စိုက်ပျိုးမွေးမြူရေးလုပ်ပြီး သန်းကြွယ်သူဌေးဖြစ်နေသူ (၈) ဦး အပိုင်း (၁)

27/03/2022 15:00 PM တွင် ရဲဟိန်းလတ် ရဲဟိန်းလတ် မှ ရေးသား

စိုက်ပျိုးမွေးမြူရေးသမားလို့ ဆိုလိုက်ရင် အမြဲစဉ်းစားမိမှာက သူတို့အတွက် အခက်အ ခဲတွေ ရှိနေရင်တောင်မှ အကောင်းဆုံး သီးနှံတွေ၊ မွေးမြူရေးထွက်ကုန်တွေရဖို့ သူတို့ရဲ့အချိန်အများစုကို လယ်ကွင်းတွေ၊ မွေးမြူရေးခြံတွေထဲမှာ ကုန်ဆုံးခံနေကြသူတွေလို့ပါ။ ဒါပေမဲ့ အခုအခါမှာတော့ နည်းပညာသစ်တွေရဲ့ အထောက်အကူနဲ့အတူ ကမ္ဘာပေါ်မှာ စိုက်/မွေး စီးပွားလုပ်ကိုင်ရင်း ကြီးပွားချမ်းသာနေသူ အများကြီးရှိနေပြီဖြစ်ပါတယ်။

ဒီကဏ္ဍမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရရှိအောင်စီမံနိုင်ခဲ့တဲ့ လယ်သမားတချို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့အချမ်းသာဆုံး လူတွေကြားမှာ ပါ၀င်နိုင်ကြပြီ ဖြစ်ပါတယ်။ အချမ်းသာဆုံး လယ်သမားတွေဟာ သူတို့ရဲ့တစ်နေ့တာလုံးကို လယ်ကွင်းထဲမှာပဲ မကုန်ဆုံးကြပဲ သူတို့ရဲ့လုပ်ငန်းသဘောအရ ရုံးခန်းတွေမှာလည်း ရှိနေကြရပြီ ဖြစ်ပါတယ်။

ကမ္ဘာမှာ စိုက်/မွေးလုပ်ငန်းတွေလုပ်ကိုင်ရင်း သန်းကြွယ်သူဌေးဖြစ်နေသူ ၈ ဦးကို  သူတို့ရဲ့ကြွယ်ဝချမ်းသာမှုအလိုက် ငယ်စဉ်ကြီးလိုက်ပြောရရင် အောက်ပါအတိုင်း တွေ့နိုင်မှာဖြစ်ပါတယ်။

၈. Howard Buffet ( ဟိုး၀ပ်ဘက်ဖက်)

ဟိုး၀ပ်ဘက်ဖက်ဟာ ဓါတ်ပုံနယ်ပယ်၊ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်ပယ်၊ စိုက်ပျိုးရေးနယ်ပယ်တွေကနေ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေလိုအထိ ကဏ္ဍပေါင်းစုံမှာ တက်ကြွပါဝင်သူတစ်ဦးဖြစ်ပြီး ဘီလျံနာ ဝါရင်ဘက်ဖက် (Warrer Buffet)ရဲ့ သားလတ်တစ်ယောက် ဖြစ်ပါတယ်။

 

ကောလိပ်(၃)ခုကနေ ထွက်ပြီးနောက်မှာ ဟိုး၀ပ်ဘက်ဖက်ဟာ ပြောင်းနဲ့ပဲပုတ်စိုက်တောင်သူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ သူ့သားနဲ့အတူ အီလီနွိုက်မှာ ရှိတဲ့ ကြီးမားလှတဲ့ မိသားစုပိုင် လယ်ကွင်းနဲ့ နီဘရာစကာမှာရှိတဲ့ လယ်ကွင်းအချို့ကို ကြီးကြပ်ရပါတယ်။ သူက အီလီနွိုက်၊ အရီဇိုးနားနဲ့ တောင်အာဖရိကမှာ သုတေသနလယ်ကွင်းတွေကိုလည်း ကြီးကြပ်ရပါတယ်။ ဟိုး၀ပ်ဘက်ဖက်ကတော့ ဘက်ဖက်မိသားစုရဲ့ အကူအညီမယူရပဲ သူ့လယ်ကွင်းတွေကို ထိန်းသိမ်းထားနိုင်တယ်ဆိုပြီး ဂုဏ်ယူနေပါတယ်။ သူ့ရဲ့ကြွယ်၀မှုကလည်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

 

