နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပွင့်လန်းလာရန် လျှော်ဖြူစိုက်ပျိုးသူများမျှော်လင့်နေ

11/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လန်းလာပြီး၊ လျှော်ဖြူဈေးကွက်ကောင်းများရရှိရန် မျှော်လင့်လျှက်ရှိကြောင်း လျှော်ဖြူပင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။ 

"လျှော်ဖြူစေးက ဝယ်လက် လုံးဝ မရှိတာမျိုးတော့မဟုတ်ဘူး။ ဝယ်လက်တွေကရှိပေမယ့် တင်ပို့မယ်ဆိုရင် အရင်လိုပမာဏနည်းနည်းချင်းစီ အဆင်ပြေသလို တင်ပို့လို့မရတော့တဲ့အတွက် ကွန်တိန်နာတစ်စီးလုံးအပြည့်မှ တင်ပို့လို့ရမယ့် အခြေအနေမျိုးတွေရှိနေတယ်။ ဒါက တောင်သူငယ်တွေ/ကုန်သည်ပွဲစားငယ်တွေအတွက်လည်း အဆင်မပြေသလို၊ ပမာဏအများကြီးပို့တဲ့အခါ အရည်အသွေးထိန်းသိမ်းပြီး တင်ပို့နိုင်ဖို့ကလည်း လိုအပ်ချက်တွေရှိပြန်တယ်။ ပင်လယ်ရေကြောင်းခရီးကနေ တင်ပို့ကြမယ်ဆိုတော့လည်း ကုန်ကျစရိတ်က အများကြီးရှိနိုင်တယ်။ လျှော်ဖြူစေးရောင်းချပြီးတော့ ပြန်ရနိုင်မယ့်အမြတ်အစွန်းနဲ့ တင်ပို့ရတဲ့ကုန်ကျစရိတ်နဲ့က မကာမိဘူးလေ။"

ဟု မန္တ​လေးတိုင်း​ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဂန္ဓမာရွာ၊ မန္တ​လေး-မတ္တရာကားလမ်း၊ မိုင်တိုင်(၁၁) အနီးရှိ နန္ဒဝန်လျှော်ဖြူထုတ်လုပ်ရေးခြံမှ စီမံအုပ်ချုပ်သူ ဦးဇင်မင်းသန့်က ပြောသည်။

လျှော်ဖြူပင်၏အစေး (ဆေးကုလားမ)ကို မြန်မာနိုင်ငံမှ အိမ်နီးနိုင်ငံတစ်ချို့သို့ ယခင်ခေတ်အဆက်ဆက် ရောင်းချခဲ့ကြပြီး၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်ပွားမှု ဒုတိယလှိုင်းကာလမှ စတင်၍ ဈေးကွက်တင်ပို့မှုအပိုင်းမှာ အားနည်းသည်ထက် အားနည်းလာခြင်း ဖြစ်သည်။

"ပထမကိုဗစ်လှိုင်းကာလတုန်းကတောင် ဈေးကွက်က သူ့ဈေးကွက်လေးနဲ့သူ လည်ပတ်နေခဲ့ပါသေးတယ်။ ဒုတိယနဲ့ တတိယ ကိုဗစ်လှိုင်းကာလတွေမှာ တောင်သူတွေအနေနဲ့ အရင်ကထက် ဈေးကွက်ကျဆင်းမှုဒဏ်ကို ခံစားလာရတာပါ။ တစ်ချို့တောင်သူတွေဆိုရင် လျှော်ဖြူပင်စိုက်ပျိုးရာကနေ တစ်ခြားသီးနှံအမျိုးအစား/တစ်ခြားဈေးကွက်ကောင်းရာ နှစ်ရှည်ပင်အမျိုးအစားတွေကို ပြောင်းလဲစိုက်ပျိုးတဲ့သူတွေလည်း ရှိလာတယ်။ ပြည်တွင်းဈေးကွက်မှာပဲ မဖြစ်ဖြစ်အောင် ရောင်းချပြီး၊ ဈေးကွက်ပြန်လည်ကောင်းမွန်လာချိန်ကို စောင့်ဆိုင်းနေသူတစ်ချို့လည်း ရှိပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လျှော်ဖြူပင်များကို အဓိကအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အနီးတစ်ဝိုက်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်ထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်