သူမ ပျားမွေးသမ

30/06/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ ပျားမွေးမြူရေးဟာ ရေရှည်ဝင်ငွေတိုးဖို့နဲ့ လူနေမှုအဆင့်မြင့်မားတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်း တွေထဲက တစ်ခုပဲ”

ဒီလိုပြောလိုက်သူက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ပျားမွေးမြူရေးဘုရင်မဆိုပြီး အတုယူအားကျ ခံနေရသူ အသက် ၃၁ နှစ်အရွယ် မန်ဂါအီခီမီ ဆိုတဲ့ အိန္ဒိယအမျိုးသမီးပါ။

မြေပိုင်ဆိုင်မှုကတော့ သူမမှာ များများစားစားမရှိပါဘူး။ ၅ ဧကလေးပါပဲ။ ဒီ ၅ ဧကပေါ်မှာ သူမဟာ သီးရောစိုက်ပျိုးခြင်း (သီးနှံမျိုးစုံရောနှောက်စိုက်ပျိုခြင်း) ကို လုပ်ပြီး ပျားမွေးမြူရေးလုပ်တာပါ။ အရမ်းကြီးများများ မွေးနိုင်တာမျိုးမဟုတ်ပေမဲ့ မိရိုးဖလာနည်းစနစ်အချို့ကနေ ခွဲထွက်ပြီး နည်းလမ်း သစ်တွေသုံးရင်းအောင်မြင်လာလို့ တခြားသူတွေရဲ့ အားကျမှုကို ရလာတာပါ။

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယစိုက်ပျိုးမွေးမြူရေးနယ်ပယ်ရဲ့ အားကျအတုယူဖွယ်ရာ အမျိုးသမီး တောင်သူတွေထဲက တစ်ဦးအဖြစ်လည်း ဖော်ပြခံထားရသူဖြစ်ပါတယ်။

ကျောင်းဆရာတစ်ပိုင်းဖြစ်သလို စိတ်အားထက်သန်စွာလုပ်တတ်တဲ့တောင်သူတစ်ပိုင်း သူမရဲ့ ယောကျ်ားဖြစ်သူကလည်း သူမကို အားပေးထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။ သူတို့မိသားစုရဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနဲ့ ပျားမွေးမြူရေးက ဝင်ငွေကိုချည်း မှီခိုနေရတာမျိုးမဟုတ်ပေမဲ့ ဒီကနေ ရေရှည်ရနေတဲ့ဝင်ငွေကြောင့်တော့ မိသားစုရဲ့လူနေမှုအဆင့်ကိုတော့ မြင့်လာစေခဲ့ပါတယ်။

“ပျားမွေးတာက တကယ့်ကို စီးပွားရေးတွက်ချေကိုက်တယ်” လို့ သူမက ဆိုပါတယ်။

မန်ဂါအီခီမီဟာ ပျားမွေးမြူရေးနည်းပညာနဲ့ ဗဟုသုတတွေကို မီဇိုရမ်ပြည်နယ်၊ ဆီယာဟာခရိုင်အတွင်း စိုက်ပျိုးရေးနည်းပညာစီမံခန့်ခွဲမှုအေဂျင်စီ (ATMA) က သင်ကြားပေးတဲ့ သင်တန်းပရိုဂရမ်မှာ တက်ရောက်ရယူခဲ့တာပါ။

ဒီကနေ သိလာတဲ့နည်းပညာဗဟုသုတတွေကို အသုံးချပြီး သူမဟာ ရိုးရာပျားမွေးမြူရေးနည်းပညာ တွေကို အဆင့်မြှင့်လုပ်ကိုင်ခဲ့ပါတယ်။

ဘယ်လိုမျိုးတွေလဲဆိုတော့..

  • ရိုးရာပျားမွေးမြူရေးပုံးတွေအစား ပျားရည်ပိုထွက်နိုင်မယ့် ခေတ်မီပျားပုံးတွေဖြစ်အောင် အစား ထိုးပါတယ်။ ရိုးရာပျားပုံးတွေမှာ ပျားတွေ အုံအလွယ်တကူလုပ်လို့ရစေမယ့် တုတ်ချောင်းထည့်ပေးတာ ဒါမှမဟုတ် တခြားပစ္စည်းမျိုးတွေ ထည့်ပေးတာမျိုးလုပ်တာပါ။ ဒါက ရိုးရှင်းလွယ်ကူတယ်ဆိုပေမဲ့ ပျားရည်အထွက်မှာတော့ တိုးလာစေပါတယ်။
  • ပျားတွေကို ဒုက္ခပေးနိုင်မယ့် တခြားပိုးမွှားသတ္တဝါတွေ ဝင်မလာစေဖို့ ပုံမှန်စစ်ဆေးတာမျိုး လုပ်ပါတယ်။ ဒါမျိုးထိန်းထားနိုင်ခြင်းက ပျားရည်ရဲ့အရည်အသွေးကိုလည်း မြင့်စေပါတယ်။
  • ပျားဘုရင်မလေးတွေကိုလည်း သူမ သေသေချာချာ ဂရုစိုက်ပြုစုပေးပါတယ်။ အစောပိုင်းတုန်းက တော့ သူမအတွက် ပျားဘုရင်မတွေကို တခြားအကောင်ငယ်လေးတွေကနေ ခွဲမြင်ဖို့ ခက်ခဲပါသေး တယ်။ ဒါပေမဲ့ အခုကျတော့ ပျားအုံတွေ တစ်နေရာတည်းမှာ အုံခဲစုပြုံမနေဖို့ ခွဲထုတ်ပေးတာ၊ ပျား အုံတွေ ပိုမိုတောင့်တင်းကြီးထွားဖို့ အချိန်ကိုက်လုပ်ပေးနိုင်တဲ့သဘောတရားမျိုးတွေအထိ ကျွမ်းကျင်နေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီပျားမွေးမြူရေးလုပ်ငန်းကနေ သူမအတွက် တစ်လဝင်ငွေ ရူပီး ၂၈၀၀၀ ( ကျပ် ၁၀ သိန်းကျော်) လောက် ပုံမှန်ဝင်ငွေရနေစေပြီ ဖြစ်ပါတယ်။ 

လုပ်ငန်းအငယ်တစ်ခုသာဖြစ်လို့ ဒီလောက်ပဲ ဝင်ငွေရနေသေးပေမဲ့ ဒေသတွင်းမှာတော့ သူမရဲ့စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ အောင်မြင်မှုအပေါ် အားကျအတုယူချင်ကြသူ များနေပြီဖြစ်ပါတယ်။ ရေရှည်ဝင်ငွေ ရနိုင်တဲ့လုပ်ငန်းမျိုးဖြစ်လို့ တခြားသူတွေ လိုက်လုပ်လာကြတာတွေလည်း ရှိလာပါတယ်။ 

ဒါတွေကြောင့်လည်း ပျားမွေးမြူရေးလုပ်ရင်း အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ မန်ဂါအီခီမီဟာ အိန္ဒိယနိုင်ငံရဲ့ အားကျအတုယူဖွယ်ရာ အမျိုးသမီးတွေထဲက တစ်ဦး အဖြစ် စံထားသတ်မှတ်ခံနေရတာဖြစ်ပါတယ်။

Ref: https://tractornews.in/articles/queen-of-bee-keeping-smt-hmangaihkimi/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်