သီရိလင်္ကာရဲ့ အလုံးစုံအော်ဂဲနစ်အပြောင်းအလဲ ကျရှုံးမှု..

22/06/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

အရင်နှစ် နွေရာသီတုန်းက သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘယာ ရာဂျာပါကဆာဟာ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေ သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တယ်။ သူ့မျှော်မှန်းချက်က အလှမ်းကျယ်လွန်းလှပါတယ်။ သီရိလင်္ကာကို အော်ဂဲနစ်စိုက်ပျိုးရေး ၁၀၀ ရာခိုင်နှုန်းပြည့် ကျင့်သုံးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ပြောင်းလဲပစ်ဖို့ပါ။ 

 

ရလဒ်ကတော့ တစ်နှစ်တောင် မပြည့်သေးခင် အချိန်အတွင်းမှာပဲ နိုင်ငံဟာ စီးပွားရေးအကျပ်အတည်း၊ ရောင်းကုန်ပြတ်လပ်မှုအကျပ်အတည်းတို့နဲ့ မလူးသာမလွန့်သာ ဖြစ်ကျန်ခဲ့ပါပြီ။

 

တင်းပြည့်ကျပ်ပြည့် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဆီ ကူးပြောင်းရေးဟာ ဂိုတာဘယာရဲ့ ၂၀၁၉ မဲဆွယ်စည်းရုံးရေးကာလ အဓိကရွေးကောက်ပွဲ ကတိကဝတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအကူးအပြောင်းကို ၁၀ နှစ်အတွင်း ဖော်ဆောင်မယ်လို့ ကတိပြုခဲ့တာပါ။ သူ ရွေးကောက်ပွဲနိုင်ပြီး လအနည်းငယ်ကြာတော့ ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပါတယ်။ ဒီလိုဖြစ်နေတဲ့ကြားကပဲ ဂိုတာဘယာဟာ ၂၀၂၁ ဧပြီ ၁၆ ရက်နေ့မှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး တင်သွင်းမှု၊ သုံးစွဲမှုအပေါ် အလုံးစုံ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ သီရိလင်္ကာ တောင်သူလယ်သမား နှစ်သန်းနီးပါးအတွက် လာခြင်းကောင်းမယ်လို့ ထင်ခဲ့ရတဲ့ ဒီအပြောင်းအလဲဟာ မကြာခင်မှာပဲ ရလဒ်ပြောင်းပြန် ထွက်ပေါ်ခဲ့ပါတယ်။

 

ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဟာ အလျင်အမြန်ပဲ ထင်ရှားပေါ်လွင်လာပါတယ်။ ဓာတုဆေးဝါးတွေ သုံးစွဲခွင့်ပိတ်လိုက်တာကြောင့် နိုင်ငံထဲက စိုက်ပျိုးမြေအားလုံးအနက် သုံးပုံတစ်ပုံနီးပါး လှပ်ထားလိုက်ရတယ် လို့ အယ်လ်ဂျာစီယာ သတင်းဌာနက အစီရင်ခံပါတယ်။

 

တားမြစ်မိန့်ထုတ်ပြန်ပြီး ခြောက်လအတွင်း တစ်ချိန်က ပြည်တွင်းဖူလုံခဲ့ဖူးတဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ၂၀ ရာခိုင်နှုန်း ကျသွားပါတယ်။ ဒါကြောင့် သီရိလင်္ကာဟာ ပြည်တွင်းဆန်ရောင်းအား ပြည့်မီစေဖို့နဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ကြီးမြင့်သွားတဲ့ ဆန်ဈေးကို ထိန်းချုပ်နိုင်ဖို့ အမေရိကကန်ဒေါ်လာ သန်း ၄၅၀ ဖိုး ဆန်တင်သွင်းခဲ့ရပါတယ်။

 

ယခုအခါ အစိုးရဟာ နိုင်ငံတွင်းက လယ်သမားတွေကို သူတို့ရဲ့ လှပ်ထားလိုက်ရတဲ့ မြေတွေ၊ ဆုံးရှုံးသွားခဲ့ရတဲ့ သီးနှံတွေအတွက် သီရိလင်္ကာရူပီး သန်း ၄၀၀၀၀ (ဒေါ်လာ သန်း ၂၀၀) ပေးချေသွားရတော့မယ်။ အဲဒီ ငွေတွေအပြင် အစိုးရဟာ နစ်နာဆုံးရှုံးခဲ့တဲ့ ဆန်စပါးတောင်သူတွေကို ဈေးနှုန်းအမတော်ကြေးငွေအဖြစ် ဒေါ်လာ ၁၄၉ သန်း ပေးချေရပါဦးမယ်။

