မျိုးစေ့ထုတ် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ တောင်သူများအား မျိုးစေ့ ဖြန့်ဝေမည်

14/12/2018 14:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူများ လိုအပ်နေသည့် စိုက်ပျိုးရေး မျိုးစေ့များကို လာမည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်းရှိ မျိုးစေ့ ထုတ်ကုမ္ပဏီများနှင့် ပူးပေါင်းချိတ်ဆက်၍ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမျိုးစေ့ ဌာနခွဲ(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ခင်မြတ်ဆွေက ပြောသည်။

 

လက်ရှိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများအား မျိုးစေ့ထုတ်လုပ်ပေးနိုင်မှု မလုံလောက်ခြင်းကြောင့် ယခုကဲ့သို့ ကုမ္ပဏီများနှင့် ပူးပေါင်းဖြန့်ဝေပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

" အရည်အသွေးကို သေချာစစ်ဆေးပြီးမှ မျိုးစေ့ ဖြန့်ဝေပေးသွားမှာပါ။ တောင်သူတွေအတွက် မျိုးစေ့ လိုအပ်မှု မျိုး မဖြစ်စေရပါဘူး " ဟု ဒေါ်ခင်မြတ်ဆွေက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်