လျှော်ဖြူစိုက်ပျိုးရေးအတွက် စနစ်တကျပံ့ပိုးမှုများရရှိပါက နိုင်ငံအတွက် ပြည်ပပို့ကုန်အမယ်သစ်တစ်ခု ဖြစ်လာနိုင် 

04/11/2020 11:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

      လျှော်ဖြူစိုက်ပျိုးရေးအတွက် စနစ်တကျပံ့ပိုးမှုများရရှိပါက နိုင်ငံအတွက် ပြည်ပပို့ကုန်အမယ်သစ်တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အစိုးရက သင့်တင့်မျှတတဲ့ အခွန်ကောက်ပြီး စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးမယ့် အစီအစဥ်မျိုးသာ ပေါ်ပေါက်လာမယ်ဆိုရင် စိုက်ပျိုးထုတ်လုပ်သူတွေရဲ့အခြေအနေ ပိုမိုကောင်းမွန်လာပြီး နိုင်ငံအတွက် ပြည်ပပို့ကုန်အမယ်သစ်တစ်ခုလည်း ရသွားမှာပါ။ လျှော်ဖြူစိုက်ပျိုးရေးကို တကယ်သာ စနစ်တကျ ပံ့ပိုးပေးမယ်ဆိုရင် နိုင်ငံခြားဝင်ငွေတိုးလာနိုင်သလို၊ သဘာဝပတ်ဝန်းကျင်နဲ့ အပူပိုင်းဒေသတွေကို စိမ်းလန်းစိုပြေစေတဲ့ ကောင်းကျိုးတွေကိုပါ ရစေနိုင်ပါတယ်။

ဟု မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးဇင်မင်းသန့် က ပြောသည်။

       လျှော်ဖြူအစေး တင်ပို့ရောင်းချရာတွင် သဘာဝကြာဇံမျှင်၊ ကြာဇံအတို၊ ရေခဲပွင့်၊ ထိပ်စ/AAA ၊ One စ၊ အောက်စ စသည်ဖြင့် အရည်အသွေးပေါ်မူတည်ပြီး ခေါ်ဝေါ်ရောင်းချနေကြပြီး၊ တရုတ်နိုင်ငံသို့ အဖမ်းအဆီးကင်းကင်းဖြင့် တရားဝင်တင်ပို့ရောင်းချခွင့်ရရှိရန် တောင်သူအများ မျှော်လင့်နေကြသည်။

ကျွန်တော်တို့လေ့လာမိသလောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဈေးကွက်ရှိထားပြီး တစ်နေ့ထက်တစ်နေ့ ဈေးကွက်နေရာရလာတဲ့ သီးနှံထုတ်ကုန်မျိုးဟာ အခိုက်အတံ့ အရောင်းအဝယ် နှေးတာ၊ ဈေးနည်းတာ/ဈေးများတာသာ ရှိမယ်။ ဈေးကွက်လုံးဝ ပျောက်သွားတဲ့အထိ မဖြစ်နိုင်ပါဘူး။

ဟု ၎င်းက ဆက်လက်ပြောသည်။

         မြန်မာနိုင်ငံတွင် လျှော်ဖြူပင်စိုက်ပျိုးရေးကို အပူပိုင်းဒေသများဖြစ်ကြသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့၌ အများဆုံးစိုက်ပျိုးနေကြသည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်