ကချင်ပြည်နယ်တွင် တစ်ရှုးငှက်ပျော စိုက်ပျိုးရေးအား ဦးစားပေး ဆောင်ရွက်သွားမည်

11/02/2019 10:07 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကချင်ပြည်နယ်တွင် တစ်ရှုးငှက်ပျော စိုက်ပျိုးရေးကိစ္စအား အရေးကြီးသည့် ကဏ္ဍအဖြစ် ဦးစားပေးဆောင် ရွက်ကာ နိုင်ငံတော်မှ အခွန်အခ အပြည့်အဝ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

" တစ်ရှုးငှက်ပျောက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်ရမယ်လေ။ တရုတ်ကပဲလာပြီး ရင်းနှီးမြှုပ်နှံ စိုက်ပျိုးနေတာ ကိုး၊ စိုက်နေကြတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ ရသင့်ရထိုက်တဲ့ အခွန်အခတွေ အကုန်အပြည့် အဝရဖို့လို တယ်။ ဒါတွေက တစ်ချို့နေရာတွေမှာ မြေလွတ်မြေရိုင်း ဆိုပေမယ့် သစ်တောမြေတွေ ပါသွားတာရှိတယ်။ သေ ချာစိစစ်ဖို့ လိုတယ်ပေါ့။ အောက်ခြေမှာပဲ လယ်သမားနဲ့ တရုတ်ပွဲစား စာချုပ်တာတွေ ရှိတယ်။ အစိုးရက ဘာမှ မသိလိုက်တဲ့ အခါကျတော့ ဝင်ငွေခွန် မရလိုက်တာတွေ အများကြီးရှိတယ်" ဟု ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်