အရှေ့အလယ်ပိုင်းဒေသ ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးတွေ မြင့်တက်လာ

30/04/2022 07:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အရှေ့အလယ်ပိုင်းဈေးကွက်တွေကနေ ဆန်ဝယ်အား တိုးတက်လာတာကြောင့် ယခုအပတ်အတွင်း ထိုင်းဆန်ပို့ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ယခုအပတ်အတွင်း အိန္ဒိယနဲ့ ဗီယက်နမ်ဆန်ဈေးတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

ထိုင်းငါးမှတ်ဆန်ဈေးဟာ ယခင်အပတ်က တစ်တန်ကို ၄၁၀-၄၁၆ ဒေါ်လာနှုန်းမှာ ရပ်တည်ခဲ့ရာကနေ ဒီတစ်ပတ်မှာ ၄၃၂-၄၃၅ ဒေါ်လာအထိ ရောက်ရှိလာပါတယ်။

"အီရတ်နဲ့ အီရန်တို့လို ဈေးကွက်တွေဆီက ဝယ်လိုအား မြင့်တက်လာသလို ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး တိုးတက်လာတာကြောင့်လည်း ဆန်ဝယ်အား တက်လာပါတယ်" လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဝယ်လက်တွေဟာ ဆန်ဝယ်ယူဖို့ ၎င်းတို့ ကိုယ်ပိုင်သင်္ဘောတွေ စေလွှတ်ပေးတာကြောင့် ထိုင်းဆန်ပို့ကုန်လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုအဖြစ် ရှိနေတဲ့ ကုန်တင်သင်္ဘောစရိတ်စက ပြဿနာလည်း ထည့်တွက်စရာ မလို‌တော့ကြောင်း ကုန်သည်တွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်မှုအရ ဘတ်ငွေ တန်ဖိုးကျဆင်းခဲ့တာကလည်း ယခုအပတ်အတွင်း ထိုင်းဆန်ဈေးတွေ မြင့်တက်လာစေဖို့ အားပေးခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဆန်တင်ပို့မှု ထိပ်သီး အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ပေါင်းဆန်ဈေးကတော့ ယခင်အပတ်ကအတိုင်း မပြောင်းလဲဘဲ တစ်တန်ကို ၃၆၁ ဒေါ်လာကနေ ၃၆၅ ဒေါ်လာကြား ရပ်တည်နေပါတယ်။

"အစိုးရက ဆင်းရဲသားတွေအတွက် ဆန်ကို သက်သာတဲ့ဈေးနဲ့ ဒါမှမဟုတ် အခမဲ့ ဖြန့်ဝေပေးနေတာကြောင့် ပြည်တွင်းဆန်ရောင်းအား ကောင်းမွန်နေပါတယ်" လို့ အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ် ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဗီယက်နမ်ငါးမှတ်ဆန်ဈေးကလည်း ယခင်အပတ်ကအတိုင်းပဲ တစ်တန်ကို ၄၁၅ ဒေါ်လာမှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ လာမဲ့သီတင်းပတ်တွေထဲမှာ ဗီယက်နမ် နွေဦးသီးနှံက ရိတ်သိမ်းထားတဲ့ ဆန်စပါးတွေ လျော့နည်းလာကာ ဆန်ရောင်းအားတွေ ကျဆင်းလာဖို့ရှိပြီး ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

"ကုန်သည်တွေဟာ ဈေးတက်အလာကို စောင့်နေကြတာကြောင့် ဆန်ပို့ကုန်စာချုပ်သစ်တွေ ချုပ်ဆိုဖို့ လက်တွန့်နေကြပါတယ်" လို့ ၎င်းကုန်သည်က ပြောပါတယ်။

ကနဦးသိရတဲ့ ပို့ကုန်အချက်အလက်တွေအရ ဟိုချီမင်းစီးတီးဆိပ်ကမ်းကနေ ဧပြီလထဲမှာ ဆန်တန်ချိန် ၃၀၀၉၉၀ တန်နဲ့ မေလ ပထမပတ်မှာ တန်ချန် ၄၀၀၀၀ သင်္ဘောတင်ခဲ့ပြီး အများစုဟာ ဖိလစ်ပိုင်၊ အာဖရိကနဲ့ ကျူးဘားကို ဦးတည်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အစိုးရက လယ်သမားတွေဆီက ဆန်ကို တစ်ကီလိုဂရမ်ကို ၄၀ တာကာ (သုည ဒသမ ၄၈ ဒေါ်လာ) နှုန်းနဲ့ ဝယ်ယူဖို့ ရှိပြီး ယခင်နှစ်က ပေးခဲ့တဲ့ ၃၆ တာကာနှုန်းထက် တိုးမြှင့်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာဝန်ကြီး ဆက်ဒန်ချန်ဒရာက ပြောပါတယ်။

အစိုးရဟာ မေလ ၇ ရက်ကနေ နွေစပါး စတင်ဝယ်ယူသွားမှာ ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁ ဒသမ ၈ သန်း ဝယ်ယူဖို့ စီစဉ်ထားကြောင်း ၎င်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းဆန်ဈေးတည်ငြိမ်စေဖို့နဲ့ ဆင်းရဲသားတွေကို ကျွေးမွေးနိုင်ဖို့ ကြိုးစားနေရပြီး အဲဒီအတွက် အစိုးရရဲ့ ယခုအစီအစဉ်ဟာ အလွန်ပဲ အရေးပါလှပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: ASIA RICE-THAILAND RATES RISE ON DEMAND FROM MIDDLE EAST - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်