တောင်သူများ အတွက် ချေးငွေဆိုင်ရာ သိကောင်းစရာများနှင့် ချေးငွေပုံစံများ

18/07/2018 09:47 AM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 ပြန်လည်ပေးဆပ်နိုင်သော ပမာဏကို ချေးယူပါ။ ကြွေးဝန်မပိပါစေနှင့်။

 စိုက်ပျိုးရေးဆိုင်ရာ ချေးငွေတွေက ဘယ်ကရနိုင်လဲ?

 - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)

- မြစိမ်းရောင် စီမံကိန်း

 - ဗွီးရှင်းဖန်

 HIRE PURCHASE လို့ ခေါ်တဲ့ အရစ်ကျ စနစ်နဲ့ ဝယ်ယူမူ

 လယ်ယာသုံးပစ္စည်းတွေကို တစ်နှစ်သွင်း အရစ်ကျ စနစ်နဲ့ ဝယ်ယူဖို့ MAB ဘဏ်လို့ ခေါ်တဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်က ဧရာဝတီတိုင်းမှာ ဆောင်ရွက်ပေးနေပါတယ်။

  •  လက်ငင်း ၃၀ ရာခိုင်နူန်း ပေးချေရ။
  • အတိုးနူန်း တစ်နှစ်လျှင် ၉.၅ ရာခိုင်နူန်း

  • ဝန်ဆောင်ခ တစ်နှစ်လျှင် ၁ ရာခိုင်နူန်း

  • ငွေပေးအမိန့်လွှာကြေး ၅၀၀ ကျပ် ပေးသွင်းရ

 စိုက်/ဘဏ်ချေးငွေ သတိပြုရန်

 သုံးဦးတစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးပေးပြီး သုံးဦးထဲမှ တစ်ဦးဦးက ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက အကြွေးမကျေမချင်း တစ်ဖွဲ့လုံးကို ထပ်မံထုတ်ချေးမည် မဟုတ်ပါ။

 စုစုပေါင်း ကနဦပေးသွင်းငွေမှာ

 လက်ငင်းပေးချေရငွေ ၃၀ ရာခိုင်နူန်း+တစ်နှစ်စာ အတိုးနူန်း+ဝန်ဆောင်ခ = (စုစုပေါင်း ၄၀.%) နှင့် ငွေပေးအမိန့်လွှာကြေး ၅၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။

 ဆိုလိုသည်မှာ ချေးငွေ() သိန်းယူပါက (၃၀၀,၀၀၀x ၄၀.÷ ၁၀၀=၁၂၁,၂၀၀+၅၀၀=၁၂၁,၇၀၀)

 () မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MDEP)(ချေးငွေစနစ်)

 - စပါးသီးနှံ(တစ်ဧက တစ်သိန်းခွဲ)

 - အခြားသီးနှံ (တစ်ဧက ငါးသောင်း)

 အတိုးနူန်း - ၁၂ လကို () ကျပ်နူန်း။

 သတ်မှတ်ချက်များ

 - လယ် (သို့မဟုတ်) အခြားသီးနှံပိုင်ဆိုင်မှု ၁၀ ဧက အောက် ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ (၁၀ ဧက မကျော်ရ)

 - သက်ဆိုင်ရာ ကျေးရွာအုပ်စုမှာ အမြဲတမ်း နေထိုင်ပြီး အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ လယ်သမား ဖြစ်ရပါမယ်။

 - တစ်အိမ်ထောင်ကို တစ်ယောက်သာ ချေးငွေတင်ခွင့် ရှိပါတယ်။

 - လယ်ယာမြေပိုင်ဆိုင်မှု မြေစာရင်းဌာနက ထုတ်ပေးတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ) ရှိရပါမည်။

 အထက်ပါ အချက်လေးချက်နှင့် ညီပါက သက်ဆိုင်ရာမြို့နယ်အသီးသီးက မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှာ ချေးငွေလျှောက်ထားနိုင်ပါတယ်။

 ချေးငွေ ပြန်လည် ပေးဆပ်ပုံ

 စပါးပေါ်ချိန် (သို့မဟုတ်) သီးနှံပေါ်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး သီးနှံပေါ်မူတည်ကာ () လ၊ ()လ၊(၁၀)လ စသဖြင့် အချိန်ကာလ ကွဲပြားနိုင်ပါတယ်။

 () မြစိမ်းရောင်စီမံကိန်း

 ဒီစီမံကိန်းက အစိုးရရဲ့ငွေကို သုံးပြီး ကျေးလက်ဒေသဆင်းရဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ကာ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးများ လုပ်နိုင်ဖို့ မတည်ငွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

 စီမံကိန်းရဲ့ ထူးခြားချက်

 မတည်ထောက်ပံ့ငွေဖြစ်တာကြောင့် ပြန်လည်ပေးဆပ်ရန် မလိုဘဲ လျောက်ထားရရှိတဲ့ ကျေးရွာမှ ရွာသားများအနေဖြင့် မတည်ငွေဖြင့် အရင်းအနှီးအဖြစ် အသုံးပြုပြီး ငွေကြေးတိုးပွားလာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 မြစိမ်းရောင် မတည်ငွေကို ဘယ်သူတွေ ရနိုင်လဲ

