ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ

07/08/2026 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးပုလဲသည် အင်္ဂလိပ်လို Spotted Sicklefish (Drepane punctata) ဟုခေါ်သော ပင်လယ်ငါးမျိုးစိတ် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်နားရွက် ဟုလည်း လူသိများကာ အသားစားကောင်း၍ လူကြိုက်များသော ရေငန်ငါးတစ်မျိုး ဖြစ်သည်။

ငါးပုလဲကို အင်ဒို-ပစိဖိတ် သမုဒ္ဒရာဒေသတွင် အဓိကတွေ့ရှိရပြီး မြန်မာနိုင်ငံအပါအဝင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းများတွင် ကျင်လည်ကျက်စားကြသည်။င ါးပုလဲသည် သဲ သို့မဟုတ် ရွှံ့နွံထူထပ်သော ပင်လယ်ကြမ်းပြင်များ၊ သန္တာကျောက်တန်းများနှင့် ကျောက်ဆောင်များ၊ ရေအပူချိန် ၂၆ ဒီဂရီမှ ၂၉ ဒီဂရီဆဲလ်စီးယပ်စ်ရှိသော နေရာများ၊ မြစ်ဝများနှင့် ဆိပ်ကမ်းများ၊ ရေချိုနှင့် ရေငန်စပ်ရာ ဒေသများ၊ ရေအနက် ယေဘုယျအားဖြင့် ၁၀ မီတာမှ ၄၉ မီတာအထိ အနက်ရှိသော ရေပြင်များတွင် ကျက်စားကြသည်။

ငါးပုလဲကို  မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်၊ ပင်လယ်နီမှတစ်ဆင့် အာဖရိကတိုက် အရှေ့ဘက် ပင်လယ်ပြင်များ၊ ဩစတြေးလျမြောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကျွန်းစုများအထိ ကျယ်ပြန့်စွာ တွေ့ရှိရသည်။

ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်

ငါးပုလဲ၏ ခန္ဓာကိုယ်သည် ဘေးတိုက်အလွန်ပြားပြီး အပေါ်အောက် မြင့်မားသော ပုံသဏ္ဌာန် ရှိသည်။

အရောင်အသွေးမှာ တစ်ကိုယ်လုံး ငွေရောင်တောက်နေပြီး ကျောဘက်တွင် စိမ်းပြာရောင် သန်းနေတတ်သည်။ ငါးပုလဲ ခန္ဓာကိုယ်၏ အပေါ်ဘက် ဘေးတစ်ချက်စီတွင် ဒေါင်လိုက်တန်းနေသော မီးခိုးရောင် သို့မဟုတ် အနက်ရောင် အစက်အပြောက်ငယ်လိုင်းပေါင်း ၄ မှ ၁၁ လိုင်းအထိ ပါရှိခြင်းမှာ အဓိက မှတ်ကျောက်ဖြစ်သည်။

ငါးပုလဲ၏ အထူးခြားဆုံး ခန္ဓာဗေဒအင်္ဂါရပ် ဖြစ်သည့် ရင်ဆူးတောင်များသည် အလွန်ရှည်လျားပြီး ဓားကောက် သို့မဟုတ် တံစဉ်းပုံသဏ္ဌာန် (Sickle-shaped) ရှိကာ အမြီးရင်းပိုင်းအထိ ရောက်ရှိနိုင်

သည်။ကျောဆူးတောင်တွင် မာကျောသော ဆူးရိုး ၈ ခုမှ ၁၀ ခုအထိ ပါဝင်ပြီး ပျော့ပျောင်းသော ဆူးရိုး ၂၀ မှ ၂၂ ခုအထိ ပါရှိသည်။စအိုဆူးတောင်တွင် မာကျောသော ဆူးရိုး ၃ ခုနှင့် ပျော့ပျောင်းသော ဆူးရိုး ၁၇ ခုမှ ၁၉ ခုအထိ ပါဝင်ဖွဲ့စည်းထားသည်။

