မွေးမြူရေးတွင် အရေးပါသည့် ……...တိုင်းရင်းငါးကျည်းငါး

18/05/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာ့တိုင်းရင်းငါးများတွင် ငါးကျည်းငါးသည်လည်း ပါဝင်ပါသည်။ ငါးကျည်းငါးမှာ ရေချိုတွင်သာ ဘဝတစ်လျှောက်လုံးနေထိုင်ကြသည့် (Potadromous) မျိုးစိတ်များ ဖြစ်ကြပါသည်။ ငါးကျည်းသည် ငါးထွေ(catfish)မျိုးနွယ်တွင် ပါဝင်ပါသည်။

    ငါးကျည်းသည် ငါးခူငါးနှင့်လည်း ဆင်တူပြီး ငါးခူငါးထက် အကောင်သေးပါသည်။ အကြေးခွံမပါဘဲ ချောမွေ့နေပြီး သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်ပါသည်။ အရောင်မှာ အမဲရောင်သန်းပါသည်။ ငါးကျည်းမှာ ငါးနှုတ်ခမ်းမွှေးပါပြီး ဆူးချွန်လည်းရှိသဖြင့် ဆူးမစူးအောင် သတိထားကိုင်တွယ်ရပါမည်။ အသားစား(Carnivorous)များဖြစ်ပြီး ငါးငယ်၊ အခွံမာရေသတ္တဝါ စသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြပါသည်။ ငါးကျည်းငါးကို ရေချို၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ကန်၊ လယ်ကွင်း စသည်တို့တွင် ရမိတတ်ကြပါသည်။

    မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းငါးများတွင် တစ်မျိုးအပါအဝင်ဖြစ်သော ငါးကျည်းငါးကို မြန်မာတွင် (၂၀၀၈)ခုနှစ်တည်းက အောင်မြင်စွာ သားဖောက်နိုင်ခဲ့ပါသည်။ ငါးကျည်းငါးကို မွေးမြူချင်သူများအနေဖြင့် သဘာဝငါးကျည်းသားဖောက်နှင့် ဆေးထိုးငါးကျည်းသားပေါက်များ ရှိနေပြီဖြစ်သဖြင့် လွယ်ကူစွာမွေးမြူနိုင်ကြပေသည်။ တိုင်းရင်းငါးများကို မွေးမြူခြင်းသည် တိုင်းရင်းငါးမျိုးများကို စောင့်ရှောက်ခြင်းဖြစ်ပေသည်။ ငါးကျည်းငါးမှာလည်း ဈေးကွက်တွင် ဈေးကောင်းရနေသော ငါးတစ်မျိုးလည်း ဖြစ်ပါသည်။

နာမည်ကြီး ငါးကျည်းဟင်းလျာများမှာ ငါးကျည်းခြောက်ကြော်၊ ငါးကျည်းအိုးကပ်ဆီပြန်၊ ငါးကျည်းကျပ်တိုက်၊ လက်ဖက်ငါးကျည်းကျပ်တိုက် ငါးခြောက်ထောင်း၊ ငါးကျည်းခြောက် ခရမ်းသီးချက်၊ ငါးကျည်းခြောက် ဘာလချောင်ကြော်တို့ဖြစ်ကြသည်။ ထို့ပြင် ငါးကျည်းငါးမှာ ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးများပါသည်။ ငါးပိကောင်ပြုလုပ်ရာ၌လည်း ငါးကျည်းငါးကို အသုံးပြုကြပါသည်။ ငါးကျည်းငါးမှာ လူကို ဝဖြိုးစေတတ်ပြီး သလိပ်ကို ပျက်စေတတ်သည့် အာနိသင်လည်းရှိသည်။

ငါးကျည်းငါးကို -

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Siluriformes

Family (မျိုးရင်း) –Heteropneustidae

Genus (မျိုးစု) – Heteropneustes

Species (မျိုးစိတ်) – Heteropneustes Fossilis

English Name (အင်္ဂလိပ်အမည်) - Small freshwater catfish

ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်