စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံများ (၂)

11/08/2023 10:57 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးမွေးမြူရေးဆိုတာ လူသားတွေရဲ့စားဝတ်နေရေးအတွက် အခြေခံအကျဆုံးအချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ နယ်ပယ်ပါ။ နိုင်ငံအများစုမှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်တဲ့နယ်ပယ်တစ်ခုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုရင်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံထားတဲ့နိုင်ငံတစ်နိုင်ငံပါပဲ။ လုပ်ကိုင်ပုံစနစ်တွေသာ မှန်ကန်မယ်ဆို စားဝတ်နေရေးအတွက် ဘဝအာမခံချက်ပေးနိုင်တဲ့ နယ်ပယ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုပဲ ကျွန်တော်တို့ဒေသတွင်းနိုင်ငံတချို့မှာလည်း စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ မှီခိုမှုအများကြီး ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးကိုအသုံးချပြီး နိုင်ငံ့စီးပွားကို တစ်ထောင့်တစ်နေရာကနေ မြှင့်တင်နေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။

ဒီထဲကမှ စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံများအကြောင်းကို ဖော်ပြတာပါ။ အပိုင်း(၁) မှာတော့ ဒီနယ်ပယ်ကနေ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြောင်းကို ဖော်ပြပေးခဲ့ပြီးပါပြီ။

အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://greenwaymyanmar.com/posts/Top_countries_developed_with_Agriculture

အခု အပိုင်း(၂) မှာတော့ နောက်ထပ် နိုင်ငံ ၅ နိုင်ငံအကြောင်း ထပ်မံဖော်ပြပေးသွားပါမယ်။

အမေရိကန်

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စိုက်ပျိုးနိုင်တဲ့ကုန်းမြေဧရိယာပိုင်ဆိုင်မှုမှာ အိန္ဒိယပြီးရင် ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်သလို စားနပ်ရိက္ခာပို့ကုန်တန်ဖိုး ပိုလျှံတဲ့နိုင်ငံလည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

စက်မှုလယ်ယာစိုက်ပျိုးရေးစနစ် အားကောင်းမှုကြောင့် အမေရိကန်ဟာ သီးနှံထုတ်လုပ်မှုနဲ့ မျိုးစေ့ထုတ်လုပ်မှုမှာ ထိပ်သီးနိုင်ငံတစ်နိုင်ငံလည်းဖြစ်နေတာပါ။ ခရမ်းချဉ်၊ ပြောင်း၊ မြေပဲနဲ့ နေကြာကို အဓိက စိုက်ပျိုးထုတ်လုပ်ပါတယ်။ 

နိုင်ငံပြည်ပပို့ကုန်စုစုပေါင်းရဲ့  ၂၃ ရာခိုင်နှုန်းထိဟာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေဖြစ်တယ်လို့ သိရ ပါတယ်။

အင်ဒိုနီးရှား

ကျွန်းပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်းဟာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကနေ ရတာပါ။

ဆီအုန်း၊ ကော်ဖီ၊ ကိုကိုး၊ ရာဘာ၊ စပါး၊ ပဲပုပ်၊ ပြောင်း၊ ပီလောပီနံ၊ ပဲမျိုးစုံ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေပြီး ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေးမြူရေးထွက်ကုန် တင်ပို့မှု အမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။ 

နိုင်ငံသားတစ်ဦးချင်းစီစပါးထုတ်လုပ်နိုင်စွမ်း ကမ္ဘာ့အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။

(၅) ဘရာဇီး

တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးကတော့ နိုင်ငံရဲ့ကုန်းမြေဧရိယာတစ်ဝက်လောက်က သစ်တောတွေနဲ့ ဖုံးလွှမ်းနေတာပါ။ မြန်မာနိုင်ငံလိုပဲ စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

