မက္ကဒေးမီးယားကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် ခိုင်မာသည့်ဈေးကွက်ကောင်းများ လိုအပ်နေ 

19/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် မက္ကဒေးမီးယားကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် အတွက် ခိုင်မာသည့် ဈေးကွက်ကောင်းများ လိုအပ်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသည့် တောင်သူများက ဆိုသည်။

မက္ကဒေးမီးယားပင်က ရတဲ့ အစေ့အဆံကို ချောကလက်၊ ရေခဲမုန့်၊ သကြားလုံးတို့မှာ ထည့်သွင်းစားသုံးကြပါတယ်။  ဒီသီးနှံက နှစ်ရှည်သီးနှံ အမျိုးအစားတစ်ခု ဖြစ်တယ်။ စျေးကွက်ခိုင်မာတယ်၊ လုပ်သားလိုအပ်ချက် နည်းတယ်၊ တန်ဖိုးမြှင့်ကွင်းဆက် ထုတ်လုပ်လို့ရတဲ့ စက်မှုကုန်ကြမ်းသီးနှံလည်း ဖြစ်တာကြောင့် စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ အခုက မိုးတွင်းကာလ ဖြစ်တာကြောင့် လုပ်အား လုပ်နိုင်ချိန် နည်းပါးခြင်းနဲ့ အခြောက်ခံစနစ်တွေ လိုအပ်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဥ်နဲ့ ခိုင်မာတဲ့စျေးကွက်ရှိတဲ့ ပြည်ပနိုင်ငံတွေဆီကို တင်ပို့ရောင်းချနိုင်ဖို့ အတွက်တော့ ခက်ခဲနေပါသေးတယ်။

ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာမှ မက်ကာဒေးမီးယားပင် စိုက်ပျိုးသူ ဦးဇော်ဝင်းနိုင်က ပြောသည်။

     မြန်မာနိုင်ငံတွင် မက်ကာဒေးမီးယားပင်ကို တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း အစရှိသည့် ဒေသများ၌ တွေ့ရှိရသည်။

မက္ကဒေးမီးယားက ပြည်တွင်း ပြည်ပ (တရုတ်နိုင်ငံ) စျေးကွက်ရှိပါတယ်။ လက်ရှိမှာ အခွဲစိမ်းကို ချွတ်ပြီး ရောင်းချရင် တစ်ကီလိုကို အနည်းဆုံး (၅,၀၀၀) ကျပ် ရရှိပါတယ်။ ကုန်ချောထုတ်ကုန် အနေနဲ့ ရောင်းမယ် ဆိုရင်တော့ (၁၀၀) ဂရမ်ကို (၆,၀၀၀) ကျပ် ဝန်းကျင် ရပါတယ်။ ပျိုးပင်က အစေ့စိုက်ဆိုရင် (၁,၀၀၀) ကျပ် လောက် ပေးရပြီး ကိုင်းကူးပင် ဆိုရင်တော့ (၅,၀၀၀) ကျပ် အထက် ပေးရပါတယ်။ စိုက်စရိတ်က တစ်ဧကကို ကျပ် (၃) သိန်းကနေ ကျပ် (၅) သိန်း အတွင်း ကုန်ကျနိုင်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

     မက္ကဒေးမီးယားပင် စိုက်ပျိုးရန်အတွက် ဧပြီလဝန်းကျင်တွင် စနစ်တကျမြေပြင် မြေသြဇာကျွေးမွေးကြပြီး၊ မေလအကုန်၊ ဇွန်လဆန်း ကာလများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

နန်းထက်ထက်ချစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်