"ငါးရံ့ငါး (Snake head murrel)”

21/09/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး အတော်စားကောင်းသည့် ငါးလည်းဖြစ်၍ "ငါးရံ့ငါးခြောက်"ကို လူတော်တော်များများ သိကြပါသည်။ ငါးရံ့အူဆီပြန်၊ ငါးရံ့ခေါင်းချဥ်ရည်ဟင်း၊ ငါးရံ့ဒန့်သလွန်သီးချက်၊ ငါးရံ့ပင်စိမ်း၊ ငါးရံ့ဆန်လှော်ဟင်း၊ ငါးရံ့ပေါင်းဟင်းများသည်လည်း လူကြိုက်များသော ဟင်းလျာများဖြစ်ကြသည်။ ထို့ပြင် ငါးရံ့ငါးမှာ ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးပြုကြပါသည်။ 

     ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိကြပါသည်။ (၁) ငါးရံ့ဒိုင်း၊ (၂) ငါးရံ့အောက်၊ (၃) ငါးရံ့ပနော်၊ (၄) ငါးရံ့ခေါင်းတို၊ (၅) ငါးအုံးမတ် တို့ဖြစ်ကြပြီး ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ရွေးချယ်မွေးမြူသင့်ကြောင်း သိရပါသည်။ 

     ငါးရံ့မျိုးစိတ်များမှာ ရေချိုတွင်သာ နေထိုင်ကြပြီး ရေချို၌သာ သားပေါက်လေ့ရှိသည့် Potamodromous မျိုးများဖြစ်ကြပါသည်။ အင်္ဂလိပ်ကို Snake head (မြွေဦးခေါင်းငါး) ဟုခေါ်ကြပါသည်။ 

     ငါးရံ့ကိုယ်ထည်မှာ ခပ်လုံးလုံးရှိ၍ အမြီးဖက်သို့ ရှူးသွားသည်။ ခေါင်းသည် မြွေခေါင်းကဲ့သို့ ပြားသည်။ အမြီးထိပ်သည် ဝိုင်းသည်။ အညိုစင်းများနှင့် အမဲကွက်များသည် တစ်ကိုယ်လုံး၌ ထင်ရှားလျက်ရှိ၏။ ငါးရံ့များသည် ငါးပြေမကဲ့သို့ လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူနိုင်၏။ လေရှူငါးမျိုးများဖြစ်ကြသဖြင့် ရေမရှိဘဲ အနည်းဆုံး(၄)ရက်ခန့် အသက်ရှင်နိုင်ကြပြီး အလွန်အသက်ပြင်းသည့် ငါးတစ်မျိုးလည်း ဖြစ်ပါသည်။ 

     ငါးရံ့မျိုးစိတ်များမှာ မြစ်၊ ချောင်း၊ ရေအိုင်ကြီးများ ရေစီးနည်းသော(သို့) ရေသေအင်းအိုင်များ၊ စိမ့်တောများတွင် နေထိုင်လေ့ရှိပြီး အများအားဖြင့် ရေအနက်(၃- ၆)ပေလောက်အထိ တွင်းတူးပြီး နေလေ့ရှိကြသည်။ အခြားငါးများနှင့်မတူသောအချက်မှာ နွေရာသီတွင် ရေခမ်းနေသာအိုင်များ၊ ကန်များ၏ အောက်ခြေတွင် ရွှံ့နွံများ၏အောက်မှာတိုးပြီး အသက်ရှင်နေထိုင်ကြပါသည်။ အကြေးခွံနှင့် လေရှူအင်္ဂါတွေ စိုစွတ်နေသရွေ့ အသက်ရှင်နိုင်ပြီး မိုးရာသီကို စောင့်ဆိုင်းနေနိုင်ကြပါသည်။ 

