စစ်ပွဲကြောင့် ယူကရိန်းသီးနှံအထွက် ထက်ဝက်လောက် ထိခိုက်နိုင်

08/04/2022 14:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့စားနပ်ရိက္ခာ‌အတွက် အလွန်အမင်း အရေးပါလှတဲ့ ယူကရိန်းနိုင်ငံရဲ့ ယခုနှစ် ကောက်ပဲသီးနှံထုတ်လုပ်မှုဟာ ရုရှားကျူးကျော်စစ်ကြောင့် ထက်ဝက်လောက် ထိခိုက်နိုင်တယ်လို့ ယူကရိန်း စိုက်ပျိုး ရေးဝန်ကြီးက AFP နဲ့ အင်တာဗျူးတစ်ခုမှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဥရောပတိုက်ရဲ့ ပေါင်မုန့်ဖိုကြီးလို့ တင်စားကြတဲ့ ယူကရိန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ကောက်ပဲသီးနှံ တန်ချိန် ၁၀၆ သန်းအထိ စံချိန်တင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ထုတ်လုပ်မှုဟာ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိတောင် ကျဆင်းသွားနိုင်တယ်လို့ ဝန်ကြီး မိုင်ကိုလာ ဆော့စကီးက AFP ထံ စာရေးသားတုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဒါတောင်ပဲ အကောင်းမြင်သဘောနဲ့ ခန့်မှန်းထားချက် ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

မြေဆီဩဇာ ထက်သန်တဲ့ မြေနက်တွေနဲ့ ကျော်ကြားတဲ့ ယူကရိန်းနိုင်ငံဟာ ကမ္ဘာမှာ ပြောင်းတင်ပို့မှု စတုတ္ထအများဆုံးနိုင်ငံဖြစ်ပြီး ဂျုံတင်ပို့မှုမှာလည်း တတိယအများဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ဟာ ယူကရိန်း လယ်ယာကဏ္ဍနဲ့ စီးပွားရေးအပေါ် အလွန်တရာ ထိခိုက်စေလျက်ရှိပါတယ်။

နိုင်ငံတောင်ပိုင်းက မြေဩဇာကောင်းတဲ့ ခါဆန်၊ ဇာပိုရီဇီးယားနဲ့ အိုဒီစာ ဒေသတို့အပါအဝင် ဒေသများစွာမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာတွေ၊ စိုက်ပျိုးရေး ဝင်ရောက်လုပ်ကိုင်လို့မရတာတွေ ကြုံနေရပါတယ်။

ယူကရိန်းလယ်သမားတွေဟာ သီးနှံစိုက်ပျိုးလို့ ရတဲ့ နေရာမှန်သမျှမှာ စိုက်ပျိုးသွားမှာဖြစ်‌ကြောင်း ဝန်ကြီး ဆော့စကီးက ပြောထားပေမယ့် ဒီရာသီမှာ မြေယာ ၅၀ ကနေ ၇၅ ရာခိုင်နှုန်းပေါ်မှာသာ စိုက်ပျိုးသွားနိုင်ဖွယ် ရှိတယ်လို့ သူက ခန့်မှန်းပါတယ်။

"စစ်ပွဲကြောင့် နိုင်ငံအတော်များများမှာ ငတ်မွတ်မှုတွေ ဖြစ်လာနိုင်တယ်" လို့ ဆော့စကီးက ပြောပါတယ်။

လယ်သမားများစွာဟာ စေတနာ့ဝန်ထမ်းအဖြစ် ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်သွားကြတာကြောင့် လယ်ယာလုပ်ငန်းတွေဟာ လုပ်သားလုံလောက်အောင် ရှာဖွေရေး အသည်းအသန် ကြိုးပမ်းနေကြရပါတယ်။

"ကျွန်တော်တို့ လုပ်သားပြတ်လပ်မှု ကြုံနေရပါတယ်" လို့ ဆောစကီးက ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ လယ်ယာလုပ်သားတွေအတွက် စစ်မှုထမ်းတာဝန် ယာယီ ကင်းလွတ်ခွင့်ပေးနိုင်မယ့်စနစ်တစ်ခုကို အကောင် အထည်ဖော်ဖို့ ကြိုးပမ်းနေကြောင်း ဝန်ကြီးက ပြောပါတယ်။

စစ်ပွဲဖြစ်နေတဲ့ကြားကနေ ယူကရိန်းလယ်သမားတွေဟာ ဂျုံ၊ မုယောစပါး၊ ဆီမုန်ညင်း၊ အုတ်၊ နေကြာနဲ့ ပဲပုပ် သီးနှံတွေ စတင်စိုက်ပျိုးနေကြပြီး ပြောင်းလဲလာတဲ့ စစ်ပွဲအခြေအနေအရ ရရာနည်းလမ်းနဲ့ စိုက်ပျိုးရတာလည်း ရှိတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ လောင်စာဆီ ရရှိနိုင်မှုအပေါ် မူတည်ပြီး သီးနှံ စိုက်ပျိုးနေကြပါတယ်။

"‌လယ်သမားတစ်ဦးချင်းနဲ့ လယ်ယာလုပ်ငန်းတစ်ခုချင်းဆီက မိမိတို့နဲ့ သင့်တော်ရာကို မိမိဘာသာ ဆုံးဖြတ်လုပ်ကိုင်သွားကြရတော့မှာပါ" လို့ ဆော့စကီးက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Ukraine could lose half its harvest due to war: minister - AFP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်