ငါးပုလဲ၏ ဦးခေါင်းနှင့် ပါးစပ် တည်ဆောက်ပုံမှာ ပါးစပ်ကို အောက်ဘက်သို့ ပြွန်သဖွယ် ဆွဲဆန့်ထုတ်နိုင်သော တည်ဆောက်ပုံရှိသဖြင့် ရေအောက်ကြမ်းပြင်ရှိ အစာများကို စုပ်ယူစားသောက်ရန် လွယ်ကူစေသည်။ မေးရိုးတွင် သေးငယ်ချွန်ထက်သော သွားများ စိပ်စိပ်နှင့် အစုလိုက် တည်ရှိကြသည်။

မေးစေ့အောက်ခြေတွင် သေးငယ်သော မွေးမှင်တိုလေး ၄ ခု ပါရှိတတ်သည်။

အရိုးဖွဲ့စည်းပုံ ထူးခြားချက်မှာ အသက်ကြီးရင့်သော ငါးပုလဲကြီးများတွင် ခန္ဓာဗေဒအရ Hyperostosis ဟုခေါ်သော အရိုးများ ထူထဲဖောင်းပွလာသည့် သဘာဝဖြစ်စဉ် ဖြစ်ပွားတတ်သည်။ အထူးသဖြင့် ဦးခေါင်းခွံအပေါ်ပိုင်း  မေးရိုးများနှင့် ကျောရိုးဆူးရိုးများတွင် အရိုးတစ်ရှူးများ ပုံမှန်ထက် ပိုမိုကြီးထွား ဖောင်းပွလာလေ့ရှိကြောင်း သိရသည်။ င

ါးပုလဲသည် ဘေးတိုက်ပြား၍ မြင့်သော ကိုယ်ထည်၊ တံစဉ်းပုံသဏ္ဌာန် ရှည်လျားသော ရင်ဆူးတောင် နှင့် ခန္ဓာကိုယ်ပေါ်ရှိ ဒေါင်လိုက်အစက်အပြောက်လိုင်းများ ပါဝင်သော ထူးခြားသည့် ခန္ဓာဗေဒတည်ဆောက်ပုံ ရှိကြသည်။

သားပေါက်ခြင်း 

ငါးပုလဲသည် ကမ်းခြေ သဲ သို့မဟုတ် ရွှံ့နွံထူထပ်သော ကြမ်းပြင်များ၊ သန္တာကျောက်တန်းများနှင့် ရေငန်စပ်ဝ ဒေသများတွင် မျိုးပွားကြသည်။ရေအပူချိန် ပုံမှန်အားဖြင့် ၂၆ ဒီဂရီစင်တီဂရိတ် မှ ၂၉ ဒီဂရီစင်တီဂရိတ် အတွင်းရှိသော အပူပိုင်းနွေးသမပိုင်း ရေပြင်တွင် ဥချသားပေါက်လေ့ရှိသည်။ ၎င်းတို့သည် ပင်လယ်ပြင်တွင် လွတ်လပ်စွာ မျောပါနိုင်သော ဥ သို့မဟုတ် ရေအောက်ခြေတွင် ကပ်ငြိနိုင်သော ဥ ပုံစံမျိုးဖြင့် ရေထဲသို့ ဥများအမြောက်အမြား ဥချတတ်ကြသည်။ အမက ဥများချပေးပြီးနောက် အထီးက မျိုးရည်လွှတ်ကာ ရေထဲတွင် ပြင်ပသန္ဓေအောင်ခြင်းစနစ်ဖြင့် မျိုးပွားသည်။

 ဥမှပေါက်လာသော ငါးမှုန်လေးများသည် ရေစီးနှင့်အတူ မျောပါရင်း ရေထဲရှိ အဏုဇီဝအပင်နှင့် သတ္တဝါငယ်များကို စားသောက်ကာ ကြီးထွားကြသည်။ သဘာဝပင်လယ်ပြင်တွင် ဥချခြင်းဖြစ်၍ ဥများနှင့် ငါးသားပေါက်ငယ်များသည် အခြားသော ငါးကြီးများနှင့် ရေနေသတ္တဝါများ၏ စားသုံးခြင်းကို ခံရတတ်သဖြင့် ရှင်သန်နှုန်း ရာခိုင်နှုန်းနည်းပါးတတ်သည်။ သားပေါက်ငယ်အဆင့်သို့ ရောက်ရှိလာချိန်တွင် ရန်သူများရန်မှ ကာကွယ်ရန်နှင့် အစာပေါများရန်အတွက် ဒီရေတောနှင့် ကမ်းနီးမြက်ခင်းပြင်များသို့ ရွှေ့ပြောင်း ကျက်စားကြသည်။

