အထွက်နှုန်းကောင်းသည့် ကန်စွန်းဥမျိုးများ ပြောင်းစိုက်နိုင်ရန် ကွင်းဆင်းပညာပေးမည်

03/01/2019 14:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြည်တွင်း၌ ကစွန်းဥ စိုက်ပျိုးမှု လျော့နည်းကျဆင်းလာသည့်အတွက် အထွက်နှုန်းကောင်းသည့် ကစွန်းဥမျိုး များကို ပြောင်းလဲစိုက်ပျိုးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ တောင်သူများအား ကွင်းဆင်းပညာပေးခြင်း များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

" ပြည်တွင်းက ထွက်တဲ့ ကန်စွန်းဥတွေက စျေးကွက်မရဘူး၊ အထွက်နှုန်း မရှိဘူး။ တောင်သူတွေက ဥကန်စွန်း ကို ဖိရိုးဖလာမျိုးတွေပဲ စိုက်ပျိုးလာတဲ့အခါမှာ ပြည်ပက တင်သွင်းလာတဲ့ မျိုးတွေက အထွက်နှုန်းအားဖြင့်လည်း သာတယ်။ စျေးကွက်မှာလည်း စျေးရတဲ့အနေအထား မရှိတော့တဲ့အခါ စိုက်ပျိုးတဲ့ကဏ္ဍမှာပါ ကျဆင်းလာတဲ့ အနေအထား ရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညောင်နှစ်ပင်ဥယျာဉ်ခြံမှ ဦးစီးမှူး ဦးအောင်ဌေးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကန်စွန်းဥ အရည်အသွေးနှင့် အထွက်နှုန်း နည်းပါးလာပြီး စိုက်ပျိုးမှုမှာ လည်း သိသာစွာ လျော့ကျလာသည့်အတွက် တောင်သူများကို စုစည်းကာ နည်းပညာပို့ချမှု သင်တန်းများကို အထွေထွေ သမဝါယမလီမိတက်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ညောင်နှစ်ပင် ဥယျာဉ်ခြံ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်