လုပ်ငန်းရှင်ကြီးဖြစ်ဖို့ -၁
ကောင်းသောနေ့လေး ဖြစ်ပါစေ။
ဒီတစ်ခေါက်မှာတော့ တောင်သူဦးကြီးတွေအတွက် ဈေးကွက်စီးပွားရေးအကြောင်းလေးကို တင်ဆက်ပေးမှာပါ။
မောင်အေးက မုန့်ဆီကြော်စားချင်တယ်။ ကိုယ်က မုန့်ဆီကြော်လုပ် ရောင်းလိုက်မယ်၊ ဆိုရင် အရောင်းအဝယ်က ဖြစ်နေပြီ။ ဆိုလိုတဲ့သဘောက လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးနေရာက ဈေးကွက်ပဲ ဖြစ်ပါတယ်။ ကိုယ်တွေကလည်း သူတို့ရဲ့ လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ကိုယ်တွေက ဈေးကွက်ထဲကို ရောက်ပြီပေါ့။
ဈေးကွက်ထဲမှာဆိုရင် အဓိက အားဖြင့်တော့ လူ(၂)မျိုးရှိတာပေါ့။ ဝယ်သူနဲ့ ရောင်းသူပါပဲ။ ကြားထဲက ပွဲစားကိုတော့ စာရင်းထဲ မထည့်ထားဘူးပေါ့နော်။ အမှန်က စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့သူတွေက တကယ့်စားသုံးသူတွေလက်ထဲကို တိုက်ရိုက်ထည့်ပေးလိုက်တာမဟုတ်ပဲနဲ့ ကြားထဲက ပွဲစားတွေက လုပ်စားသွားကြတာ ပိုများပါတယ်နော်။
ရောင်းတဲ့သူဆီကို ဝယ်တဲ့သူတွေ လာတဲ့ လမ်းကြောင်း
အဓိက (၄) ခုရှိပါတယ်။
(၁) Communication - ကိုယ်ပေါင်းသင်းနေတဲ့ ကိုကြီးရေ ဒီနှစ်တော့ ကြက်သွန်ဘယ်လောက်ထွက်မလဲ ဆိုပြီး ကိုယ်ပေါင်းနေတဲ့ အပေါင်းအသင်း၊ အစုအဖွဲ့တွေက နေ တစ်ဆင့် ဝယ်သူတွေက ရောင်းသူတွေဆီကို ရောက်လာတတ်ကြတယ်။
(၂) Goods/Service - ကိုယ်ရောင်းတဲ့ ပေးတဲ့ ကုန်ပစ္စည်းကြောင့်ဖြစ်ဖြစ်၊ ကိုယ်ပေးတဲ့ ဝန်ဆောင်မှုတွေကြောင့်ပဲဖြစ်ဖြစ် ရောင်းသူတွေဆီကို ဝယ်သူတွေက လာကြပါတယ်။
(၃) Money - ငွေကြေးအရ သက်သာလို့လည်း လာမယ်။ ဈေးကြီးတာတွေရှိလို့လည်း လာချင်လာမယ်။ ပိုက်ဆံကြောင့် လာတာလည်းရှိပါတယ်။
(၄) Information - သူတို့ရရှိတဲ့ အချက်အလက်ကြောင့်လည်းလာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီစိုက်ခင်းက သခွားသီးက မခါးဘူး ဆိုပြီးတော့ သတင်းရထားလို့ လာဝယ်တာဆိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဆိုတော့ အချက်တွေထဲက ဘာကြောင့် ကိုယ်ဆီကို ဝယ်သူတွေ လာတယ်ဆိုတာကို စာရင်းလေးလုပ်ထားပြီးတော့ ကောင်းတာထက် ပိုကောင်းအောင် ပြည့်စုံအောင်ဖြည့်ဆည်းပေးရင်းနဲ့ လုပ်ငန်းကြီး ပိုမိုတိုးတက်နိုင်ကြပါစေ။
လိုချင်တာ၊ လိုအပ်တာနဲ့ လိုအား