 - ဆင်းရဲသောကျေးရွာများ

 - မွေးမြူရေး အကောင်အထည်ဖော်နိုင်မှု (တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေး ဆောင်ရွက်ရန် အလားအလာရှိမှု)

 - တရားဥပဒေစိုးမိုးခြင်း (အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး ကင်းစင်ခြင်း)

 - ရွာသူ၊ ရွာသားများ၏ စိတ်အားထက်သန်မှု။

 - အိမ်ခြေအနည်းဆုံး (၁၀၀) နှင့် အထက်ရှိသော ကျေးရွာ။ (အကယ်၍ အိမ်ခြေ ၁၀၀ အောက် လျော့နည်းပါက အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာ ကျေးရွာများနှင့် ပေါင်းစပ် ဖွဲ့စည်းနိုင်ပါတယ်)

 မတည်ငွေလျှောက်ထားတဲ့ ကျေးရွာတွေကို သတ်မှတ်ချက်နှင့် ညီ မညီကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီက စီစစ်ရွေးချယ်ရပါတယ်။

 () ဗွီးရှင်းဖန် ( VISION FUND)

 စိုက်ပျိုးရေးလုပ်ငန်းချေးငွေ

- အတိုးနူန်း တစ်လ ၂.(အရင်းလျော့ အတိုးလျှော့ စနစ်)

- ချေးငွေ ကာလ ၄ လမှ ၁၂ လ

- ပြန်လည် ပေးသွင်းမှု စနစ် တစ်လ တစ်ကြိမ်

  •  တစ်လတစ်ကြိမ် အတိုး + အရင်း အရစ်ကျဆပ်နိုင်
  • ချေးငွေရဲ့ အတိုးကို လစဉ် ပေးသွင်းပြီး ချေးငွေကာလ ကုန်ဆုံးချိန်မှ အတိုးနှင့် အရင်း ပေါင်းစပ်နိုင်။

 စာရွက်စာတမ်းနဲ့ ဝန်ဆောင်ခမှာ ချေးငွေ တန်ဖိုးရဲ့ လစဉ် ၀..၁၇၃ ရာခိုင်နူန်း ပေးဆောင်ရပါမယ်။

 ဥပမာ - ချေးငွေ ငါးသိန်းယူပါက စာရွက်စာတမ်းနဲ့ ဝန်ဆောင်ခမှာ ၁၆၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

 အတိုးလျော့ အရင်းလျော့ စနစ်တွက်ချက်ပုံ

 တွက်ချက်ပုံ (နမူနာ)

 ချေးငွေ - ၅၀၀,၀၀၀ x .၁၇၃ ÷၁၀၀=၈၆၅

 (နမူနာပုံစံ - ချေးငွေပမာဏ ၅ သိန်း x ၁၀ လ ဆပ်)

 ပထမလ

 အရင်း = ၅ သိန်း

 အတိုး = ၁၂,၅၀၀

 ပြန်လည်ပေးရငွေ(ချေးငွေကို ခွဲဆပ်ငွေ+အတိုး)= ခွဲဆပ်ငွေ (၅၀,၀၀၀)+၁၂,၅၀၀+၈၆၅၀=၇၁,၁၅၀

 ပေးဆပ်ရန် ကျန်ငွေ=၄၅၀,၀၀၀ ကျပ်

 ဒုတိယလ

 အရင်း = ၄ သိန်းခွဲ

 အတိုး = ၁၁,၂၅၀

 ပြန်လည်ပေးရငွေ(ချေးငွေကို ခွဲဆပ်ငွေ+အတိုး)= ခွဲဆပ်ငွေ (၅၀,၀၀၀)+၁၁,၂၅၀=၆၁,၂၅၀

 ပေးဆပ်ရန် ကျန်ငွေ=၄၀၀,၀၀၀ ကျပ်

 တတိယလ

 အရင်း = ၅ သောင်း

 အတိုး = ၁၂၅၀

 ပြန်လည်ပေးရငွေ(ချေးငွေကို ခွဲဆပ်ငွေ+အတိုး)= ခွဲဆပ်ငွေ (၅၀,၀၀၀)+၁၂၅၀=၅၁,၂၅၀

 ပေးဆပ်ရန် ကျန်ငွေ= ၀ ကျပ်

 ချေးငွေချေးနိုင်သည့် ပမာဏ နှင့် အကြိမ်အရေအတွက်

 ပထမအကြိမ် - ၁ သိန်းမှ ၅ သိန်း

 ဒုတိယအကြိမ် - ၁ သိန်းမှ ၁၀ သိန်း

 တတိယအကြိမ် - ၁ သိန်းမှ ၅၀ သိန်း

 တစ်ဦးချင်းချေးငွေအတွက် အနည်းဆုံး ထောက်ခံသူတစ်ဦး လိုအပ်ပါသည်။

 ချေးငွေများကို အမှန်တကယ် အကျိုးရှိသော နေရာတွင်သာ အသုံးပြုပါ။

 Source – Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန

ပိုစတာရယူရန် - http://bit.ly/2uY3Gc6

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်