ဘရာဇီးတောင်ပိုင်းဟာ မြေဆီဩဇာကြွယ်ဝပြီး ရေသွင်းရေထုတ်လည်း အဆင်ပြေပြေရှိလို့ စိုက်ဖို့ပျိုးဖို့က ရေကန်အသင့် ကြာအသင့်ဖြစ်နေတာပါ။ 

ကြံ၊ ကော်ဖီ၊ ဂျုံ၊ ကိုကိုး၊ စပါး၊ ပဲပုပ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ အေးခဲကြက်သား၊ အမဲသားနဲ့ သီးနှံထွက် အီသနော စတာတွေကို တင်ပို့မှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ပေါင်မုန့်ခြင်းကြီးလို့ တင်စားခံရတဲ့ နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။

(၆) လိုင်ဘေးရီးယား

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လိုင်ဘေးရီးယားကတော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်လိုက်ပြီးနောက်ပိုင်း စီးပွားရေးခုန်တက်သွားတဲ့နိုင်ငံပါ။ အနောက်အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ လိုင်ဘေးရီးယားပေါ် မူတည်နေတာပါ။ စိုက်ပျိုးမွေးမြူရေးနယ်ပယ် နိုင်ငံရဲ့အလုပ်အကိုင် ၆၈ ရာခိုင်နှုန်းလောက်ထိကို ဖန်တီးပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီနယ်ပယ်အပေါ် ပြည်တွင်းစစ်ရဲ့ရိုက်ခတ်မှုမှုရှိခဲ့ပေမဲ့ စိုက်ပျိုးမွေးမြူရေးအတွက် အသင့်တော်ဆုံး အခြေအနေမှာရှိနေတဲ့ဒေသဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ပြီး ပြင်းပြင်းထန်ထန် ပြန်လည်တည်ဆောက်မြှင့်တင်ခဲ့ပါတယ်။ ရလဒ်ကတော့ ရာဘာနဲ့ ဆီအုန်းလိုသီးနှံတွေကနေ အဓိကဝင်ငွေ ရလာခဲ့တာပါပဲ။ နှစ်စဉ် ရာဘာတန်ချိန် ၃၅၀၀၀ ကျော်နဲ့ ဆီအုန်းတန်ချိန် ၄၂၀၀၀ ကျော် ပြည်ပတင်ပို့နေရတယ်လို့ ဆိုပါတယ်။

(၇) ဆိုမာလီယာ

အာဖရိကမှာတော့ ဆိုမာလီယာဟာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကို မှီခိုမှုဒုတိယအမြင့်ဆုံးနိုင်ငံပါ။ အရှေ့အာဖရိကဒေသ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး GDP စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးထိ ပါဝင်ပတ်သက်နေတာပါ။

လိုင်ဘေးရီးယားနဲ့မတူတဲ့အချက်က သူက စားကျက်မွေးမြူရေးကနေ အဓိကဝင်ငွေရနေတာဖြစ်ပြီး စိုက်ပျိုးရေးကတော့ နိုင်ငံရဲ့ ကန္တာရမြေ ၁.၆ ရာခိုင်နှုန်းပေါ်မှာပဲ လုပ်တဲ့အချက်ပါ။ တချို့နေရာတွေမှာ တော့ ရေသွင်းစိုက်ပျိုးတာမျိုးတွေရှိပါတယ်။ နိုင်ငံရဲ့အဓိက စီးပွားဖြစ်သီးနှံတွေကတော့ ငှက်ပျောနဲ့ ကြံဖြစ်ပါတယ်။

အခုဖော်ပြခဲ့တာကတော့ စိုက်ပျိုးမွေးမြူရေးကိုအဓိကအားထား (သို့မဟုတ်) ဒီနယ်ပယ်ကနေ ဝင်ငွေ ကောင်းကောင်းရနေတဲ့ ထိပ်ဆုံးနိုင်ငံ ၇ နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးကိုအခြေခံထားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကတော့ ဒီထဲမှာ မပါပါဘူး။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်