၀ဥစိုက်ပျိုးရေးမှာ ပြည်တွင်းပြည်ပ စျေးကွက်ခိုင်မာမှုရှိနေကြောင်း ၀ဥသီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချနေသူများက ပြောသည်။
ပြည်တွင်းမှာရှိတဲ့ ဝဥခြောက်ခံစက်ရုံတွေကို တင်ပို့ရောင်းချလို့ရပါတယ်။ လက်ရှိ စျေးကွက်အနေနဲ့ကတော့ စက်ရုံစျေးနှုန်းက တစ်ပိဿာကို (၂၀၀၀)ကျပ်စျေးနဲ့ ဝယ်ယူနေပါတယ်။ စျေးကွက်တင်ပို့ရာမှာတော့ အခက်အခဲမရှိပါဘူး။ ဝယ်လိုအားက များနေပါတယ်။ စိုက်ပျိုးတဲ့တောင်သူတွေနည်းပါးနေပါသေးတယ်ခင်ဗျာ
ဟု မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ တုံးကြီးရွာမှ ၀ဥသီးနှံစီးပွားဖြစ်စိုက်ပျိုးနေသူ ဦးကျော်ကိုကို က ပြောသည်။
ဝဥပင်သည် ပြည်တွင်း၌ဝယ်လိုအားကောင်းသည့်အပြင် သစ်တောသစ်ပင်နှင့် မြေဆီလွှာပြုန်းတီးမှုနည်းပါးခြင်းတို့ကြောင့် စိုက်ပျိုးရန် သင့်ကြောင်း သိရသည်။
ဝဥပင်ကို မေလ နောက်ဆုံးထားစိုက်ပျိုးနိုင်ပြီး၊ ဒီဇင်ဘာလအတွင်းလည်း စိုက်ပျိုးလို့ရပါတယ်။ အသီးတွေကို (၆)လပြည့်ရင်၊ ခူးဆွတ်နိုင်ပါတယ်။ ဥကိုတော့ (၈)လပြည့်ရင် တူးဖေါ်လို့ရပါပြီ။ စိုက်ကျင်းကို (၁) ပေပတ်လည် တူးပေးပြီး၊ ကျင်းရဲ့အနက်ကိုတော့ (၆) လက်မအနက်တူးပြီးနောက် မြေကိုဖွထားရပါတယ်။ မြေပြင်စဉ်မှာ နောက်ချေး၊ မြေဆွေးတို့ကို ရောနှောပြီး ထည့်ရပါတယ်။ ကြက်ချေး ထည့်ပေးနိုင်ရင်တော့ ပိုပြီးကောင်းပါတယ်။ စိုက်ပျိုးပြီး (၃)လအကြာမှာ ဆေးဖြန်းပုံးတစ်ပုံးကို ဆာခါး ဟင်းစားဇွန်းနဲ (၂) ဇွန်းနှုန်းနဲ့ပက်ဖျန်းပေးပါတယ်။ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး လုံးဝမသုံးပါဘူး ခင်ဗျာ။
ဟု ဦးကျော်ကိုကိုက ဆက်လက်ပြောသည်။
ဝဥမျိုးအသီး တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝဥမျိုးဥ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ပေးရပြီး၊ တစ်ဧကစိုက်ပျိုးမှုအတွက် ဝဥ မျိုးဥ ပိဿာချိန် (၈၀၀)ဝန်းကျင် လိုအပ်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator