ငွေကြေးကြောင့်ရန်ဖြစ်နေရခြင်းကို ရပ်စေမယ့် အချက် (၆) ချက်။ 

11/12/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

        ငွေကြေးနဲ့ပတ်သက်ပြီးရန်ဖြစ်ရတာတွေက နှစ်ဖက်လုံးအတွက် အင်မတန်နာကျင်ထိခိုက်စေပါတယ်။ အထူး သဖြင့်မိသားစုအိမ်ထောင်ရေးအတွင်းမှာ ငွေကြောင့်တောက်လျှောက်ရန်ဖြစ်နေရတယ်ဆိုရင်တော့အလွန်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။

        ပိုက်ဆံကြောင့် ရုန်းကန် နေရတယ် ပြဿနာတတ်တယ် တိုက်ခိုက်စိတ်ဆင်းရဲမှုတွေများပြားနေရင်အောက် ဖော်ပြပါအချက်တွေကို အသုံးချပြီး အဆင်ပြေမှု ရယူလိုက်ပါ။

၁။ မတူညီတဲ့ အရာတွေကို မှတ်ထားပါ။ အတင်းလိုက်ပြောင်းခိုင်းနေမယ့်အစား မူဝါဒခွဲခြမ်းတာတွေကိုအသိ အမှတ်ပြုလိုက်ပါ။

        ယောကျာ်းနဲ့ မိန်းမ ဟာ အတွေးအခေါ်မျိုးမတူညီတာတွေ သင်သိထားပြီးဖြစ်မှာပါ။ မတူညီတာဟာ အကောင်းအဆိုးပြောတာမဟုက်ပါဘူး။ အရမ်းအရေးကြီးတာက တစ်ယောက်နဲ့ တယောက် မတူညီတဲ့ အချက်တွေကို သတိထားမိဖို့ လိုတာပါ။ ဥပမာ ကိန်းဂဏန်းစရင်းဇယားတွေနဲ့ အတိအကျတွက်ချက်သူလား (သို့) လွတ်လပ်စွာလုပ်ရတာကြိုက်သူလား၊ စုဆောင်းသူလား (သို့) သုံးဖြုန်းသူလား နှင့် လုံခြုံမှုကို ကြိုက်သူလား (သို့) အဆောင်အယောင်အလှအပကို ကြိုက်သူလား စသည်ဖြင့် အချင်းချင်းရဲ့လိုအပ်ချက်ကို သိနေခြင်းက အမှန်တကယ် တန်ဖိုးထားရန် ပထမဆုံးခြေလှမ်းတခုဖြစ်ပါတယ်။ ဒီအချက်ကို ငွေကြေးကိစ္စပြောဆိုတဲ့အခါမှာ ထိန်းသိမ်းပါ။ သင့်အိမ်ထောင်ဖက်ပြောတာကိုဘဲ မစဥ်းစားပါနဲ့။ တကယ်နားထောင်ပေးပါ။ တတ်နိုင်သလာက်နားလည်ပေးပါ ပြီးရင် သူတို့ တကယ်ဘာပြောလဲဆိုတာ စဥ်းစားကြည့်ပါ။ ကိစ္စတစ်ခုမှာ သင်တယောက်ထဲရဲ့ အမြင်ဘဲရှိတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အရင်နားထောင်ဖို့နှင့် နောက်မှ ဆွေးနွေးပြောဆိုဖို့က အရေးကြီးတာပါ။

