဈေးက အတက်ဘက်ကို ဦးတည်နေပါတယ်။ တရုတ်ဘက်က မဝယ်သေးဘူး။ ဝယ်တဲ့အချိန်ကျရင် ဈေးကောင်းမယ့်အချိန်ပါ။ ဘာဖြစ်လို့ဆိုရင် အဲ့ဒိအချိန်ကာလမှာ အခွန်မကောက်တဲ့ ကာလဆိုတော့ ဝယ်လက်က ဈေးကောင်းကောင်း ပေးလို့ရတာပေါ့။ စက်တင်ဘာလဆို သူတို့ဘက်က အစေး လိုအပ်တဲ့အချိန်၊ ဒီအချိန်ဆို မြန်မာဘက်က အစေးကို ဝယ်တယ်။

ဟု ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး/ရွှေကျင်ရွှေပင်စံ ကုမ္ပဏီ၏ ဒါရိုက်တာဦးခင်မောင်သက်က ပြောသည်။

     ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၃) ရက်က မုဒုံရော်ဘာပေါက်စျေး မှိုင်းno (3) တစ်ပေါင်လျှင် (၇၁၀) ကျပ် ပေါက်ဈေး ရှိခဲ့ပြီး၊ သြဂုတ်လ (၁၈) ရက်တွင်မူ မုဒုံရော်ဘာပေါက်စျေး မှိုင်းno (3) တစ်ပေါင်လျှင် ကျပ် (၇၃၀) မှ (၇၃၅) ကျပ် အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

ဈေးက တဖြည်းဖြည်းနဲ့ကို တက်လာတာ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်က တော်တော်ကို ဈေးကျသွားပြီး အခု ပြန်တက်လာတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း ဈေးကမဆိုးပါဘူး။ ဆက်တက်တော့ ဈေးအတက်ဘက်ကိုပဲ ဆက်လက်ဦးတည်နေဦးမှာပါ။

ဟု ဦးခင်မောင်သက်က ဆက်လက်ပြောသည်။

     မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧက ၁၄ သိန်း ဝန်းကျင် စိုက်ပျိုးထုတ်လုပ်နေပြီး ကမ္ဘာ့ရော်ဘာအသုံးပြုမှုမှာ ၂၀၂၀ ခုနှစ်၌ သန်းပေါင်း ၂၈ တန်ဝန်းကျင်အထိ ရှိလာမည်ဟု စျေးကွက်ပိုင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

နန်းထက်ထက်ချစ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်