သိုးမွေးမြူခြင်း

29/06/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သိုးသည် ခြေ()ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် အရေးပါသော သတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံ့ပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင်လည်း ခွာ (ခုရှိကြပါသည်။

    စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံး ယဥ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် သိုးသည်လည်း အပါအဝင်ဖြစ်သည်။

    သိုးများသည် အအုပ်အသင်းဖွဲ့ကာ နေတတ်ကြ၍ ခေါင်းဆောင်သိုးမှ ရှေ့ဆောင်ရာသို့သာ စုပြုံလျက်လိုက်တတ်ကြပါသည်။ ရှေ့ဆောင်လမ်းပြသည့်သိုးမှာ အသက်အရွယ်ကြီးရင့်သော သိုးထီးဖြစ်သည်။ သိုးသည် အလွန်ကြောက်အားပိုတတ်သော သတ္တဝါဖြစ်သဖြင့် ရန်သူနှင့် ရင်ဆိုင်မိလျှင် ရှောင်ဖယ်ပြေးတတ်၏ ။ ရန်သူနှင့်တွေ့လျှင် တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ကာ အုပ်စုလိုက်စု၍လည်း နေလေ့ရှိကြသည်။

    သိုးများမှာ တစ်နေရာမှတစ်နေရာသို့ သွားကြသည့်အခါ၌လည်း အချင်းချင်းတိုးဝှေ့၍ ပူးတွဲ၍ သွားလာတတ်ကြသည်။ သိုးကလေးများမှာလည်း ပေါက်ဖွား၍ မကြာမီတွင် မိခင်နောက်သို့ တကောက်ကောက်လိုက်လေ့ရှိကြပါသည်။

    တိရစ္တာန်များမှရသော ပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံးသုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်ကြသည်။ သိုးများ၏ အသားနှင့် သိုးမွှေးတို့သည် လူသားတို့အတွက် များစွာအကျိုးရှိသည်။ ထို့ကြောင့်လည်း သိုးသားနှင့် သိုးမွှေးများမှာ ယနေ့တိုင် အသုံးဝင်နေဆဲဖြစ်ပြီး သိုးရေခွံနှင့် သိုးနို့ထွက်ပစ္စည်းများမှာလည်း အရေးပါနေဆဲဖြစ်ပါသည်။ အာရှတိုက်တွင် အမြီး၌အဆီဘူးပါသော သိုးများရှိရာ ထိုအဆီကို လူသားတို့ စားသုံးကြလေ့ရှိသည်။

    လူတို့မွေးမြူကြသည့် သိုးယဥ်များနှင့် သိုးရိုင်းတို့မှာ ပုံပန်းသဏ္ဍာန်ဆင်တူကြသည်ဟု မဆိုသာချေ။ သိုးရိုင်းများတွင် ဦးချို(ဂျို)များ ထွက်လျက်ရှိကြသော်လည်း သိုးယဥ်များ၌ ဦးချိုမပါသော သိုးမျိုးများစွာ ရှိလေသည်။

    သိုးရိုင်းများတွင် အမွှေးကြမ်းရှိ၍ သိုးယဥ်တို့၌မူ သိုးမွှေးခေါ် အမွေးနုများ ရှိကြသည်။ လူသားတို့ စာပေရေးသားခြင်းအတတ် မတတ်မီခေတ်မှစ၍ သိုးမွှေးဖြင့်ချည်ငင်၍ အဝတ်အထည်များရက်လုပ်ခဲ့ကြသည်ကို ထောက်ရှု့သောအားဖြင့် သိုးသည် လူတို့ပထမဆုံးယဥ်ပါးလာအောင် ပြုလုပ်မွေးမြူကြသော တိရစ္ဆာန်ဖြစ်ဟန်တူသည်။

    ယနေ့ခေတ်ကာလတွင် မြင်တွေ့နေရသော သိုးမွှေးအထွက်ကောင်းသည်ဆိုသောသိုးတစ်ကောင်မှ ရရှိသောသိုးမွှေးအချိန်သည် လွန်ခဲ့သော အနှစ်(၅၀)က သိုးတစ်ကောင်မှထွက်သည့် သိုးမွှေးအချိန်ထက် သုံးပုံတစ်ပုံမျှပိုရှိကြောင်း သိရပါသည်။

သိုးနှင့် ပတ်သက်၍ အောက်ပါအတိုင်း သိရှိရပါသည်။

လောက - Animalia

မျိုးပေါင်းစု - Chordata

မျိုးပေါင်း - Mammalia

မျိုးစဥ် - Artiodactyla

မျိုးရင်း - Bovidae

မျိုးစု - Ovis

မျိုးစိတ် - O.aries ဟူ၍ ဖြစ်ကြပါသည်။

ဦးဇော်(dof)

Ref: သုတစွယ်စုံကျမ်း

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်