အရှေ့အလယ်ပိုင်းဒေသ ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးတွေ မြင့်တက်လာ

30/04/2022 07:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အရှေ့အလယ်ပိုင်းဈေးကွက်တွေကနေ ဆန်ဝယ်အား တိုးတက်လာတာကြောင့် ယခုအပတ်အတွင်း ထိုင်းဆန်ပို့ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ယခုအပတ်အတွင်း အိန္ဒိယနဲ့ ဗီယက်နမ်ဆန်ဈေးတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

ထိုင်းငါးမှတ်ဆန်ဈေးဟာ ယခင်အပတ်က တစ်တန်ကို ၄၁၀-၄၁၆ ဒေါ်လာနှုန်းမှာ ရပ်တည်ခဲ့ရာကနေ ဒီတစ်ပတ်မှာ ၄၃၂-၄၃၅ ဒေါ်လာအထိ ရောက်ရှိလာပါတယ်။

"အီရတ်နဲ့ အီရန်တို့လို ဈေးကွက်တွေဆီက ဝယ်လိုအား မြင့်တက်လာသလို ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး တိုးတက်လာတာကြောင့်လည်း ဆန်ဝယ်အား တက်လာပါတယ်" လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဝယ်လက်တွေဟာ ဆန်ဝယ်ယူဖို့ ၎င်းတို့ ကိုယ်ပိုင်သင်္ဘောတွေ စေလွှတ်ပေးတာကြောင့် ထိုင်းဆန်ပို့ကုန်လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုအဖြစ် ရှိနေတဲ့ ကုန်တင်သင်္ဘောစရိတ်စက ပြဿနာလည်း ထည့်တွက်စရာ မလို‌တော့ကြောင်း ကုန်သည်တွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်မှုအရ ဘတ်ငွေ တန်ဖိုးကျဆင်းခဲ့တာကလည်း ယခုအပတ်အတွင်း ထိုင်းဆန်ဈေးတွေ မြင့်တက်လာစေဖို့ အားပေးခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဆန်တင်ပို့မှု ထိပ်သီး အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ပေါင်းဆန်ဈေးကတော့ ယခင်အပတ်ကအတိုင်း မပြောင်းလဲဘဲ တစ်တန်ကို ၃၆၁ ဒေါ်လာကနေ ၃၆၅ ဒေါ်လာကြား ရပ်တည်နေပါတယ်။

"အစိုးရက ဆင်းရဲသားတွေအတွက် ဆန်ကို သက်သာတဲ့ဈေးနဲ့ ဒါမှမဟုတ် အခမဲ့ ဖြန့်ဝေပေးနေတာကြောင့် ပြည်တွင်းဆန်ရောင်းအား ကောင်းမွန်နေပါတယ်" လို့ အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ် ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဗီယက်နမ်ငါးမှတ်ဆန်ဈေးကလည်း ယခင်အပတ်ကအတိုင်းပဲ တစ်တန်ကို ၄၁၅ ဒေါ်လာမှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ လာမဲ့သီတင်းပတ်တွေထဲမှာ ဗီယက်နမ် နွေဦးသီးနှံက ရိတ်သိမ်းထားတဲ့ ဆန်စပါးတွေ လျော့နည်းလာကာ ဆန်ရောင်းအားတွေ ကျဆင်းလာဖို့ရှိပြီး ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

"ကုန်သည်တွေဟာ ဈေးတက်အလာကို စောင့်နေကြတာကြောင့် ဆန်ပို့ကုန်စာချုပ်သစ်တွေ ချုပ်ဆိုဖို့ လက်တွန့်နေကြပါတယ်" လို့ ၎င်းကုန်သည်က ပြောပါတယ်။

ကနဦးသိရတဲ့ ပို့ကုန်အချက်အလက်တွေအရ ဟိုချီမင်းစီးတီးဆိပ်ကမ်းကနေ ဧပြီလထဲမှာ ဆန်တန်ချိန် ၃၀၀၉၉၀ တန်နဲ့ မေလ ပထမပတ်မှာ တန်ချန် ၄၀၀၀၀ သင်္ဘောတင်ခဲ့ပြီး အများစုဟာ ဖိလစ်ပိုင်၊ အာဖရိကနဲ့ ကျူးဘားကို ဦးတည်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အစိုးရက လယ်သမားတွေဆီက ဆန်ကို တစ်ကီလိုဂရမ်ကို ၄၀ တာကာ (သုည ဒသမ ၄၈ ဒေါ်လာ) နှုန်းနဲ့ ဝယ်ယူဖို့ ရှိပြီး ယခင်နှစ်က ပေးခဲ့တဲ့ ၃၆ တာကာနှုန်းထက် တိုးမြှင့်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာဝန်ကြီး ဆက်ဒန်ချန်ဒရာက ပြောပါတယ်။

အစိုးရဟာ မေလ ၇ ရက်ကနေ နွေစပါး စတင်ဝယ်ယူသွားမှာ ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁ ဒသမ ၈ သန်း ဝယ်ယူဖို့ စီစဉ်ထားကြောင်း ၎င်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းဆန်ဈေးတည်ငြိမ်စေဖို့နဲ့ ဆင်းရဲသားတွေကို ကျွေးမွေးနိုင်ဖို့ ကြိုးစားနေရပြီး အဲဒီအတွက် အစိုးရရဲ့ ယခုအစီအစဉ်ဟာ အလွန်ပဲ အရေးပါလှပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: ASIA RICE-THAILAND RATES RISE ON DEMAND FROM MIDDLE EAST - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်