သံပခြုပ် (Sea urchins)
သံပခြုပ်များမှာ ရေအောက်ကြမ်းပြင်တွင် နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ ရေနေသတ္တဝါ( Spiny Marine Invertabrate) အုပ်စုများ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင်ကျောက်သွေးလို့လည်း ခေါ်ကြပါသည်။ အမဲရောင်လည်းရှိပြီး ထန်းသီးအသေးအရွယ်အစားနီးပါးရှိကြသည်။ တချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက်တန်းတွေပေါ်၊ ကျောက်ခေါင်းတွေထဲမှာလည်း ခိုအောင်းနေတတ်လေ့ရှိကြပါသည်။
မြိတ်ကျွန်းစု၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။ အပူပိုင်းဒေသတစ်လျှောက်မှာရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။ ရေကျချိန်တွင် သံပခြုပ်ကောင်လေးများမှာ ပင်လယ်အောက်ရှိ ကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးတွေကို စုပ်ယူပြီး အသက်ရှင်နေထိုင်လေ့ရှိကြသည်။
သံပခြုပ် (Sea urchins)များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine)များပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ ရေနေအကောင် (globular marine invertebrate) များ ဖြစ်ကြပါသည်။ မျိုးစိတ်ပေါင်း (၉၅၀)ခန့်ရှိပြီး သံပခြုပ်များသည် သူတို့၏ ပြွန်ပုံစံခြေထောက် (tube foot)များနဲ့ ဖြေးညင်းစွာသာ ရွေ့လျားသွားလာကြပြီး တစ်ခါတရံ သူတို့၏ ဆူးချွန်များနှင့် သူတို့ကိုယ်တိုင်ပွတ်ဆွဲ သွားလာတတ်ကြပါသည်။ သံပခြုပ်များတွင် ပါးစပ်မှ စအိုသို့ထွက်သော အပေါက် (၅)ပေါက် ပါရှိကြပါသည်။
သံပခြုပ်အရွယ်အစားမှာ (၃-၁၀)စင်တီမီတာရှိကြသည်။ ဆူး(spines)များမှာ (၁-၃)စင်တီမီတာရှိပြီး (၁-၂)မီလီမီတာလုံးပတ်ရှိကြသည်။
ညမှောင်မှအစာရှာထွက်လေ့ရှိကြပြီး သူတို့ဆူးချွန်များမှာ ရေသတ္တဝါများ၏ အန္တရာယ်မှကာကွယ်ဖို့ အသုံးဝင်ကြပါသည်။ ဆူးစူးမိလျှင် အသားထဲဆူးများမြုပ်ကျန်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ ယောင်ကိုင်းလာပြီး နာလာသည်။ ရက်အနည်းငယ်တွင် ရောင်သောနေရာ ပုပ်သွားတတ်ပါသည်။
သံပခြုပ်များသည် အခြေခံအားဖြင့် အသီးအရွက်စား ( herbivores) များဖြစ်ကြပြီး ရေညှိရေမှော် (algae) များကို အဓိကစားသုံးကြပြီး ကျောရိုးမဲ့ရေသတ္တဝါငယ်များ၊ ရေနေအပင်များကိုလည်း စားတတ်ကြပါသည်။

သံပခြုပ်၏အတွင်းသားမှာ အလွန်နူးညံ့ပြီး ခွန်အားကိုတိုးစေသည်ဟု ဆိုကြပါသည်။ တချို့က အစိမ်းစားကြသည်။ သံပခြုပ်ကို ဓားလေးဖြင့် ခွဲ၊ အတွင်းမှအနှစ်များကို ဖန်ခွက်သေးသေးလေးထဲထည့်ပြီး သံပရာရည်ညှစ်ထည့်ကာ သမအောင်မွှေပြီး သောက်ကြပါသည်။ တချို့လည်း ပျားရည်၊ အရက်၊ သံပရာရည်တို့ဖြင့် သံပခြုပ်အနှစ်ကို ရောပြီး သောက်ကြပါသည်။
သံပခြုပ်ကို အရက်နှင့်စိမ်လိုက်လျှင် သံပခြုပ်ကိုယ်မှ ကျောက်သွေးများကျပြီး အရက်အရောင်မှာ သံပခြုပ်သွေးအရောင်အတိုင်း ပြောင်းသွားလေ့ရှိပါသည်။ သံပခြုပ်ကောင်ကို ယောက်ျား၊ မိန်းမမရွေးသောက်သုံးနိုင်ပြီး ကိုယ်ခံစွမ်းအားကိုကောင်းစေတယ်လို့ ဆိုကြပါသည်။ အနည်းငယ်ညှီပြီး အလွန်ရှားပါး ဆေးစွမ်းထက်သည်ဟု အယူရှိကြသည်။

ဆေးဖက်ဝင်သော သံပခြုပ်ကို စားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ သံပခြုပ်တွင်-
(၁) Protein ဓါတ်ကြွယ်ဝခြင်း
သံပခြုပ်တွေဟာ အသား၊ ငါးတွေလိုပဲ ပရိုတိန်းဓါတ်ကြွယ်ဝလို့ အသားဓါတ်ရမယ့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံးလို့ရပါသည်။ ဒါ့ကြောင့်လည်း သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါသည်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း (အသားဓါတ်) ၃.၂ ဂရမ်ပါဝင်ပါသည်။
(၂) Vitamin-A ပါဝင်ခြင်း
မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကို သံပခြုပ်မှ လုံလောက်သည့် ပမာဏအထိ ရနိုင်ပါသည်။
(၃) Vitamin-C ပါဝင်ခြင်း
သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်များနှင့် အားဆေးမစားချင်ဘူးဆိုလျှင်လည်း သံပခြုပ်ကို စားသုံးနိုင်ပါသည်။ သံပခြုပ်တွင် Vitamin-C ပါဝင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး ရောဂါများကို ခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါသည်။
(၄) Fiber ဓါတ်ကြွယ်ဝခြင်း

သံပခြုပ်တွင် အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါသည်။ အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါသည်။
(၅) ခွန်အားတိုးစေခြင်း
သံပခြုပ်ကို ကျားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်မှာ လူသိများသည့်အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။
(၆) Calories ရနိုင်ခြင်း
အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန် အားပြန်ပြည့်စေပါသည်။ ကိုယ်တွင်းကလီစာများ၏ လုပ်ဆောင်ချက်များကို မှန်ကန်သွားစေပြီး နှလုံးကို ကျန်းမာစေပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026