၂။ ငွေသုံးစွဲမှု အစီအစဥ်ကို နေ့ညမပြတ်ဆွဲထားပါ။

       အိမ်ထောင်ရေးမှာ ကောင်းမွန်တဲ့ ငွေကြေးသုံးစွဲနည်းဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးပြီး အစီအစဥ်ချခြင်းဖြစ်ပါတယ်။ အဲ့လိုဆွဲခြင်းကြောင့်လည်း ကောင်းမွန်တဲ့ ရလဒ်တွေရလာကိုတွေ့ခဲ့ရပါတယ်။ ငွေကြေးရည်မှန်း ချက်တွေထားတဲ့ စုံတွဲတွေဟာ ပိုရင်းနှီးလာကြတယ်။အကြောင်းကတော့ နှစ်ဦးနှစ်ဖက်ယုံကြည်မှု ပိုတိုးပွားလာကြလို့ပါ။ သူတို့ဟာ ပြဿနာများတဲ့ အိမ်ထောင်ရေးကနေ ကောင်းမွန်ပြီးကြံ့ခိုင်တဲ့ အိမ် ထောင်ရေးကိုပျိုးထောင်နိုင်ကြပါတယ်။ ဒါဟာ လှပတဲ့ အရာတစ်ခုပါဘဲ။ သင့်မှာသီးခြားဘဏ်စာရင်းတွေ ထားရှိနေမယ်ဆို ငွေနှင့် ပတ်သက်၍ အချေအတင်ဆွေးနွေးနေရပြီး သင့်အိမ်ထောင်ရေးမှာ ယုံကြည်မှုနည်းပါးစွာနဲ့အမြဲ စိတ်ဖိစီးမှုရနေပါလိမ့်မယ်။

၃။ ချဲ့ကားပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ 

       အိမ်ထောင်ရေးမှာ မပြောသင့်ဆုံး စကားလုံးနှစ်ခုက ငွေကြေး (သို့) တခြားအရာတွေဖြစ်တဲ့ "ဘယ်တော့မှ" နဲ့ "အမြဲတမ်း" စတဲ့စကားတွေဖြစ်ပါတယ်။ မလိမ်ပါနဲ။တစ်ခါလိမ်လိုက်လို့တစ်ချိန်မှာပြန်ပေါ်လာခဲ့ရင် ယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့ခက်ခဲပါတယ်။ ဘယ်တော့မှမလုပ်ဘူး နဲ့ သင်အမြဲဒါဘဲ လုပ်တယ် ဆိုတဲ့ စကားတွေကပြောဖို့လွယ်ပါတယ်။ ဒါမဲ့ အချိန်အများစုမှာ တကယ့်လက်တွေ့ထက် စိတ်ခံစားမှုပေါ် မူတည်ပြီးပြောကြတာပါ။ ထောင်ချောက်ထဲ မဝင်ပါစေနဲ့။ ထိခိုက်နစ်နာစေမယ့် စကားမျိုးမပြောပါနဲ့။ အနိုင်ကျင့်တာနှိပ်စက်ပြောတာဆုတ်ခွာဆဲဆိုတာငြီးငြူအပြစ်တင်တာမျိုးထပ်ခါထပ်ခါပြုလုပ်ရင် တစ်ချိန်ချိန်ရောက်ရင် နောက်ပြန်လှည့်လို့မရတဲ့ ပေါက်ကွဲမှုတွေပေါ်လာနိုင်ပါတယ်။

၄။ အပေးအယူ လုပ်ရမှာတွေကို မကြောက်ပါနဲ့။

       အပေးအယူဆိုတဲ့ စကားက အလွယ် =တကူလာတာမဟုတ်ပါဘူး။ ဒါမဲ့ ပိုက်ဆံကြောင့် ရန်ဖြစ်ရတာကို ရပ်တန့်ချင်တယ်ဆို ဒါကအနည်းငယ်တော့ ရက်စက်ရာကြပါတယ်။ သင်က အပေးအယူလုပ်ချင်တယ် (သို့) သင့်ရဲ့ငွေကြေး အစီအစဉ်ကိုဖျက်စီးမိမယ်ဆို ၊ လမ်းခုလတ်ရောက်မှ ပြဿနာရဲ့ အဖြေကို တွေ့နိုင်ပါတယ်။ နှစ်ဖက်စလုံးလျှော့တလှည့် နိုင်တလှည့်လုပ်ပါ။ အနိုင်ကျင့်တာမှားလွန်းရင် ကြာလာရင်ခံနိုင်ရည်အား နည်းသွားပြီးထွက်ပေါက်ကိုပဲ ရှာဖွေဖို့လုပ်တတ်ကြပါတယ်။ သည်းခံနိုင်တယ်ဆိုရင်လဲအတိုင်းအတာတစ်ခုအထိလောက်ပဲဖြစ်ပါလိမ့်မယ် ။ဒါကြောင့်တူညီတဲ့ ရည်မှန်း ချက်ထားပြီး ခက်ခဲတဲ့ အရာတွေကို တူတူပြင်ဆင်ရှေ့ဆက်ကြပါ။ 

