ဖုန်းသုံးရတာ နှေးလာတဲ့ အခါ ဘယ်လိုလုပ်မလဲ 

07/12/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဝက်ဘ်ဆိုက် (Website) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းသုံးရတာ နှေးလာတဲ့ အခါ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အချက်လေး ၃ ချက်ကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

၁။ ဖုန်းထဲမှ မလိုအပ်တာတွေ ဖျက်ပစ်ပါ 

        ဖုန်းရဲ့သိုလှောင်တဲ့ နေရာမှာ ဖိုင်တွေ၊ ဆော့ဝဲလ်တွေ၊ ဒေတာတွေက အဓိက နေရာယူထားတာပါ။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖုန်းထဲက မလိုတဲ့ ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေကိုလည်း ရှင်းလင်းဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ဖေ့စ်ဘုတ် မက်ဆင်ဂျာ (Facebook Messenger) လို ဖိုင်တွေထဲမှာလည်း ပုံတွေရှိနေတတ်ပါတယ်။ မလိုအပ်တဲ့ ဖိုင်တွေ ဖုန်းထဲမှာ များနေမယ်ဆိုရင် ဖုန်းသုံးတဲ့အခါ နှေးလာမှာမို့ ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ 

၂။ လှုပ်ရှားနေတဲ့ ပုံတွေ သုံးတာလျော့ချပါ 

         ဖုန်းရဲ့ မျက်နှာပြင်မှာ အချိန်နဲ့ အမျှ လှုပ်ရှားနေတဲ့ ပုံတွေ၊ လှုပ်ရှားနေတဲ့  မျက်နှာပြင်တွေ သုံးနေတယ် ဆိုရင် လျော့ချသင့်ပါတယ်။ ဒီလိုပုံတွေ အသုံးပြုခြင်းဟာ ဖုန်းရဲ့ဘက်ထရီအားကုန်တာမြန်စေသလို ကြာလာတာနဲ့ အမျှ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကိုပါ နှေးကွေးစေနိုင်ပါတယ်။ 

၃။ အခါအားလျော်စွာ ပြန်လည်စတင်ခြင်း (Restart) ပြုလုပ်ပါ 

         Restart ဆိုတာ ပြုလုပ်ပေးခြင်းဖြင့် ဖုန်းအသုံးပြုရ ပိုမိုချောမွေ့စေပြီး ဖုန်းအတွင်းမှာ ရှိနေတဲ့ ပျက်စီးနေတဲ့  ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ရှင်းထုတ်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက် Restart လုပ်ပေးမယ်ဆိုရင် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို မြန်စေမှာ ဖြစ်ပါတယ်။ တောင်သူများ အားလုံး ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။

       ယခင်တစ်ပတ်က  ဝက်ဘ်ဆိုက် (Website)  အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဝက်ဘ်ဆိုက်(Website)ဆိုတာ ဘာလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်