Need - လိုအပ်တာတွေကတော့ နေ့တိုင်း အတွက် စားဝတ်နေရေးအတွက် လိုကိုလိုတဲ့ မြန်မာပါးစပ်ဆို ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်လိုမျိုး ပစ္စည်းတွေဖြစ်ပါတယ်။
Want - လိုချင်တာ ဆိုတာကတော့ ပုံမှန်လိုအပ်နေတဲ့ အရာကိုမှ ကိုယ်လိုချင်တာကို ပြောတာပါ။ လိုတာကတော့ ဆန်ပါပဲ၊ ဒါပေမဲ့ ပေါ်ဆန်းမွှေးပဲ လိုချင်တယ်၊ တောင်ပျံမှ လိုချင်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။
Demand - လိုအား၊ ခုဏက ဥပမာအတိုင်းပဲဆိုရင် ရပ်ကွက်ထဲမှာ ဆန်သစ်စားတဲ့ သူ ဘယ်လောက်လောက် ရှိလဲ၊ ဘယ်လောက်လှောင်ထားရင်တော့ ကွက်တိလောက်ဖြစ်မယ်၊ အဲ့ပမာဏဆိုရင်တော့ များသွားပြီ ပိုနေမှာဆိုတာမျိုး ဖြစ်ပါတယ်။ ဝယ်လိုအားကို ဆိုလိုပါတယ်၊ အရမ်းပေါက်သွားတယ် ဆိုရင် ဝယ်လိုအား များတယ်ပေါ့။
ထုတ်ကုန်
ထုတ်ကုန်မှာ (၂)မျိုးရှိပါတယ်။ ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုပြီးတော့ ဖြစ်ပါတယ်။ ပစ္စည်းဆိုတာကတော့ ကိုယ်လုပ်ငန်းက ထွက်လာတဲ့ ကုန်ပစ္စည်းပါ ကြက်သွန်ဖြစ်ဖြစ် စပါးဖြစ်ဖြစ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဝန်ဆောင်မှုဆိုတာက စိုက်ပျိုးရေးလုပ်ငန်းမှာကျတော့ ကိုယ့်စက်နဲ့ သူများလယ်ကို ထွန်ယက်ပေးတယ်။ ထွန်ယက်ခကိုတော့ ယူလိုက်တာဆိုတာမျိုး ဖြစ်ပါတယ်။ အငှားပေါ့၊ ဒါပေမဲ့ ထုတ်ကုန်အပေါ်မှာလည်း ဝန်ဆောင်မှု ပေးနိုင်ရင် ပိုကောင်းပါတယ်။
တန်ဖိုး၊ ကုန်ကျစရိတ်နဲ့ စိတ်ကျေနပ်မှု
ဒီအချက်တွေက ကိုယ့်ထုတ်ကုန်ကို ဝယ်ယူတဲ့ သူတွေအတွက် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ သူတို့ ဝယ်ယူလိုက်တဲ့ ပေးလိုက်ရတဲ ငွေကြေး အပေါ်မှာ ပြန်ရလိုက်တဲ့ စိတ်ကျေနပ်မှု ဆိုတာတွေက ကိုက်ညီနေမှ ကိုယ့်ပစ္စည်းကို သုံးတဲ့သူတွေက ရေရှည်မှာ ကိုယ်ဖောက်သည်တွေ ဖြစ်လာမှာဖြစ်ပါတယ်။
နောက်ပြီးတော့ ကိုယ့်ရဲ့ ရေရှည်ဖောက်သည်တွေဖြစ်နေဖို့ရယ်၊ ကုန်ပစ္စည်းတွေကို အမြဲတမ်းရောင်းချနိုင်ဖို့အတွက်ရယ်ဆိုရင် မားကတ်တင်း ဆင်းရပါမယ်။ အမြဲတန်းကြုံတွေနေကျဖြစ်မှာပါ။ ဆေးကုမ္ပဏီတွေကနေ လာတယ်။ ပြီးတော့ ဆေးအကြောင်းဟောပြောတယ်။ ဒီမှာ ဘာတွေစိုက်လဲမေးတယ်၊ ဘာရောဂါတွေကျလဲ မေးတယ်။ အဲ့လိုမေးပြီးတော့မှတ်သွားတာက သူတို့က လိုအပ်နေတဲ့ ပစ္စည်း တွေိကို သိရအောင်လို့ မေးတာပါ။