၅။ အကြွေးတွေကို တူတူဖြေရှင်းပါ။ 

       အကြွေးရှိခြင်းက ရန်ခဏခဏဖြစ်စေပါတယ်။ အဲ့တော့ သင့်ကိုယ်တိုင်ကြိုးစားပြီး အကြွေးတွေက ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ အဲ့အရာကြောင့် သင့်ရဲ့ အိမ်ထောင်ရေးအပေါ်ကြီးမားသော ဖိစီးမှုများကို ဖယ်ရှားပေးရုံသာမက အတူတကွ လုပ်ဆောင်ဖို့ ပန်းတိုင်တစ်ခုကိုလည်း ပေးပါလိမ့်မယ်။ တစ်ယောက်ကကြိုးစားပြီး အကြွေးကျအောင်လုပ်နေပေမယ့် နောက်တစ်ယောက်က ထပ်ထပ်ချေးနေရင်ဘယ်တော့မှမပြီးဆုံးနိုင်ပါဘူး။ အကြွေးတွေကို ကြိုးကြိုးစားစားပေးဆပ်ပါ။ ဆိုလိုတာက ရေရှည်ကောင်းဖို့အတွက် လက်ရှိအချိန်မှာ အနစ်နာခံသင့်ရင် ခံပါ။ သင့်အနေနဲ့ လအနည်းငယ်စာ အပိုဝင်ငွေရဖို့ အလုပ်လုပ်ဖို့ စဉ်းစားကောင်းစဉ်းစားနေပါမယ်။ 

၆။ အဆုံးသတ်ကို စိတ်ထဲမှာ မှတ်ထားပါ။ 

       သင်တို့ကိုယ်သင်တို့ စုံတွဲတွေအနေနဲ့ အခုဘယ်နေရာကိုရောက်နေသလဲဆိုတာ သိမှာပါ။ လက်ထပ်ချင်တာလားတိုက်ခန်းဝယ်မှာလား ကလေးယူမှာလားစသည်တွေရှိမှာပါ။ လအနည်းငယ်ကြာတဲ့အခါ သတ်မှတ်ထားတဲ့ စုဆောင်းငွေတခုရတဲ့အခါ သင်တို့အချင်းချင်း ဘာဖြစ်ချင်လဲဆိုတာကို မျှဝေပါ။  ပိုက်ဆံက အဲ့လို အိပ်မယ်တွေကို ဖြစ်လာအောင် ကူညီပေးနိုင်တဲ့အရာတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုးတတ်မှုကို ဖျက်စီးစေတဲ့ အငြင်းပွားမှုမျိုးကို မလုပ်ပါနဲ့။ အဲ့တာတွေကြောင့်အနာဂတ်ကို မပျက်စီးပါစေနဲ့။ ငွေကြေးနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမှန်သမျှကို စိတ်ထဲမှတ်ထားပါ။ ဘယ်တော့မှ ငွေကြေးကိစ္စတွေကိုမဖုန်းကွယ်ထားပါနဲ့ ပွင့်လင်းစွာတိုင်ပင်ပါ၊ သင့်ရဲ့ အဓိက ရေရှည်လုပ်ချင်တဲ့အရာကို အထိခိုက်မခံပါနဲ့။

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်