     ငါးရံ့များ၏ အစာမှာ ငါး၊ ဖား၊ မြွေ၊ အင်းဆက်၊ တီကောင်နှင့် ရေနေအကောင်ငယ်များကို ဖမ်းယူစားသောက်ကြပါသည်။ ငါးရံ့ငါးမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အဓိကအစားအစာဖြစ်ပြီး အာရှတိုက်နှင့် အရှေ့တောင်အာရှမှာ မွေးမြူရေးရော ဖမ်းဆီးရေးမှာပါ အရေးပါသည့် ငါးမျိုးစိတ်လည်းဖြစ်ပါသည်။ သားပေါက်သည့် အလေ့အထမှာ မိုးဦးရာသီတွင် ရေအိုင်များ၊ ရေဝင်ရောက်ရာလယ်ကွင်းများ၊ ကိုင်းကွင်းများမှာ တက်ရောက်မိတ်လိုက်ပေါက်ဖွားကြပါသည်။၊ ငါးသားပေါက်ငယ်များမှာ ရေမျက်နှာပြင်ပေါ်တွင် အုပ်စုလိုက် ကူးခတ်နေလေ့ရှိကြပြီး ငါးအထီးကြီးမှ ရေအောက်ကနေ လိုက်လံစောင့်ရှောက်ပေးတတ်ကြပါသည်။ 

     ငါးရံ့ငါးများမှာ အသားစား (carnivorous)များဖြစ်ကြပြီး မိုးဦးရာသီမှာ အစောဆုံးသားပေါက်သော ငါးမျိုးစိတ်လည်းဖြစ်သည်။ မိုးမရွာမီ သင်္ကြန်ဝန်းကျင်ကာလတွင် ငါးရံ့များ သားပေါက်ကြပါသည်။ အကြောင်းမှာ အသားစား ငါးရံ့သည် သူစားမယ့်အကောင်နဲ့ အတူတူပေါက်လို့ မရ၍ဖြစ်သည်။ စောပြီးပေါက်မှ အရွယ်မတူမှ သူစားမယ့်ငါးလေးတွေကို ဖမ်းယူနိုင်ပါမည်။ 

    ထို့ကြောင့် ရေချိုငါးလုပ်ငန်းဥပဒေမှာ ငါးရစ်/ ငါးသန် တားမြစ်ချိန်ကို ကဆုန်၊ နယုန်၊ ဝါဆိုလဟု သတ်မှတ်ထားပါသည်။ ကဆုန်လမှာ အများအားဖြင့် မိုးမရွာတတ်သော်ငြား ငါရံ့လိုငါးမျိုးစိတ်များ သားပေါက်ကာလဖြစ်လို့ ကြိုတင်တားမြစ်ရခြင်း ဖြစ်ပါသည်။ 

     ငါးရံ့ငါးမှာ Protein (အသားဓါတ်) ကြွယ်ဝစွာပါဝင်သဖြင့် နေမကောင်းသူများ၊ နလန်ထလူမမာများအတွက် 'ငါးရံ့ဆန်ပြုတ်'မှာ အာဟာရများစွာပါဝင်ပါသည်။ 

   ထိုသာမက ငါးရံ့ငါးမှာ နှုတ်ကိုမြိန်စေပြီး ဝမ်းမီးတောက်စေသည့်အပြင် ကြေလွယ်ကျက်လွယ်၏။ ချိုစိမ့်သော အရသာရှိပြီး အနည်းငယ်ဖန်၏။ 

     ငါးရံ့(၁၀)ကျပ်သားနှင့် ဆီးဖြူသီး(၁၀)ကို ရောချက်ပြီး သုံးကြိမ်မျှ စားရုံဖြင့် ဆီးချိုရောဂါ လက်တွေ့သက်သာကြောင်း ဖတ်မှတ်ရဖူးပြီး (၆)လခွဲလောက် စွဲစားပါက ရောဂါအမြစ်ပြတ်ကြောင်း သိရပါသည်။ 

ငါးရံ့ငါးနှင့်ပတ်သက်၍ 

  Phylum (မျိုးပေါင်းစု) - Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်) - Anabantiformes

 Family(မျိုးရင်း) - Channidae

Genus(မျိုးစု) - Channa

 Species(မျိုးစိတ်)  - Channa-Striata ဟူ၍ဖြစ်ပါသည်။ 

     ရေချိုငါးဖြစ်သော ငါးရံ့ငါးများမှာ လူကြိုက်များပြီး ဆေးဖက်ဝင်ငါးဖြစ်သည့်အပြင် စီးပွားရေးတွင်လည်း အရေးပါသော ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)

Ref: ဆရာဦးစန်းဝင်း(ငါးဦးစီး)၏ ငါးရံ့အကြောင်းသိကြောင်းစရာဆောင်းပါးမှ အချက်အလက်တချို့ကို မှီငြမ်းပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်