၇. Colin and Dale Armer (ကိုလင်းနဲ့ဒယ်အာမာ)

အာမာမိသားစုဟာ သူတို့ရဲ့အောင်မြင်မှုမြင့်မားတဲ့ မွေးမြူရေးခြံကြောင့် နယူးဇီလန်ရှိ အချမ်းသာဆုံး လူတွေထဲမှာ မပါမဖြစ် ပါဝင်နေပါတယ်။ သူတို့ဟာ နယူးဇီလန်မှာ အကြီးမားဆုံးဖြစ်ပြီး ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၅၃၅ သန်းလောက် တန်ဖိုးရှိတဲ့ မွေးမြူ ရေးလုပ်ငန်းစုကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကိုလင်းနဲ့ ဒယ်အာမာတို့ဟာ သူတို့ရဲ့မိသားစုလုပ်ငန်းလေးကို ၁၉၉၀ ခုနှစ်တွေမှာ စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အဖွဲ့အနေနဲ့ တောင်ဖက်ကျွန်း (South Island) မှာရှိတဲ့ မွေးမြူရေးခြံ ၅၈ ခုကို ပိုင်ဆိုင်နိုင်နေပြီ ဖြစ်ပါတယ်။

 

၆. Tony Perich (တိုနီ ပါရစ်ချ်)

တိုနီပါရစ်ချ်နဲ့ သူ့အစ်ကိုတို့ဟာ မိဘတွေဆီကနေ မွေးမြူရေးခြံတစ်ခြံကို အမွေရခဲ့ပါတယ်။ ဒီခြံကို ၁၉၅၁ ခုနှစ်က နို့စားနွားမ ၂၅ ကောင်နဲ့ စတင်ခဲ့တာပါ။ ဒီနေ့မှာတော့ ခြံဟာ နွားမ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဩစတေးလျရှိ West Wyalong မှာနဲ့ Trangie ထရန်ဂျီး တို့မှာ နေရာချထားနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေရာတွေမှာရှိတဲ့ ကုမ္ပဏီဟာလည်း စတော့ဈေးကွက်မှာ ခေါင်းထောင်ထားနိုင်ပြီ ဖြစ်ပါတယ်။ တိုနီပါရစ်ချ်ရဲ့ အသားတင် ချမ်းသာမှုက ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ရှိမယ်လို့ ဆိုကြပါတယ်။

 

၅။ Blairo Maggi ( ဘလာအီရို မက်ဂျီ )

ဘလာအီရို မက်ဂျီကတော့ သူ့အသွေးအသားထဲမှာကိုက စိုက်ပျိုးစီးပွားရေးတွေ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ပဲပုတ်ထုတ်လုပ်သူ အဖွဲ့ဖြစ်တဲ့ အန်ဒရေမက်ဂျီ (Andre Maggi)ကိုတည်ထောင်တဲ့ အန်ဒရေမက်ဂျီရဲ့ သားဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံဖိုးလောက်ရောင်းချခဲ့ပြီး ဖော့စ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး လူများစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

အန်ဒရေမက်ဂျီအဖွဲ့ကို အန်ဒရေရဲ့ဇနီး လူစီယာ(Lucia)က ဦးဆောင်ထားပြီး ဘလာအီရို မက်ဂျီကတော့ ၁၆% ကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီက မြေဩဇာ၊ စွမ်းအင်၊ ရာဘာ ထုတ်လုပ်ခြင်းနှင့် ပို့ဆောင်ရေးတွေမှာပါ အကျိုးအမြတ်တွေ ရနေတာပါ။ ဘလာအီရို မက်ဂျီဟာ ၂၀၀၂ ခုနှစ်က ဘရာဇီးရှိ (Mato Grosso) မတိုဂရော့ဆို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှုးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မတိုဂရော့ဆိုပြည်နယ်ဟာ ပဲပုတ်ထုတ်လုပ်ရေးရဲ့  ဗဟိုချက်ကြီးပါ။ အခုအခါမှာတော့ မက်ဂျီဟာ မတိုဂရော့ဆိုရဲ့ အမတ်အဖြစ် သစ်တောများကို ခုတ်ထွင်ရှင်းလင်းပစ်တာကို ကာကွယ်ဖို့အတွက် ကာဗွန်လျော်ကြေးရယူရေးဈေးကွက် (သစ်တောတွေကို မခုတ်ဘဲ ကာဗွန်ထိန်းသိမ်းခြင်းဖြင့် ကာဗွန်ထုတ်လွှတ်တဲ့နိုင်ငံတွေထံက နစ်နာကြေးရယူတဲ့ဈေးကွက်) ဆိုတာကို လှုံ့ဆော်ပြီး မဲဆွယ်တာတွေ လုပ်နေပါတယ်။

Ref; https://luxatic.com/top-8-richest-farmers-in-the-world/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်