ကိုယ်ဖက်မှာ ပေါင်းက ဆိုးဆိုးဝါးဝါးကြီးမဟုတ်ဘူး၊ ခရုလည်းမရှိဘူး၊ စပါးလည်း မစိုက်ဘူး ဆိုရင် စပါးအထူး ပေါင်းသတ်ဆေး ဆိုတာကြီး လာရောင်းပါ့မလား။ ရောင်းရမဲ့ ဆေးမျိုးကို လာရောင်းမှာပေါ့။ အဲ့လို လုပ်တာက ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ပါဝင်တဲ့ လုပ်ငန်းစဉ်လေးတစ်ခုပဲဖြစ်ပါသေးတယ်။
ဈေးကွက်ချဲ့ထွင်ရေးမှာ ဘာတွေပါလဲဆိုတော့
• ရောင်းမဲ့ထုတ်ကုန်က မှန်မှန်ကန်ကန်ဖြစ်ဖို့ (ဘာရောင်းမှာလဲ)
• မှန်ကန်တဲ့ ဝယ်သူ (ဘယ်သူ့ကိုရောင်းမှာလဲ)
• ဈေးမှန်မှန်ကန်ကန်ဖြစ်စေဖို့ (ဘယ်လိုရောင်းမှာလဲ)
• နေရာမှန်ဖြစ်ဖို့ (ဘယ်နေရာမှာ ရောင်းမှာလဲ)
• အချိန်မှန်ဖြစ်ဖို့ (ဘယ်အချိန်မှာ ရောင်းမှာလဲ)
• အကျိုးအမြတ်ကိစ္စ (ဘာကြောင့်လဲ)
ဆိုတဲ့အချက်တွေကို လေ့လာသုံးသပ်ပြီးတော့မှ လုပ်ငန်းတစ်ခုကို စတင်လိုက်ပါ။ စနေပြီဆိုရင်လည်း ဒီကိစ္စရပ်လေးတွေကို တစ်ခါတည်းဖြတ်ထားလိုက်ပါ။
သူတို့က အရေးကြီးသလား
ပေးတဲ့ဈေးကို ယူတဲ့သူတွေဖြစ်နေခဲ့တာ အရမ်းကို ကြာနေပြီလေ။ ကိုယ်တွေတောင်းတဲ့ ဈေးကိုလည်း ပေးချင်အောင်လုပ်တာက ဈေးကွက်ကို နားလည်သဘောပေါက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆိုတော့ အရေးကြီးတာပေါ့။ တောင်သူဦးကြီးတွေဆိုတာ စိုက်ရေးပျိုးရေးမှာ ကျွမ်းကျင်ပြီးသားဖြစ်ပေမဲ့လည်း ပတ်ဝန်းကျင်ကနေ ကိုယ့်ဖောက်သည်တွေ ဘယ်လိုလာသလဲ ဆိုတာကို သေချာသိရင် အကောင်းဆုံးနည်းလမ်းတွေကို ရှာပြီးတော့ လုပ်ငန်းတိုးတက်ရေးအတွက် တီထွင်ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။
အရင် ဘိုးဘေးတွေလက်ထက်ကတည်းက စိုက်တာ မို့ ခုလည်း စိုက်နေကြတာ ဆိုတာမျိုးကနေ လုံးဝ ခွဲထွက်လိုက်ပါတော့။ ကိုယ်ဟာ ဘယ်လိုနေနေ လုပ်ငန်းရှင်ကြီးတစ်ယောက်ပါ။
ထွန်းဝင်းကျော်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လှိုင်းသစ်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
kooo
လွန်ခဲ့သော ၄ နှစ် ကgood
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
မိုးစပါး သက်တမ်းလေးလခွဲစပါးမျိုး ဘယ်စပါးမျိုးကောင်းလဲဗျာ့
ကိုမင်းမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....