ဥ,အုနှုန်း

ငါးပုလဲအမတစ်ကောင်၏ ဥဥနိုင်စွမ်း သို့မဟုတ် သားပေါက်နိုင်ခြေ အရေအတွက်သည် ငါး၏ အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ အလုံးရေ ၁၄၉,၂၅၁ မှ ၇၉၆,၉၃၂ လုံး (၁ သိန်းခွဲနီးပါးမှ ၈ သိန်းနီးပါးခန့်) အထိ ရှိနိုင်ကြောင်း Central Marine Fisheries Research Institute (CMFRI) ၏ သုတေသနပြုချက်များအရ သိရသည်။

ငါးပုလဲသည် ဇွန်လမှ စက်တင်ဘာလအတွင်း (မိုးရာသီကာလများတွင်) အဓိက ဥဥလေ့ရှိပြီး ၎င်းတို့၏ ဥဥချချိန် သားပွားကာလသည် တိုတောင်း၍ ပြတ်သားမှုရှိသည်။ရှင်သန်နှုန်း: ဥအရေအတွက် သိန်းနှင့်

ချီ၍ အမြောက်အမြား ဥသော်လည်း သဘာဝပင်လယ်ပြင်ထဲတွင် ရေစီးကြောင်း၊ ရာသီဥတုနှင့် သားရဲတိရစ္ဆာန်များ၏ ရန်ကြောင့် ဥအားလုံး သားပေါက်အကောင်ကြီးအဆင့်အထိ ရှင်သန်နိုင်စွမ်းမှာမူ ရာခိုင်နှုန်း အလွန်နည်းပါးပါသည်။

အစာစားသည့် အလေ့အထ

ငါးပုလဲသည် သဘာဝအလျောက် အသားစားငါး  အမျိုးအစားဖြစ်ပြီး ပင်လယ်အောက်ခြေတွင် အစာရှာဖွေစားသုံးတတ်သည့် အလေ့အထရှိပါသည်။အဓိကစားသုံးသော အစားအစာများမှာ ကျောရိုးမဲ့ ရေသက်ရှိများ၊ ပင်လယ်အောက်ခြေရှိ ရေတီ၊ သန်ကောင် ၊ ကဏန်းငယ်များနှင့် ပုစွန်ငယ်များကို အဓိကနှစ်သက်စွာ စားသုံးကြပါသည်။ ရေအောက်ခြေ သဲ သို့မဟုတ် ရွှံ့နွံလွှာအနီးတွင် ကျင်လည်

ကျက်စားသော ငါးအသေးလေးများကို ဖမ်းယူစားသုံးတတ်ပါသည်။အခွံမာ ရေသက်ရှိငယ် ကမာ၊ ခရုငယ်များနှင့် အခြား အခွံမာရေသတ္တဝါလေးများကိုလည်း ရှာဖွေစားသုံးပါသည်။

ငါးပုလဲများသည် အများအားဖြင့် သဲ သို့မဟုတ် ရွှံ့နွံထူထပ်သော ပင်လယ်အောက်ခြေ၊ ဒီရေတောဝန်းကျင်နှင့် သန္တာကျောက်တန်းများအနီးတွင် တစ်ကောင်တည်းဖြစ်စေ၊ အုပ်စုငယ်လေးများဖြင့်ဖြစ်စေ အစာရှာဖွေလေ့ရှိကြပါသည်။ ၎င်းတို့တွင် ရှေ့သို့ဆန့်ထုတ်နိုင်သော ထူးခြားသည့် ပါးစပ်ပုံစံ ရှိခြင်းကြောင့် ရွှံ့နွံ သို့မဟုတ် သဲထဲတွင် ပုန်းအောင်းနေသော တီကောင်နှင့် ပုစွန်များကို အလွယ်တကူ စုပ်ယူဖမ်းဆီးနိုင်ပါသည်။ပါးစပ်သေးငယ်ခြင်း: ခန္ဓာကိုယ် ကြီးမားနိုင်သော်လည်း ပါးစပ်ပေါက်မှာ သေးငယ်သောကြောင့် အစာကို ကိုက်ဖြတ်ဝါးစားခြင်းထက် အစာအကောင်အထည်အသေးစားများကိုသာ ရွေးချယ်စားသုံးတတ်ပါသည်။