 

သီးနှံတွေ ပျက်စီးပြီး ကြွေးနွံနစ်ကုန်ကြတဲ့ သီရိလင်္ကာလယ်သမားတွေကတော့ အစိုးရပေးအပ်ငွေဟာ ဆုံးရှုံးတာနဲ့ မကာမိဘူးလို့ ဆိုကြပါတယ်။ သီရိလင်္ကာရဲ့ အဓိကပို့ကုန် နိုင်ငံခြားဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကို ထိတာကတင် နိုင်ငံအတွက် စီးပွားရေးဆုံးရှုံးမှု ဒေါ်လာ ၄၂၅ သန်း ဖြစ်ပေါ်စေခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

 

စိုက်/ဆေးတွေ တားမြစ်လိုက်တာရဲ့ ဂယက်ဟာ တစ်နိုင်ငံလုံးအပေါ် သက်ရောက်ခဲ့ပါတယ်။ Foreign Policy မဂ္ဂဇင်းရဲ့ ရေးသားချက်အရ စိုက်/ဆေးပိတ်ပင်ပြီးနဲ့ ကပ်ရောဂါကာလနောက်ပိုင်း သီရိလင်္ကာ နိုင်ငံသား သန်းဝက်နီးပါး ဆင်းရဲနွမ်းပါးမှု သတ်မှတ်မျဉ်းအောက်ကို ကျရောက်သွားတယ် သိရပါတယ်။

ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်း ပိတ်လိုက်ရတာနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြိုလဲမှုတို့ ပေါင်းပြီး ဖြစ်ပေါ်လာတဲ့ သီရိလင်္ကာရဲ့ စီးပွားရေးအကျပ်အတည်းဟာ အလွန်ဆိုးလှတဲ့ စားနပ်ရိက္ခာပြတ်လပ်မှုကနေ လျှပ်စစ်မီး လုံးဝ ပြတ်တောက်တာတွေအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။ လက်ဖက်အထွက်ကျဆင်းသွားတာနဲ့ စီးပွားရေးပြဿနာတွေကို တုံ့ပြန်ဖြေရှင်းဖို့ ပထမဆုံး ကြိုးပမ်းချက်အဖြစ် အစိုးရက ၂၀၂၁ နိုဝင်ဘာလမှာ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး ပိတ်ပင်တားမြစ်မှုကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခဲ့ပါတယ်။ အဲဒါကတော့ လက်ဖက်၊ အုန်းနဲ့ ရာဘာတွေ စိုက်ပျိုးသူတွေကို အော်ဂဲနစ်မဟုတ်တဲ့ အလေ့အကျင့်တချို့ ကျင့်သုံးခွင့် ပြုလိုက်တာဖြစ်ပါတယ်။ အခုတော့ ပိတ်ပင်တားမြစ်မှုကို အပြည့်အဝ ဖယ်ရှားပေးလိုက်ပါပြီ။ ဒါပေမဲ့လည်း စီးပွားရေးဘဏ်တွေမှာ နိုင်ငံခြားငွေ ပြတ်လပ်နေတော့ ပိတ်ပင်ထားချိန်မှာ မတင်သွင်းလိုက်ရတဲ့ သွင်းအားစုတွေ ဝယ်ယူဖို့ သွင်းကုန်သမားတွေထံ ငွေကြေး မပံ့ပိုးပေးနိုင်တော့ပါဘူး။

 

၂၀၂၁ ခုနှစ်ထဲမှာ သီရိလင်္ကာရဲ့ အော်ဂဲနစ်အကူးအပြောင်းနဲ့ စပ်လျဉ်းပြီး အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ "သီရိလင်္ကာဟာ အော်ဂဲနစ်မြေသြဇာထုတ်လုပ်နိုင်စွမ်းလည်း မရှိ၊ ဓာတ်မြေသြဇာနေရာ အစားထိုးဖို့ အော်ဂဲနစ်မြေသြဇာ တင်သွင်းရေးအစီအမံလည်း ချမှတ်မထားတာကြောင့် နိုင်ငံစားနပ်ရိက္ခာဖူလုံမှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မဲ့အလားအလာ ကြီးမားနေတယ်" လို့ ခန့်မှန်းခဲ့ပါတယ်။ အခုလည်း အဲဒီ ခန့်မှန်းချက်ထဲကအတိုင်း အတိအကျ ဖြစ်ပျက်နေတော့တာပါပဲ။

ဝေယံဟိန်း (B.Ag)

Ref: Sri Lanka’s Organic Experiment Went Very, Very Wrong - Modern Farmer

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်