ထိုင်းဆန်ဈေးများ လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ

15/05/2023 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဆန်တင်ပို့မှုအဓိကတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ယခုအပတ် ဆန်ပေါက်ဈေးတွေဟာ လေးလအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဗီယက်နမ်ဆန်ဈေးတွေလည်း တစ်နှစ်ကျော်အတွင်း အမြင့်ဆုံးနှုန်းမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေက ဆန်မှာယူမှုမြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

ယခုနှစ်မှာ ဆန်ဈေးတွေ ကောင်းနေတာကြောင့် အာရှတောင်သူတွေ စပါးဧက ချဲ့ထွင်စိုက်ပျိုးခဲ့ကြတဲ့အတွက် အာရှဆန်အထွက် မြင့်တက်လာနိုင်ပြီး ဆန်‌ရောင်းအား စိုးရိမ်ချက်တွေ ပြေလျော့လာဖွယ်ရှိပါတယ်။ ယမန်နှစ် ၂၀၂၂ တုန်းကတော့ ဆန်ထုတ်လုပ်မှုတွေ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ဆန်တင်ပို့မှု တတိယအများဆုံး ဗီယက်နမ်ဟာ ၂၀၂၃ ပထမလေးလလအတွင်း ဆန်တင်ပို့မှု နှစ်အလိုက် ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ကာ တန်ချိန် ၁ ဒသမ ၈၅ သန်း တင်ပို့ခဲ့ကြောင်း ဗီယက်နမ်အစိုးရအကောက်ခွန်ဌာနစာရင်းတွေအရ သိရပါတယ်။ ဧပြီလဆန်တင်ပို့မှုဟာ မတ်လထက် ၈၀ ရာခိုင်နှုန်း ပိုများခဲ့ပြီး ၉၆၁၆၀၈ တန် ရှိခဲ့ပါတယ်။

“ ပို့ကုန်သမားတွေဟာ ပြည်ပစာချုပ်တွေကို ဖြည့်ဆည်းရောင်းချနိုင်ရေး ဆန်အတင်းဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေပါတယ်” လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ကလည်း ဒေသတွင်းအစည်းအဝေးတစ်ခုမှာ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံစဉ် ဗီယက်နမ်ဟာ ဖိလစ်ပိုင်ထံ ဆန်ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကာလရှည် ရောင်းချသွားလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ လက်ရှိမှာ ဖိလစ်ပိုင်ဟာ ဗီယက်နမ်ဆန်အများဆုံးဝယ်ယူနေတဲ့ ဝယ်လက်အဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပေါ်တဲ့ ဗီယက်နမ်ငါးမှတ်ဆန်ဈေးဟာ ယခင်အပတ်ကအတိုင်း မပြောင်းလဲဘဲ တစ်တန်ကို ၄၈၅-၄၉၅ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ဧပြီလနောက်ပိုင်း အမြင့်ဆုံးနှုန်းမှာပါပဲ။

ထိုင်းနိုင်ငံမှာ ငါးမှတ်ဆန်ဈေးဟာ အရင်အပတ်က တစ်တန်ကို ၄၈၅ ဒေါ်လာမှာ ရပ်တည်ခဲ့ရာကနေ ယခုအပတ်မှာတော့ ဇန်နဝါရီနောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ ၄၉၈-၅၀၀ ဒေါ်လာနှုန်းကြားကို ရောက်ရှိလာပါတယ်။ ဒီလိုဈေးတက်လာခြင်းဟာ အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံတွေဆီက ဝယ်လိုအား မြင့်တက်လာတာအပြင် ဘတ်ငွေအားကောင်းလာတာကြောင့်လည်းပါတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြည်တွင်းဘတ်ဈေး မြင့်တက်လာတာကြောင့် ဒေါ်လာနဲ့ ရောင်းဝယ်ဖောက်ကားတဲ့ ပြည်ပပို့ကုန်ဈေးတွေလည်း လိုက်ပါမြင့်တက်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယငါးမှတ်ပေါင်းဆန်ဈေးကတော့ အရင်အပတ်ကအတိုင်း အပြောင်းအလဲမရှိ တစ်တန်ကို ၃၇၆-၃၈၀ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းကို ကျရောက်နေတာလည်း ဖြစ်ပါတယ်။ “ဆန်ဝယ်လိုအား နည်းနေတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ဆောင်းသီးနှံက ထွက်ရှိတဲ့ ရောင်းအားတွေ နှောင့်နှေးတာလည်းရှိတယ်” လို့ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသပြည်နယ် ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Asia rice: Thai rates at four-month high - Markets - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်