ငါးပုလဲစားဖွယ်စုံ

ငါးပုလဲ  သို့မဟုတ် ဆင်နားရွက်ငါးသည် အသားထူပြီး အလွန်နူးညံ့ကာ အဆီပါဝင်မှုရှိ၍ မြိန်ယှက်စွာ စားသုံးနိုင်သော အဆင့်မြင့် ပင်လယ်ငါးတစ်မျိုး ဖြစ်သည်။ ၎င်းကို ပုံစံမျိုးစုံဖြင့် အရသာရှိစွာ ချက်ပြုတ်စားသုံးနိုင်ပြီး လူကြိုက်အများဆုံး စားဖွယ်စုံ ဟင်းလျာများမှာ ငါးပုလဲပေါင်းဟင်းလျာများဖြစ်သော ရှန်ဟိုင်းစတိုင် ဂျင်း/ကြက်သွန်ဖြူဖြင့် ပေါင်းထားသော ငါးပုလဲပေါင်းနှင့် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ သံပရာရည်တို့ဖြင့် အချဉ်စပ်ပေါင်းပြီး အပူပေးစားသုံးသော ငါးပုလဲသံပရာအချဥ်ပေါင်း

ဟင်းလျာမှာ နာမည်ကြီးသည်။ ထို့ပြင် ငါးပုလဲ ဆီပြန်ဟင်း၊ငါးအကြွပ်ကြော်၊ ငါးကင်နှင့် ငါးပုလဲတုံယမ်းဟင်းချိုသည်လည်း လူကြိုက်များသောဟင်းလျာ ဖြစ်သည်။

ကျန်းမာရေးကောင်းကျိုးများ

ငါးပုလဲသည် အသားအလွန်ကောင်းမွန်ပြီး ပရိုတင်း၊ သတ္တုဓာတ်နှင့် အိုမီဂါ-၃ ကြွယ်ဝသော ပင်လယ်ငါးမျိုးစိတ်ဖြစ်သည်။ ကျန်းမာရေးအတွက် အထူးအကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

၁။ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

ငါးပုလဲတွင်ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်ဆစ်သည် သွေးကြောအတွင်းရှိ မကောင်းသည့် ကိုလက်စထရော  များကို လျှော့ချပေးပြီး သွေးတိုးကျစေရန် ကူညီပေးသည်။ 

၂။ ဦးနှောက်နှင့် မှတ်ဉာဏ်ကောင်းမွန်စေခြင်း

ငါးပုလဲကို ပုံမှန်စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ကျန်းမာစေသည်။

၃။ အရိုးနှင့် ကြွက်သားများ သန်မာစေခြင်း

ငါးပုလဲတွင် အရည်အသွေးမြင့် ပရိုတင်းဓာတ် ကြွယ်ဝသောကြောင့် ကြွက်သားများတည်ဆောက်ရန်နှင့် ခန္ဓာကိုယ် လုပ်ငန်းစဉ်များကို ကောင်းမွန်စေသည်။

၄။ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း

ငါးပုလဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ (ဇင့်၊ ဆီလီနီယမ် စသည်) ပါဝင်မှုကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။

စားသုံးရာတွင် သတိပြုရန်အချက်များ

ကျန်းမာရေးအပြည့်အဝရရှိရန် ငါးပုလဲကို အစိမ်းစားခြင်းထက် ဆီစိမ်းကြော်ခြင်း၊ ဟင်းချိုချက်ခြင်း သို့မဟုတ် ပေါင်းစားခြင်းက အဆီဓာတ်နည်းစေပြီး ပိုမိုသင့်တော်သည်။ပင်လယ်စာဓာတ်မတည့်သူများ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါသည်။

ဂေဟစနစ်အတွက် အကျိုးပြုပုံ

ငါးပုလဲသည် ကမ်းရိုးတန်း၊ ဒီရေတောဝန်းကျင်နှင့် ရွှံ့နွံထူထပ်သော ပင်လယ်အောက်ခြေ ဂေဟစနစ်များတွင် အစာကွင်းဆက်မျှခြေကို ထိန်းညှိပေးသည့် အရေးပါသော နေရာမှ ပါဝင်နေပါသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ဘေးတိုက်ပြားပြီး ငှက်ကောက်ကွေးပုံ ရင်ဆူးတောင်များ ပါရှိကာ ပတ်ဝန်းကျင် ဂေဟစနစ်အပေါ် သိသာထင်ရှားစွာ အကျိုးပြုနေသည့် အချက်များမှာ  ငါးပုလဲများသည် ဆန့်ထုတ်

နိုင်သော ၎င်းတို့၏ ပါးစပ်ကို အသုံးပြု၍ ပင်လယ်ရေအောက်ခြေ ရွှံ့နွံထဲရှိ သတ္တဝါငယ်များကို ရှာဖွေစားသောက်ကြသည်။ ရေအောက်သန်ကောင်များ၊ ပုစွန်ငယ်များနှင့် အခွံမာရေသတ္တဝါငယ်များ အစရှိသော သတ္တဝါငယ်များ အလွန်အကျွံ ပွားများမလာစေရန် အစာကွင်းဆက်အရ ထိန်းချုပ်ပေးပါသည်။ ထို့ပြင် ငါးပုလဲများသည် ကမ်းနီးရေတိမ်ပိုင်းနှင့် သန္တာကျောက်တန်းများတွင် ကျက်စားကြသဖြင့် အရွယ်အစားကြီးမားသော သားရဲငါးကြီးများ (ဥပမာ - ငါးမန်း၊ ငါးကံ့ကော်နှင့် အခြားအသားစား ငါးကြီးများ) အတွက် အရေးပါသော အစာရင်းမြစ် ဖြစ်ပါသည်။ ပင်လယ်အောက်ခြေ ရွှံ့နွံနှင့် သဲပြင်များတွင် အစာရှာဖွေစဉ် မြေလွှာကို မွှေနှောက်ပေးခြင်းကြောင့် ရေအောက်မြေလွှာအတွင်းသို့ အောက်ဆီဂျင်နှင့် ရေစီးဆင်းမှု ကောင်းမွန်စေကာ အဏုဇီဝပတ်ဝန်းကျင်ကို အကျိုးပြုပါသည်။ အကောင်ပေါက်ဘဝတွင် ဒီရေတောများနှင့် မြစ်ဝများရှိ ရေငန်စပ် ဒေသများတွင် ကြီးပြင်းကြပြီး အရွယ်ရောက်ချိန်တွင် ပင်လယ်ပြင်သို့ ရွှေ့ပြောင်း ကျက်စားကြသည်။ထိုသို့ ကူးပြောင်းသွားလာခြင်းဖြင့် ကမ်းရိုးတန်း ဂေဟစနစ်နှင့် ပင်လယ်ပြင် ဂေဟစနစ်အကြား အာဟာရဓာတ် စွမ်းအင်စီးဆင်းမှုကို ကူညီချိတ်ဆက်ပေးပါသည်။

အချုပ်အနေဖြင့် ဆိုရလျှင်-ငါးပုလဲသည် သဘာဝအားဖြင့်ထူးခြားလှပြီး ကျန်းမာရေးကောင်းကျိုးလည်း များပြားစွာရရှိနိုင်သည့်အပြင်  ဂေဟစနစ်ကိုလည်း ကောင်းကျိုးပြုသောကြောင့် လူ့အကျိုးပြု ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသား လိုက်ရပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်